Nway Oo Maung
1968ကနေ1993ထိ သူ့ခေတ်သူ့အခါက လူငယ်တစ်ယောက်၏ဘဝဖြတ်သန်းမှုများ၊
လွပ်လပ်ရေးကြိုးပမ်းဆဲကာလနှင့် လွပ်
လပ်ပြီးကာလတွေမှာ၊ လူငယ်တို့ကိုလွှမ်းမိုးခဲ့သော မက်စ်ဝါဒ(သို့)ကွန်မြူနစ်ဝါဒအကြောင်းများ၊ လွတ်လပ်ရေးတိုက်ပွဲတုန်းကအတူတိုက်ခဲ့ကြပြီး၊ လွပ်လပ်ပြီးနောက်ပိုင်း နိုင်ငံရေးအမြင်မတူရာကနေ ဖြာထွက်လာသော ပြည်တွင်းစစ်၊ ရင်ကြားစေ့မရသော နိုင်ငံရေးအမြင်ကွဲလွဲမှုမှသည် ၊ စစ်တပ်ကအာဏာသိမ်းရာမှ အမိမြန်မာပြည်ကြီး အာဏာရှင်ကင်ဆာရောဂါကြီး စတင်အမြစ်တွဲခဲ့ရပုံ။ ဇာတ်သဘင်ခေတ်များအကြောင်း၊ 1968လောက်က မြန်မာ့ပညာရေးအဆင့်တန်း၊ တက္ကသိုလ်
အများအကြောင်း၊ စိုင်းတီးဆိုင် နှင့်စိုင်းခမ်းလိတ် ခိုင်ထူးနှင့် ကိုနေဝင်းတို့ စတင်
နာမည်ကြီးစကာလများ၊ ၂၀ရာစုနှောင်းပိုင်း စာရေးသူ ဖတ်ခဲ့ရသော (ခုခေတ်ထိနာမည်ရ) ဗန်မော်တင်အောင် မြသန်းတင့် ဒဂုန်တာရာ ကြည်အေး ခင်ဆွေဦး နိုင်ဝင်ဆွေ ရွှေဥဒေါင်း မောင်စူးစမ်း နတ်နွယ် စသောစာရေးဆရာကြီးများ၏ စာအုပ်များအကြောင်း၊ နိုင်ငံရေးအမြင် နိုင်ငံရေးလှုပ်ရှားမှုတို့သည် ကိုလိုနီခေတ် ကနေ မျက်မှောတ်ခေတ်ထိ ကျောင်းသားထုက စတင်ပေါက်ဖွါးလာရာဖြစ်သောကြောင့်၊ ဒေသကောလိပ်များစတင်ပေါက်ဖွါးခဲ့ရပုံ မြို့ပြင်
ထုတ်ခံခဲ့ရပုံးများ၊ စာရေးဆရာသည် ကွန်မြူနစ်တယောက်ဖြစ်ခဲ့သောကြောင့် ကွန်မြူနစ်သမိုင်းကြောင်းများ၊ တောခိုခဲ့ရပုံ နှင့် လမ်းစဉ်ကိုမကြိုက်ရာမှ ထွက်ခဲ့ရခြင်းကြောင်းများ၊ အဲ့ဒီခေတ်က ထောင်တွင်းအတွေကြုံများ၊ ထောင်ကထွက်ပြီး အေးအေးချမ်းချမ်းနေရာမှ အာဏာရှင်ကိုတော်လှန်တော်သော ၈၈ဒီမိုကရေစီအရေးတော်ပုံမှာ ပါဝင်ပတ်သက်မှုများ၊ စာအုပ်ထဲမှ ကျွန်တော်အကြိုက်ဆုံးရေးသာဟန်ကတော့ (စာရေးဆရာက စာအတော်ဖတ်ဟန်ရှိ) ဖတ်ပြီးသားစာအုပ်တွေကို သူငယ်ချင်းတွေနှင့် ဆွေးနွေးခန်းတွေပဲ။ အမှတ်ရနေတာလေးရှိသေးတယ် အဒီခေတ်က အမေရိကန် တိုင်းမဂ္ဂဇင်းကဖော်ပြခဲ့သော ကာတွန်းလေးတစ်ပုဒ်ပဲ ၊ကာတွန်းထဲမှာ "တောင်ကြီးတစ်တောင်၏ တဖက်ခြမ်းမှာ လူတွေဟာ ကြိုးစားပြီးတက်နေတဲ့ပုံ တစ်ခြားတစ်ဖက်မှာတော့ မောစီတုန်းက ဆေးလိပ်အန်ခဲ့ပြီးဆင်းလာတဲ့ပုံ၊ ရေးထားသောစာက ဟေကောင်တွေ တက်မနေနဲ့ ဘာမှမရှိဘူး ခုမငါပြန်ဆင်းလာတယ်"လို့ရေးသားထား၏။ဆိုလိုတာက တရုတ်က ကွန်မြူနစ်ဝါဒ ကို စတင်ကျင့်သုံးတဲ့နိုင်ငံတွေထဲမှာပါ တော့ ၊ ထင်သလိုမဟုတ်ဖူးပေါ့ ငါတို့ကျင်းသုံးပြီးပြီ မင်းတိုင့်စမ်းကြည့်မနေနဲ့လို့ပြောချင်တဲ့သဘော။ နောက်အကြိုက်တွေ့တာ တစ်ခုကအဒီခေတ်က ကွန်မြူနစ်တွေ ကျင့်သုံးခဲ့သော ဥပဒေတွင်းတိုက်ပွဲတွေမှာ ကျင့်သုံးလေ့ရှိသော မော်စီတုံး၏ အ သုံးလုံး အဆိုအမိန့်ပဲ။
၁-အကြောင်းအကျိုးရှိရမယ်
၂-အကန့်အသတ်ရှိရမယ်
၃-အကျိုးအမြတ်ရှိမယ်။ဆိုသောအဆို့အမိန့်ပဲ။
လွပ်လပ်ရေးရပြီး ကာလကနေ ၁၉၉၀ထိ မြန်မာ့နိုင်ငံရေးပြောင်းလဲမှုများနှင့် စာပေ ဂီတ ရုပ်ရှပ် ဇာတ်သဘင်တို့၏ ပြောင်းလဲမှုများကို ရုပ်ရှင်ကြည့်သလို တကွက်ခြင်းဖတ်ရမည့်
စာအုပ်ဖြစ်ပါတယ်။ ပ,ဒု,တသုံးတွဲရှိပါသည် မျက်မှောတ်ခေတ်နိုင်ငံရေးနှင့်ယှဉ်ပြီးလေ့လာချင်သူများ ဖတ်သင့်သောစာအုပ်ဖြစ်ပါသည်။
#စာရေးဆရာ ကျော်ဝင်း
#စာအုပ်နာမည် ပျောက်ဆုံးသွားမျိုးဆက်တစ်ခု
https://www.facebook.com/profile.php?id=61565679827833&mibextid=LQQJ4d
Keep Reading