Author's Profile Photo

Thet Naing Aung

25/10/2024

? ရောင့်ရဲခြင်းအနုပညာ-ထက်ထက်တင်ဇာ

1 min read
Book Review
? ရောင့်ရဲခြင်းအနုပညာ-ထက်ထက်တင်ဇာ's photo

? Minimalism နဲ့ပတ်သတ်ပြီး ဖတ်ဖူးတာ ဒီစာအုပ်နဲ့ဆိုရင် ဒုတိယမြောက်အုပ်ပါ ။ ပထမဖတ်ခဲ့ဖူးတာက ဒေါက်တာဖြိုးသီဟ ရဲ့ " ဗုဒ္ဓအလိုကျ " ( Minimalism) စာအုပ်ပါ။ ဆရာကတော့ ဗုဒ္ဓအလိုကျလို့ ခေါင်းစဉ်တပ်ခဲ့ပေမယ့် minimalism ဆိုတာ ဘဝကို ရောင့်ရဲစွာနှင့်ရိုးရှင်းစွာနေထိုင်ခြင်း လို့ အဓိပ္ပာယ်ဖော်ရပါမယ်။ ဆရာကတော့ ဘာသာရေးပေါ်အခြေခံပြီး ရေးဖွဲ့ထားတာကြောင့် ဗုဒ္ဓအလိုကျလို့ ခေါင်းစဉ်တပ်ခဲ့ပုံရပါတယ်။ ဗုဒ္ဓအလိုကျဆိုပေမယ့် လူတိုင်းဟာ ဘဝတခုမှာရှင်သန်ရပ်တည်နေထိုင်ရတာဖို့ လူတိုင်းဖတ်သင့်တယ်လို့မြင်ခဲ့မိပါတယ်။

? ဆရာမထက်ထက်တင်ဇာ ဘာသာပြန်တဲ့ " ရောင့်ရဲခြင်းအနုပညာ " ဟာလည်း ကျနော်တို့ဘဝတွေအတွက် ၊ ရှင်သန်နေရတဲ့နေ့ရက်တွေအတွက် ဘယ်လောက်ထိအကျိူးရှိနိုင်မလဲဆိုတာ ဖတ်ကြည့်သင့်တယ်လို့ ယူဆမိတဲ့အတွက် ဖတ်ဖို့ရွေးခြယ်ခဲ့ရပါတယ်။

? သေးငယ်တဲ့ အလေ့အကျင့်လေးတွေနဲ့ အကောင်းဆုံးဆိုတဲ့ တစ်ကိုယ်ရေစံနှုန်းတွေက ဘဝမှာ တခြားအရာတွေအားလုံးကို ဘယ်လောက်ကောင်းကောင်း လုပ်ဆောင်တတ်သလဲဆိုတာကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။ (စာ-၈)

? အိမ်ထဲမှာရှိနေပြီး မလိုအပ်ပဲ သိမ်းဆည်းထားမိတဲ့ပစ္စည်းတွေဆိုတာ အိမ်တိုင်းမှာ အမှိုက်တွေလို ရှိနေတတ်ပါတယ်။ ဒါကြောင့် ပစ္စည်းတွေကို ဘယ်လိုပုံစံမျိုးနဲ့ စနစ်တကျထားရှိပြီး မလိုအပ်တာတွေ ဖယ်ထုတ်ရှင်းလင်းရမလဲဆိုတာ တဆင့်ခြင်းပြောပြပေးထားတာ ဖတ်ရှု့ရမှာပါ။

?တကယ်မလိုအပ်တဲ့အရာတွေကို ဝယ်နေတတ်တဲ့ မကောင်းတဲ့ အလေ့အကျင့်တွေ ရှိနေတာက ပြဿနာရဲ့အပိုင်းတစ်ခုပါပဲ။(စာ-၂၂)

? ရောင့်ရဲတဲ့နေထိုင်မှုကို လိုလားသူတယောက်အနေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ကိုယ့်အတွက်အကျိုးမရှိတဲ့သူတွေ၊ ကိုယ့်အကျိုးစီးပွါးကို မလိုလားတတ်သူတွေက်ိုလည်း ဖယ်ထုတ်နိုင်ဖို့လိုပါတယ်။ ခင်မင်ရင်းနှီးမှုရဲ့ အဓိကရည်မှန်းချက်က တဦးအပေါ်တဦးခွန်အားပေးဖို့ပါ။ အချင်းချင်း စိတ်လျော့အောင်လုပ်ဖို့ မဟုတ်ပါဘူး။ မိတ်ဆွေသူငယ်ချင်းဆိုတာ ဘဝမှာ နောက်တဆင့်တက်ဖို့ ကူညီပေးသင့်တာပါ၊ ပျက်စီးအောင်လုပ်ရတာမဟုတ်ပါဘူး။

? မကောင်းတဲ့သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ အကောင်းဆုံးဘဝမှာ နေထိုင်ပြီး ကောင်းတဲ့လူတစ်ယောက် ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။(စာ-၁၁၄)

?ကျနော်တို့ရဲ့စိတ်တွေ၊ အတွေးတွေ ၊ အာရုံတွေမှာ မလိုအပ်တဲ့စိတ်ခံစားချက်တွေဆိုတာ ငြိတွယ်နေတတ်ပါတယ်။ ဒါကြောင့် မလိုအပ်တဲ့အတွေးတွေက််ို ရှင်းလင်းပစ်မှ စင်ကြယ်သန့်စင်ပြီး အေးချမ်းပျော်ရွှင်မှာကိုရရှိစေမှာပါ ။

?မကောင်းတာတွေကို အာရုံစိုက်မယ့်အစား ကောင်းတာတွေကို အာရုံစိုက်တာက ဘဝကို အကောင်းတွေအများကြီး ယူဆောင်လာပေးမယ်ဆိုတာ ပြောနိုင်ပါတယ်။(စာ-၁၃၁)

?ကျနော်တို့ရဲ့ တနေ့တာအချိန်ကို ဘယ်လိုအကျိုးရှိအောင်အသုံးချသင့်သလဲ၊ မလိုလားအပ်ပဲ ကုန်ဆုံးသွားရတဲ့အချိန်တွေမရှိအောင် ဘယ်လိုစီမံခန့်ခွဲသင့်လဲဆိုတာကိုလည်း အချက်လက်များနဲ့တကွ ဖော်ပြထားတာ ဖတ်ရမှာပါ။ နမူနာအနေနဲ့ ဆာရစ်ချက်ဘရန်ဆန်(Virgin Group ကော်ပ်ိုရေးရှင်းတည်ထောင်သူ ) ၊ ဘီလ်ဂိတ်စ် ( Microsoft တည်ထောင်သူ ) ၊ အီလွန်မတ်စ် ( Neuralink နဲ့ Tesla CEO ) ၊ ဝါရင်းဘတ်ဖက်(အအောင်မြင်ဆုံးရင်နှီးမြှုပ်နှံသူ ) တို့ရဲ့ တနေ့တာအချိန်ကို ဘယ်လိုစနစ်တကျစီမံပြီး သုံးထားလဲဆိုတာကို ဥပမာပေးပြီး ဖော်ပြသွားပါတယ်။

? အချိန်သည်လူကိုမစောင့်ပါ ၊ အချိန်ဆွဲတယ်ဆိုတာ ဘဝမှာ ရှေ့မရောက်အောင် တားမြစ်ထားတဲ့ အစွမ်းရှိ အင်မတန်ပျက်စီးစေတဲ့ အားတစ်ခုပါပဲ။ (စာ-၁၆၃)

? အချုပ်ဆိုရရင်တော့ ဒီစာအုပ်မှာပါတဲ့ လမ်းညွှန်မှူတွေကို လိုက်လံကျင့်သုံးနေထိုင်ရင်ဖြင့် အကျိုးရှိစေမှာမလွဲပါဘူး ။ လိုက်လံကျင့်သုံးရမယ့် လမ်းစဉ်တွေဟာလည်း ခက်ခက်ခဲခဲထွေထွေထူးထူးတွေမဟုတ်ပါဘူး။ နေ့စဉ်ကိုယ်လုပ်ကိုင်နေရတဲ့ အရာပါပဲ။ အဲဒီအရာတွေကို စည်းစနစ်တကျ လိုက်နာကျင့်သုံး လုပ်ကိုင်သွားဖို့ပါပဲ။

? ရောင့်ရဲခြင်းအနုပညာ
✍️ ထက်ထက်တင်ဇာ
? ဇာတိမြေစာပေ
?️ ပထမအကြိမ် ၊ စက်တင်ဘာလ 2024
? စာမျက်နှာ - 173

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ