Author's Profile Photo

Charming Yu

26/10/2024

“Only one တစ်ကောင်းတည်းပဲ” written by Ko Jimmy

1 min read
Book Review
Fiction
Career & Job Market

"Only one တစ်ကောင်တည်းပဲ" by Jimmy စာအုပ်ဟာ YouTuber ကိုဂျမ်င်မီ ရေးသားထားတဲ့ ကိုယ်တိုင်ရေးအတ္တုပတ္တိတစ်ခုဖြစ်ပြီး ဘဝမှာကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံများနှင့် မထင်မှတ်ထားတဲ့ စိန်ခေါ်မှုများကို ရေးသားဖော်ပြထားတဲ့ စာအုပ်ဆိုရင်လဲ မမှားပါဘူး။
လူငယ်တွေ လေးစားအားကျရတဲ့ ကိုဂျင်မ်မီဟာ ဒီစာအုပ်လေးမှာဆိုရင် မေးလေ့ရှိတဲ့မေးခွန်းတွေ ၊အားကျနေတဲ့ လူငယ်တွေ သိချင်တဲ့ အဖြေတွေကို သေချာဖြေပေးထားတဲ့ စာအုပ်တစ်အုပ်လို့ ပြောလို့ရတယ်…

ကိုဂျင်မ်မီရဲ့ ခေါင်းစဉ်လေးတွေနဲ့ ပေးချင် ပြောပြချင်တဲ့ မက်ဆေ့လေးတွေက စာဖတ်သူတွေ အတွက် စဉ်းစားစရာ၊ လက်တွေ့ဆန်မှုတွေကို ဖော်ပြပေးနိုင်တယ်…

"တစ်ကောင်တည်းပဲ" စာအုပ်ဟာ ဘယ်လိုမျိုးလဲ?

ကိုဂျင်မ်မီ ဘဝမှာ carrer မျိုးစုံနဲ့ ကြုံတွေ့လာရတဲ့ အတွေ့အကြုံကနေတစ်ဆင့် လက်တွေ့ဆန်ဆန် ဖြစ်လာခဲ့တဲ့ အရာတွေကို ထိထိမိမိနဲ့ မျှဝေထားတယ်လို့ ခံစားမိတယ်…လူငယ်တစ်ယောက်စီတိုင်း ယုံကြည်ချက်အခြေခံပြီး ခိုင်မာတဲ့စိတ်ဓာတ်နဲ့ နေထိုင်ဖို့၊သွားချင်တဲ့လမ်းကြောင်း၊လမ်းရှာနေသူများအတွက် ခွန်အားပေးချင်တဲ့စာအုပ်တစ်အုပ်ဖြစ်တယ် လို့မြင်မိတယ်….personally ပြောရမယ်ဆိုရင် ဒီစာအုပ်ထဲမှာပါတဲ့ ခေါင်းစဉ်အတော်များများကြိုက်မိတယ် Hyper တွေအကြောင်း တိုက်တန်းနစ်အကြောင်း ဆွေးနွေးပြထားတာတွေက တကယ်ကို သဘောကျမိပါရဲ့…

ဒါဆို ဘယ်လိုလူမျိုးတွေ ဖတ်သင့်လဲ၊ဖတ်ဖို့ Recommend လုပ်သလဲ?

YouTuber တစ်ယောက် ကြုံတွေ့ရမဲ့ ပုံစံ၊Seaman တစ်ယောက် ရဲ့ အခက်အခဲ တွေကိုမျှဝေထားတာကြောင့် လမ်းရှာနေတဲ့လူငယ်တွေ၊လမ်းကြောင်းပြောင်းချင်တဲ့ လူငယ်တွေ ဖတ်သင့်တယ်၊ကိုဂျင်မ်မီရဲ့ Fan တွေ၊ လူတွေအကြောင်းစိတ်ဝင်စားပြီး အတ္တုပတ္တိတွေ ဖတ်ရတာ ကြိုက်သူတွေ ရွေးချယ်ဖတ်သင့်တယ်….စာအုပ်ဒီဇိုင်း၊မတူညီတဲ့ အိုင်ဒီယာတွေ၊ အပြင် စတေကာနဲ့ comic card လေးတွေပါပါလို့ အရမ်းသဘောကျ နှစ်သက်မိပါတယ်၊မထူမပါး ကိုယ်တိုင်ရေး အတ္ထုပတ္တိဖြစ်လို့ မငြီးငွေ့သွားဘူး?

လက်ဆောင်ပေးတဲ့အတွက်လဲ ကျေးဇူးအများကြီးတင်ရပါတယ်…Thanks Ko Jimmy &team?

Keep Reading

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ