Author's Profile Photo

Yuķì

24/10/2024

❣️ကိုကို့ ကို မချစ်ဘူး❣️

1 min read
Entertainment
❣️ကိုကို့ ကို မချစ်ဘူး❣️'s photo

သူအနားရောက်လာတိုင်းရင်ခုန်မှု တစ်မျိုးကိုခံစားရတယ်။
သူ့အနားမှာရှိနေခွင့်ရရင် စိတ်ထဲအလိုလို ပျော်ရွှင်ကျေနပ်နေခဲ့တယ်။
သူ့ရဲ့မျက်ဝန်းထဲမှာ ကိုဟာ အလှပဆုံးနတ်သမီးလေးသာဖြစ်ချင်ခဲ့တယ်။
ကို့ကမ္ဘာမှာ ပန်းတွေပွင့်ခဲ့ရင် သူ့ကမ္ဘာမှာ ရနံ့ထုံစေချင်တယ်။
ကို့ကမ္ဘာမှာ အလင်းပျောက် ခဲ့ရင်တောင် သူ့ကမ္ဘာအတွက် ကိုကနေတစ်စင်း ဖြစ်လိုက်ဦးမယ်။
လမင်းကိုမချူပါနဲ့ချစ်သေားးးးး။မင်းအတွက်ဆိုရင်ကိုယ်တိုင်လလို ဝင်းလို့ မင်းခြေရင်း ချွေးသိပ်ပါ့မယ်။
ရေကိုလို တောင်းသလား။အချစ်ကိုလို မင်းဆိုသလား။ မင်းအတွက်ပေးနိုင်တဲ့ ကို့ရဲ့အရာရာဟာ
မင်းတစ်ယောက်သာ ဝါးမြိုပါလေ။
နေခြည်လိုနွေး ပန်းလိုမွှေးဖို့ မင်းအတွက်ဆို ကိုဟာ အိုအေစစ်လေးဖြစ်ပါရစေ။
ကန္တာရလမ်း မင်းသွားလည်း သခင်အပါး ကျွန်ယုံလေးလို ကိုကာမိုးပါ့မယ်။အချစ်အတွက် အသက်နဲ့ထပ်ခဲ့တယ်။
မင်းမျက်နှာမှာအပြုံးပန်းဝေရင် ကို့နှလုံး ရွှင်ရပါတယ်။
မလို၍မုန်း ကို့ကိုငြိုးလည်း မေတ္တာဟာအစစ်မို့ ကို့မှာ မျက်နှာတောင်မညိုပါလေ။
မင်းရဲ့ရင့်ကျက်လာမှုကို စောင့်ကြည့်ခွင့်ရတာဟာ ကို့ဘဝရဲ့ ကံကောင်းခြင်းပါဘဲ။
လူကြီးဆန်ဆန်ကြီးပြင်းလာတဲ့မင်းဟာ ကို့ရဲ့ အကိုဝမ်းကွဲတစ်ယောက်သာဖြစ်ခဲ့တယ်။
မင်းအနားမှာ ဖြူစင်တဲ့ညီမငယ်တစ်ယောက်လို ကိုပြုံးနေခဲ့တယ်။မင်းအပါးမှာ မင်းရဲ့ ရင်ဖွင့်စကားကို နားလည်ဖို့ ကိုလူကြီးဆန်တတ်ခဲ့တယ်။မင်းသွားရာလိုက်ပါတတ်တဲ့ ဂျစ်ကန်ကန် ညီမလေးဖြစ်ခဲ့တယ်။
ခုတော့းးးး
မင်းချစ်တဲ့ ကောင်မလေးကို စောင့်ကြည့်အကဲခတ်နေတဲ့ ကောင်မလေးတစ်ယောက်ဖြစ်နေခဲ့ပြီ။
မင်းအတွက် အစစအရာရာအဆင်ပြေပါစေကြောင်း ဘုရားရှိခိုးတိုင်းမေတ္တာပို့သသူဟာကိုပေါ့။
အချစ်ကို မသိခင်ကတည်းက ချစ်သူကို ချစ်ခဲ့ပါတယ်။ဒါကို အချစ်လို့ ကိုအမည်မတပ်ပါ။
ကို့နှလုံးသားရဲ့ စကားသံကို မင်းကြားနိုင်တဲ့တစ်နေ့ မင်းကဘာသာပြန်ပေးပါ။
အဲ့ဒီအချိန်ဟာ နောက်ဘဝလို့တော့ ကို မျှော်လင့်ချင်ပါရဲ့။မင်းအရင် အိမ်ထောင်ပြုပါ။ ကိုက အငယ်မို့ နောက်မှ အိမ်ထောင်ပြုပါ့မယ်။ဒီချိန်မှာ မင်းမဟုတ်တဲ့ တခြားလူ ကို့ရင်ထဲဝင်ဖို့ရာ ခြွင်းချက်ဖြစ်နေခဲ့တယ်။
ဖြူစင်တဲ့ အချစ်ကို ကို အရောင်မဆိုးခဲ့တာဟာ သစ္စာပါ။

Yuki#
❣️



Keep Reading

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewစာအုပ်လား ရုပ်ရှင်လားချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 19ထိတ်လန့်ဖွယ်ရာ သာပေါင်းရွာမမေ့နဲ့ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 20ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 27ဘေးကင်းကြပါစေအနုပညာဆိုတာ?