Author's Profile Photo

Khinnie (ခင်နီ)

16/10/2024

ဘာဖြစ်လို့စာဖတ်ဖို့အချိန်မရှိကြတာလဲ?

1 min read
Personal Development
General Knowledge
18 Again
ဘာဖြစ်လို့စာဖတ်ဖို့အချိန်မရှိကြတာလဲ?'s photo


ခင်နီ ဒီဆောင်းပါးလေးကို ရေးတဲ့ရည်ရွယ်ချက်က စာအုပ်တွေ၀ယ်ထားပေမဲ့ မအားလို့ မဖတ်ဖြစ်ဘူးလို့ ပြောကြတဲ့သူလေးတွေအတွက်ဖြစ်ပါတယ်။

ဒီခေါင်းစဉ်လေးနဲ့ ပတ်သက်ပြီး ခင်နီဖတ်ဖူးတဲ့ ဖြစ်ရပ်မှန်လေးတစ်ခုကို အရင်ပြောပြချင်ပါတယ်။(စာအုပ်နာမည်တော့မမှတ်မိတော့ပါဘူး)

အဲ့ဒီဖြစ်ရပ်မှန်လေးကဆိုရင် အရမ်းအလုပ်များတဲ့ ကောင်းလေးတစ်ယောက်အကြောင်းကို အခြေခံပြီး ရေးသားထားတာပါ။သူ့မှာဘယ်လောက်တောင်အလုပ်များလည်းဆိုရင် မနက် ၅ နာရီထ၊အလုပ်သွား၊ပြန်လာ၊အလုပ်ကစာရင်းဇယားတွေလုပ်၊ပြီးရင်အိပ် အဲဒီလိုနဲ့ဘဲ တစ်နေ့တာကိုလည်ပတ်နေရတာ။တစ်ခါတလေအလုပ်များတာ ထမင်းစားဖို့တောင်အချိန်ကိုမနည်းလုနေရတယ်။

ဒါပေမဲ့သူစာဖတ်ဖို့ အမြဲစဉ်းစားတယ်။စဉ်းစားလိုက်တိုင်းလည်း စက်ရုပ်တစ်ရုပ်လို အလုပ်လုပ်နေရတဲ့ သူ့အတွက် ဦးနှောက်ကြပ်ရမြဲဘဲ။အဲ့ဒါနဲ့ သူအကြံတစ်ခုထုတ်လိုက်တယ်။သူ့အိမ်ကနေအလုပ်ကိုသွားဖို့ ဘက်စ်ကား နှစ်နာရီစီးရတယ်။အဲ့ဒီနှစ်နာရီလုံးလုံး ထိုင်နေရတဲ့အတူတူ စာဖတ်မယ်လို့သူကြံလိုက်တယ်။

ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ သူဖတ်တဲ့စာအုပ်ကြီးတွေကတစ်အုပ်တစ်အုပ်ကို တစ်ပိဿာလောက်ရှိတော့ ဘက်စ်ကားပေါ်သယ်သွားဖို့ ဘယ်လိုမှအဆင်ပြေမနေဘူး။

အဲ့ဒါနဲ့သူဘယ်လိုလုပ်လဲဆိုတော့ သူဖတ်ချင်တဲ့စာအုပ်ကစာရွက်တွေကို ဖြုတ်ဖြုတ်ပြီး ဘက်စ်ကားပေါ်မှာဖတ်တယ်။တကယ်တော့သူဟာ အရင်ကစာအုပ်တွေကို အရမ်းရိုသေတဲ့သူပါ။ ဖြဲ၊ဆုတ်ဖို့ နေနေသာသာ စာရွက်လေးခေါက်အောင်တောင်မလုပ်ခဲ့ပါဘူး။ဒါပေမဲ့ သူအရမ်းစာဖတ်ချင်နေတဲ့အတွက် နည်းလမ်းရှာလိုက်တာပါ။

အဲ့တာဆိုရင် စာဖတ်ရဖို့အတွက် သူ့လိုမျိုး စာရွက်တွေလိုက်ဖြဲနေရမှာလား??


မဟုတ်ပါဘူး။ဒီဖြစ်ရပ်မှန်လေးကို ဖော်ပြရတဲ့ အဓိကရည်ရွယ်ချက်က တကယ်သာ ကိုယ်ကစာဖတ်ချင်ရင် ဘယ်လောက်ပဲ မအားနေပါစေ မရရအောင် ဖတ်ကြမှာပါ။

ပြီးတော့ ခင်နီ ပြောချင်တာတစ်ခုက စာအုပ်တစ်အုပ်ကို ဖတ်ချင်နေတယ်ဆိုရင် အခုဘဲကောက်ဖတ်လိုက်ပါ။ပြီးရင် လက်ကမချချင်ဘဲဖြစ်သွားပါလိမ့်မယ်။

ဖတ်ရှုပေးသူတိုင်းအား ကျေးဇူးတင်လျက်
ခင်နီ
16/10/2024



Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်