Author's Profile Photo

MoeKyaw

21/10/2024

ပျော်ရွှင်ခြင်း

1 min read
Personal Development
Poetry
Creative

ကိုယ့်စိတ်ကို နားလည်ပေးနိုင်တဲ့ သူနဲ့
စကားတွေ ပြောချင်တယ်။

အပြန်အလှန် သာတူညီမျှ ရှိမယ့်
ချစ်ခြင်း မေတ္တာကို ပိုင်ဆိုင်ချင်တယ်။

တစ်ယောက်နဲ့ တစ်ယောက်
ကံတရားက ဆုံတွေ့ခွင့် ပေးတဲ့အခါ
ပျော်ရွှင်ခြင်းဆီကိုပဲ လမ်းညွှန်စေချင်တယ်။

စိတ်တူ ကိုယ်တူ ထပ်တူကျတဲ့ သူနဲ့
အနာဂတ်အကြောင်းတွေ ပြောချင်တယ်။

စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်းတွေ
ကင်းတဲ့ ပတ်ဝန်းကျင်မှာ အခြေချချင်တယ်။

စာအုပ်တွေ ဖတ်ပြီး ဗဟုသုတတွေကို
ဦးနှောက်မှတ်ဉာဏ်ထဲမှာ စုထားချင်တယ်။

ကိုယ့်ဆန္ဒကို ကိုယ်တိုင် ဖြည့်ဆည်း နိုင်တဲ့
အလုပ်တစ်ခုနဲ့ ခွန်အား ရှိချင်တယ်။

ကိုယ်လက်လှမ်းမီ သလောက်
လူအများကို အကူအညီပေး ချင်တယ်။

ဘယ်ခေတ် ဘယ်ရာသီပဲ ရောက်ရောက်
ငြိမ်းချမ်းရေး ပန်း တွေ ဖူးပွင့် စေချင်တယ်။

နေထွက် နေဝင် မြင်ရတဲ့ အရပ်မှာ
နွေးထွေးတဲ့ အိမ်လေးတစ်လုံး ဆောက်ပြီး
ပျော်ရွှင်ခြင်း တွေကို မျှဝေခံစား ချင်တယ်။

ကိုယ့်နှလုံးသားကို ~~
နောက်ထပ် ခြစ်ရာ ရှရာ မရှိအောင်
သေချာဂရုစိုက်ပြီး ဘဝကို ရှင်သန်ချင်တယ်။

တစ်နေ့နေ့ ကျရင် ~ ~
နှစ်ကာလရဲ့ နောက်ဆုံး လက်ဆောင်ဟာ
” ပျော်ရွှင်ခြင်း ” ပဲ ဖြစ် စေ ချင် တယ် ♥ ? ။

Keep Reading

တန်ဆေးလွန်ဘေးစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အချိန်ဆွဲတဲ့အကျင့်ဆိုးအာရုံစူးစိုက်မှုအင်တာနက်နဲ့ လူနေမှုဘဝ Cambridge English Examလိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"