Author's Profile Photo

Htet Htet Hlaing Aung

17/10/2024

အေးချမ်းတဲ့ရပ်ဝန်းလေးတွေရှာကြည့်ကြရအောင်....

1 min read
အေးချမ်းတဲ့ရပ်ဝန်းလေးတွေရှာကြည့်ကြရအောင်....'s photo


တစ်ခါတစ်ရံမှာငါတို့ခင်မင်တဲ့လူတွေကြောင့်
မိတ်ဆွေတွေ၊သူငယ်ချင်းတွေကြောင့်
မိသားစုတွေကြောင့်၊ပတ်ဝန်းကျင်ကြောင့်ဆိုပြီး
စိတ်ပင်ပန်းရတဲ့အချိန်တွေရှိကြတယ်မလား?

အဲ့လိုအချိန်မျိုးဆိုရင် ဘာအလုပ်မှလုပ်ချင်စိတ်
မရှိတော့ဘဲ တစ်ချိန်လုံးအဲ့အကြောင်းတွေချည်းပဲ
တွေးနေမိတတ်ကြတယ်။

အဲ့တာတစ်ဦးတစ်ယောက်ထဲမှမဟုတ်ဘူး။
ငါတို့အားလုံးပဲ။

ငါဒီလောက်ထိကောင်းပေးခဲ့ရဲ့သားနဲ့
သူဘာလို့အဲ့လိုပြောရတာလဲ။
ငါဒီလောက်ထိကြိုးစားခဲ့ရဲ့သားနဲ့
သူဘာလို့အဲ့လိုပြောရတာလဲ။
ငါဒီလောက်အနစ်နာခံပေးခဲ့ရဲ့သားနဲ့
သူတို့ဘာလို့အဲ့လိုပြောရတာလဲ။

တကယ်တော့ ကိုယ်ဘယ်လောက်ထိကောင်းပေးခဲ့‌ပါစေ သူတို့စိတ်ထဲတစ်ခုခု ဘဝင်မကျအောင်လုပ်မိခဲ့ရင်ပြောကြမှာပဲ။

ကိုယ်ကတော့ကောင်းမယ်ထင်လို့ပြောပြလိုက်လုပ်ပေးလိုက်ပေမယ့်သူတို့ကကြိုက်ချင်မှကြိုက်ကြမှာလေ။

အဲ့တော့သူတို့ကိုယ့်ကိုပြောတာတွေကိုလိုက်ခံစားနေမယ့်အစား ဪ...သူမကြိုက်ရင်ငါနောက်မပြောပဲနေလိုက်မယ်၊လုပ်မပေးပဲနေလိုက်မယ်လေ
ဆိုတဲ့အတွေးမျိုးလေးပဲတွေးလိုက်။

ဘာလို့သဘောမကျတာလဲ၊မကြိုက်တာလဲဆိုပြီးရှည်ရှည်ဝေးဝေးတွေလိုက်စဉ်းစားမနေကြရင်
စိတ်ပင်ပန်းတာပေါ့။

အဲ့ဒီအစားလျစ်လျူရှုလိုက်။ ဥပက္ခာပြုလိုက်။
အတွေးတွေများနေမယ့်အစားကိုယ့်ကိုကိုယ်အချိန်ပေးလိုက်။ကိုယ်သဘောကျတဲ့အရာလေးတွေလုပ်နေလိုက်။

ဟင်းချက်တာဖြစ်ဖြစ်၊စာဖတ်တာဖြစ်ဖြစ်၊
သီချင်းနားထောင်တာဖြစ်ဖြစ်၊ movie ကြည့်တာဖြစ်ဖြစ်။အို...အစုံပါပဲ ကိုယ်သဘောကျတဲ့အရာလေးတွေလုပ်နေရင်း စိတ်အေးချမ်းအောင်ဖန်တီးလို့ရတယ်။

ငါတို့ရဲ့စိတ်ကလေးအေးချမ်းနေအောင် ငါတို့ပဲလုပ်နိုင်မှာမလား.....?

#htethtethlaingaung

Keep Reading