Author's Profile Photo

Yuķì

26/10/2024

❣️သေဆုံးပြီးနောက် ရှင်သန်ခြင်း တစ်ပိုင်းတစ်စ❣️

2 mins read
Novel
❣️သေဆုံးပြီးနောက် ရှင်သန်ခြင်း တစ်ပိုင်းတစ်စ❣️'s photo

အသံတစ်ခုကို ကြားနေရတယ်။ဘာအသံပါလိမ့်။ အသံဟာ သာယာညိမ့်ညောင်းတယ် ။ဆည်းလည်းသံလိုလို ဒါမှမဟုတ် ဂီတ တူရိယာ တစ်ခုခုကို တီးခတ်နေသလို ။မြူးမြူးလွင်လွင်ညိမ့်ညိမ့် ညောင်းညောင်း လေး။ ပီယာနို သံလား။
စန္ဒယားသံလားမသဲကွဲ။

သို့သော် ထို ဘာမှန်းမသိတော့ သံစဉ်ချိုချိုလွင်လွင်လေးဟာ သူ့ကို နိုးထစေခဲ့တယ်။သူရဲ့ လေးလေးကန်ကန်နိုင်လှတဲ့ မျက်လုံးအစုံတို့ဟာ ဖြည်းညင်းစွာဘဲ ပွင့်ဖွင့်လာကြတယ်။မျက်တောင်လေးတွေက ပုတ်ခတ် ပုတ်ခတ်နဲ့။
ပထမဦးစွာတိုးဝင်လာခဲ့တာက စူးရှတဲ့အလင်းတန်းအနည်းငယ်။ထိုမှသည် သူ၏စိတ်၌ လက်ရှိတဒင်္ကတည်ရှိနေမှု ဖြစ်စဉ် အလုံးစုံကိုအသိသတိတို့ ခိုကပ်စုပေါင်း၍ စူးစမ်းကြတယ်။

သူဟာအသက် 20 ကောင်မလေးတစ်ယောက်။
ဖြူဖြူဖွေးတဲ့ အသားအရေမှာ ပတ်ဝန်းကျင် ရဲ့ မဆိုစလောက် အမှောင်သန်းအရိပ်ထဲမှာ ရှင်းရှင်းထင်းထင်း။ သူမကြောင့်ဘဲ မနက်ခင်းက ပိုမို လင်းရောင်ပီပြင်လာတော့မယောင်။အဲ့ဒီလောက်တော့မဟုတ်သေး။ သို့သော်သူမအသားနုများမှာ ဝင်းဝါ ဖွေးလက် လှပါ၏။မနက်ခင်းကို အလှဆင်မယ့် နတ်မိမယ်တစ်ပါးအလား။စိုထွေးနီရဲ နေတဲ့ နှုတ်ခမ်းနှစ်လွှာဟာ အနည်းငယ်ဖွင့်ဟလို့ မျက်နှာထက် ခိုးငေးချင်စရာ။မျက်ဝန်း၊မျက်ဆံနက်နက်တွေက အရည်လဲ့နေသလိုလို ရွှန်းရွှန်းလက်တဲ့ အကြည့်ရဲရဲတွေ။သူမကိုယ်မှာ ညအိပ်ဝတ်စုံ ဂါဝန်ဖားဖားဖြူဖြူလေးနဲ့။ ဒါဟာ နတ်ဘုရားတစ်ပါး နိုးထလာခြင်းနဲ့ စင်စင်တူပါလိမ့်မယ်။

သူမဟာ မိမိရဲ့ နိုးထမှုဖြစ်စဉ်အဆုံးမှာ ဘေးက မြည်နေတဲ့ ဖုန်းအလန်းသံကို ပိတ်ပစ်ဖို့ လက်ပြင်လိုက်တယ်။အသံဟာတိတ်ဆိတ်သွားခဲ့ပြီ။သူမကို နိုးထစေခဲ့သော သံစဉ်ဟာ ခုတော့ ဆိတ်သုဉ်းလို့သွားပြီပေါ့။နိုးထရခြင်းရဲ့ အကြောင်းအရင်းဟာ ကွယ်ပျောက်ခဲ့လျှင် သေဆုံးရခြင်းကို သူမအဖော်ပြုလိမ့်မလား။ သူမဘဝအတွက် ရှင်သန်နိုးထရခြင်းဟာ အကြောင်းအရင်းများ ခိုင်လုံစွာရှိပါ‌ လေစ။ မနက်ဖြန်မှာလည်း သူမ နိုးထလိမ့်ဦးမယ်။ မနက်ဖြန်တိုင်း မနက်ဖြန်တိုင်းပေါ့။မဆုံးနိုင်တော့ သောမနက်ဖြန်တွေးးးးးး။မနိုးတော့သော ထာဝရအိပ်စက်ခြင်းကို ဘုရားသခင်ထံမှ ဆုလာဘ်အဖြစ် တောင်းဆိုခဲ့မိရင် သဘာဝတရားက သူ့မကိုသက်ညှာနိုင်ပါမည်လား။ အတွေးဂယက်မှာ ရေအလျဉ်စီးတယ်။ ဘဝဟာ မသေချာ မရေရာခြင်း‌ တွေ။အချိန်အားဖြင့် မနက် သုံးနာရီခန့်။ နေရောင်ထွက်ဖို့ မာန်သွင်း‌ နေတဲ့အချိန်သမယ။
‌ပတ်ဝန်းကျင်က ယုန် ကြောင် မသဲကွဲသေး။လူသံ သူသံ မကြားရပါ။တိတ်ဆိတ်ခြင်းဟာ တစ္ဆေတစ်ကောင်ကြီးစိုးသသည့်အလား။ ခပ်တိုးတိုး အသံတစ်ချို့တော့ ကြားရပါရဲ့။လေတိုက်သံလည်းဖြစ်နိုင်တယ်။ လေတိုးလို့ ပင်ချင်း ယှက်နွယ်တာလည်းဖြစ်မယ်။ တိရစ္ဆာန်တစ်ကောင် လှုပ်ရှားသံလည်းဖြစ်နိုင်တယ်။သူမဟာ အိပ်ခန်းရဲ့ ပြတင်းတံခါးဆီ ဦးတည်လျှောက်လှမ်းလာတယ်။ခြေဖဝါးနုနဲ့ အုတ်ကြွေခင်း ပြင်ညီဟာ ထိလျှင်ထိချင်း အေးစက်မှုအလုံးအရင်းကိုခံစားရတယ်။ ဒီခံစားမှုအတွက် သူမမျက်နှာဟာ အပြောင်းအလဲကိုမပြ။ ဘာမှမဖြစ်သလိုမျိုး တစ်လှမ်းချင်း ရွေ့တယ်။ပြတင်းတံခါးကို တွန်းဖွင့်လိုက်သံ။လေအေးဟာ အရှိန်ပြင်းပြင်း မျက်နှာကိုဝင်ဆောင့်တယ်။သူမဒေါသမထွက်ပါ။သူမဟာ ဘာဆိုဘာမှမဖြစ်ပါ။ ပြတင်းတံခါးဘေး ထိုင် ခုံထက်မှာ အေးဆေးစွာဘဲ သူမဝင်ထိုင်လိုက်တယ်။ငြိမ်သက်ခြင်းဆီသို့းးးးး။

မှောင် တစ်လီ လင်းတစ်မှည့်မနက်ခင်း ။ပြင်ပမြင်ကွင်းဟာမပီပပြင် ဝိုးတဝါး။ သူမကတော့ ငူငူငိုင်ငိုင်။ တစ်ယောက်တည်း ဖြစ်နေပါရော့လား။ ယခုလောလောဆယ်တော့ အိမ်ကလေးတွင် သူမတစ်ယောက်တည်းသာ ။ဆွေးဆွေးမြည့်မြည့် နိုင်လှတဲ့ ဝမ်းနည်းရိပ် ဆွေသန်း အငေးအငေါ့တွေဟာ တွေဝေမိန်းမောတုံ့ဆိုင်းလို့။ အသက်ရှူနေတာက လွဲရင် သူမဟာ အလောင်းကောင်ကြီးအတိုင်း ။
ခံစား‌ချက်တွေ ဆိတ်သုဉ်းခဲ့သလိုမျိုး။အပြုံးအရီ မတည်တဲ့ မျက်နှာထက်မှ ရေတစ်ပေါက်စီးတယ်။မိုးရေလား?? အို းးးး မဟုတ်။မိုးရေ မဟုတ်။ မျက်ရည်။သူမငို နေတာပါလား။ တိတ်ဆိတ်စွာ ငိုကြွေးတတ်သော မိန်းမငယ်လေးတစ်ယောက်မှာ
ဘလို ဒဏ်ရာမုန်တိုင်းတွေများ ရှိခဲ့ဖူးပါလိမ့်းးး
ကောင်မလေးရေးးးးးမနက်ခင်းရဲ့ လေနုအေးမှာမျက်ရည်နဲ့ နှုတ်ဆက်ရသလား။ဘဝဟာ ပုံပြင်ဆန်လွန်းတယ်။အတိတ်ဟာ မင်းရဲ့ မရဏ‌သေပွဲ လား။

ဆက်ရန်းးးးးးးးး1


Yuķì #
ချစ်သေားးးး

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးမေတ္တာမဏ္ဍိုင်မျက်နှာကို တော်တော်တည် ထားသည်ပျင်းတာနဲ့ အချိန်ဆွဲတဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ ရှန်ဂရီလာ"သည်မိုး"တစ်ကျွန်းစံ၏အပြန်လမ်းအကြီးအကဲ" စကားလက်ဆောင် ( ၁၀၀ )"အဆိပ်