Author's Profile Photo

သော်ထက်ဇင်

22/10/2024

စကားဆိုတာ

1 min read
General Knowledge
စကားဆိုတာ's photo

စကားဆိုတာ
အချိန်အခါနဲ့ အခြေအနေကို
ကြည့်ပြီး ပြောရတယ်။

မသင့်လျော်တဲ့ အချိန်
မသင့်တော်််တဲ့ အခြေအနေမှာ
ပြောမိတဲ့စကားက

လူကြားထဲ ဖိနပ်ချွတ်ပြီး
ပါးကို ဖြတ်ရိုက်သလိုပဲ။

အဲဒီလို အချိန်အခါနဲ့
အခြေအနေကို သိရအောင်
သတင်းကို မျက်ခြေမပြတ်ဖို့လည်း လိုတယ်။

လူကြားထဲမှာနေရင်
ကိုယ့်ပတ်လည်မှာ
ဘာတွေဖြစ်ပျက်နေလဲဆိုတာ
မျက်ခြေပြတ်လို့ မရဘူး။

အချိန်မကုန်ချင်လို့ဆိုပြီး
သတင်းမှန်သမျှ Block ထားရင်
မသင့်တော်တဲ့ စကားကို ပြောမိမှာပဲ။

အဲဒီလိုပြောမိရင်တော့
လူမုန်းများလိမ့်မယ်။

တချို့က ပြောပါလိမ့်မယ်။
သူတို့ဘာသာမုန်းတာ
ငါနဲ့ ဘာဆိုင်လဲ
ဘာသောက်ဂရုစိုက်စရာလိုလို့လဲ

အဲဒီလိုလူတွေအတွက်ကတော့
ရန်သူကိုနည်းစေ
မိတ်ဆွေကိုများစေဆိုတဲ့စကားကို
မကြားဖူးဘူးလားလို့ပဲ ပြန်မေးချင်ပါတယ်။

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)Personal Finance Levelsရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။ ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ငွေမစုတဲ့ သူဌေးများ