Author's Profile Photo

M Min Nyo

17/10/2024

Be silent (တိတ်တိတ်ကလေးနေပါ)

1 min read
Personal Development
General Knowledge
Be silent (တိတ်တိတ်ကလေးနေပါ)'s photo

တစ်ခါတလေ ဖြစ်ချင်တာတွေ မဖြစ်ရတဲ့အခါ
ကျွန်တော်တို့ စိတ်သောကဖြစ်ကြရတယ်။

  အဖြစ်နဲ့အပျက် ဒွန်တွဲနေတဲ့ လောကသဘာဝထဲမှာ ဇွတ်အတင်းလုပ်ယူတိုင်း မရနိုင်တာတွေ အများကြီးပါ။ တချို့အချိန်မျိုးမှာ သည်းခံခြင်းတရားကို အသုံးချလိုက်တာက ပိုပြီးသက်သာစေပါတယ်။

  အခုပြောပြမယ့် အခြေနေ (3)-မျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ တိတ်ဆိတ်ငြိမ်သက်စွာနေလိုက်ခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်တယ်။

(1) Be silent when you are angry.

"သင် ဒေါသဖြစ်နေတဲ့အခါ တိတ်တိတ်ကလေးနေပါ"

ဟုတ်ပါတယ်။ ဒေါသစိတ်နဲ့လုပ်ဖြစ်တဲ့အခါ အမှားများတတ်ပါတယ်။ မဖြစ်သင့်တာတွေလည်း ဖြစ်တတ်ပါတယ်။ တဒင်္ဂဖြစ်လာတဲ့ဒေါသစိတ်​ကို မထိန်းနိုင်တဲ့အတွက် မရောက်သင့်တဲ့နေရာတွေ ရောက်ကြရပါတယ်။ ဒါကြောင့် ဒေါသဖြစ်နေတဲ့အချိန်မှာ တိတ်ဆိတ်စွာနေခြင်းက အကောင်းဆုံးပါ။ ဒေါသစိတ် အရမ်းလွန်ကဲတတ်သူမျိုးဖြစ်နေရင်တော့ "အသုဘကမ္မဌာန်း" စီးဖြန်းသင့်ပါတယ်။ တရားထိုင်ခြင်းက စိတ်ရဲ့ငြိမ်းအေးမှုကို ရစေပါလိမ့်မယ်။

(2) Be silent when people do not value your words

"သင့်ရဲ့စကားတွေကို လူတွေက အလေးမထား၊ အာရုံမစိုက်တဲ့အခါ တိတ်တိတ်ကလေးနေပါ"

  တချို့အချိန်တွေမှာ ကိုယ်ပြောတဲ့စကားတွေ မအောင်မြင်တာမျိုး ကြုံဖူးကြမှာပါ။ သာမာန်စကားဝိုင်းမှာဖြစ်ဖြစ်၊ ဆွေးနွေးမှုပြုကြတဲ့အခါမှာ ဖြစ်ဖြစ် ကိုယ်ပြောလိုက်တဲ့စကားကို နားမဝင်ကြတာမျိုးပေါ့။ အဲ့ဒီအခြေနေမျိုးကြုံရတဲ့အခါ ဘာမှမပြောပဲငြိမ်နေလိုက်တာ အကောင်းဆုံးပါပဲ။ ငါ့စကား နွားရဆိုသလို ပြောခွင့်ရရင်ပြီးရော ပြောချလိုက်ရင်လည်း၊ ကိုယ်ပေးချင်တာ ကိုယ်ဆိုလိုချင်တာကို ရကြမှာ မဟုတ်ပါဘူး။ တိတ်ဆိတ်စွာနေရင်း အခွင့်အခါကောင်းကိုသာ စောင့်ပါ။

(3) Be silent when you want to listen to people

" လူတွေရဲ့စကားသံကို နားထောင်ချင်တဲ့အခါ တိတ်တိတ်ကလေးနေပါ"

နားထောင်ကောင်းတဲ့လူတစ်ယောက်ဟာ အရာရာကို လွယ်လင့်တကူတတ်မြောက်နိုင်သူဖြစ်တယ်။ ကိုယ့်ရဲ့ပြောစကားတွေကို ဂရုတစိုက်နားထောင်ပေးမယ့်လူမျိုးကို လူတိုင်းက လိုချင်ကြတယ်။ ဒါကြောင့် တစ်ယောက်ယောက်က ရင်ဖွင့်တဲ့အခါ၊ ဆွေးနွေးတိုင်ပင်တဲ့အခါ၊ အကျိုးအကြောင်း ပြောပြလာတဲ့အခါ သေချာဂရုစိုက်ပြီး နားထောင်ပါ။ အာရုံစိုက်နားထောင်ပေးတတ်ခြင်းဟာလည်း လူတွေကို အလေးထားခြင်းတစ်မျိုးပါပဲ။ နားထောင်တတ်သူ ဖြစ်ပါစေ။

"စိတ်သွားတိုင်းကိုယ်ပါလို့ လိုရာရနိုင်ကြပါစေ"

#KnowledgeSharing
#MMinNyo

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတဇောက်ကန်းသမားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်လိုတာထက် မပိုပါနဲ့စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်သုံး (၆-၁၀)