Author's Profile Photo

သိုက်စံထွန်း

16/10/2024

"စေ့စပ်ညှိနှိုင်းခြင်း"

1 min read
Personal Development
General Knowledge
Leadership

#ကော်ဖီတော်ကီ ☕???☕

ကမ္ဘာကြီးကို ကယ်တင်ဖို့ပဲ ဖြစ်စေ ???
ချစ်သူနဲ့ အဆင်ပြေဖို့ပဲ ဖြစ်စေ ?????
အရောင်းအဝယ်တခု ဖြစ်သွားဖို့ပဲဖြစ်စေ??
#စေ့စပ်ညှိနှိုင်းခြင်း ဖြစ်စဉ်တခု
လိုအပ်လေ့ရှိပါတယ်။

( #ကော်ဖီတော်ကီ ☕???☕ )

တဦး နှင့် တဦး (သို့မဟုတ်)
တဦးနှင့် တဦးထက်ပိုသောအဖွဲ့ (သို့မဟုတ်)

တဖွဲ့နှင့် တဖွဲ့ (သို့မဟုတ်)
တဖွဲ့ နှင့် အဖွဲ့များ (သို့မဟုတ်)

အဖွဲ့များ နှင့် အဖွဲ့များ အကြားမှာ

အကြောင်းအရာတခုခု အတွက်
စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်စဉ်များ
ရှိတတ်ပါတယ်။

ပထမဦးဆုံး အချက်ကတော့ စေ့စပ်ညှိနှိုင်းခြင်း
တကယ်လိုအပ်ပါသလား ဆိုတာ
အရင် အဖြေထုတ်ရပါမယ်။
????????????

တကယ်လို့ လိုအပ်ပါတယ် ဆိုရင်တော့
မိမိဘက်က စေ့စပ်ဆွေးနွေးလိုစိတ်
အမှန်တကယ် ရှိ မရှိ ဆန်းစစ်ပါ ။
??????????

ဒုတိယကတော့ မိမိ (သို့မဟုတ်) မိမိတို့ဘက်က
ဘာကိုအမှန်တကယ် လိုသလဲ ဆိုတာကို
အရေးကြီးမှု အစဉ်လိုက် သတ်သတ်မှတ်မှတ်
ရှင်းလင်းစွာ ချမှတ်ထားဖို့ လိုပါမယ်။
???????????

ပြီးတော့မှ နောက်ကိစ္စရပ်တွေ ဆက်လို့ ရမှာပါ။

#Negotiation

စေ့စပ်ဆွေးနွေးဖို့လည်း လိုတယ်၊

စေ့စပ်ညှိနှိုင်းလိုစိတ်လည်း ရှိမယ်၊

ဘာတွေကို မျှော်မှန်းထားတယ် ဆိုတာတွေကို
သတ်မှတ်ထားပြီးရင်တော့

နောက်ဆက်ရမယ့်
ကိစ္စတွေကတော့ ... ... ...

ဘယ်သူ ဘယ်ဝါ
အချိန် နေရာနဲ့ ရေချိန်စတာတွေကို
အကဲဖြတ်ရပါမယ်။

ရရှိနိုင်မယ့် အချိန်
အတို အရှည်
အနည်း အများ တကြိမ် နှစ်ကြိမ်
သုံး လေး ကြိမ် စသဖြင့် ...

ထိတွေ့မှု ဖြစ်မည့်
Indoor Zone
Outdoor Zone
Neutral Zone နဲ့
အခြား ထိတွေနိုင်မည့် ပုံစံ အမျိုးမျိုး အပြင်

Formal,
Informal &
Immediately Forms ပုံစံ အစားစား ရှိနေနိုင်ပါတယ်

ဒီအချက်အလက်တွေကို ခွဲခြား သိမြင်ထားမှသာ

အဓိက အချက်ဖြစ်တဲ့
မိမိ သို့မဟုတ် မိမိအဖွဲ့ရဲ့
ကိုယ်ပိုင် ပြင်ဆင်ထားနိုင်မှု ရေချိန်ကို လိုက်ပြီး

စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်း အဆင့်ကို
စနစ်တကျ သွားလို့ရမှာ ဖြစ်ပါတယ်။

မိမိ သို့မဟုတ် မိမိအဖွဲ့ရဲ့ အကြောင်း
ညှိနှိုင်းစေ့စပ်လိုတဲ့ တဘက်အကြောင်း ကို

အမှန်တကယ် သိရှိ ဆန်းစစ်ထားနိုင်ခြင်းက

တကယ့် အောင်မြင်နိုင်ဖွယ်ရှိတဲ့

စေ့စပ်ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်းရဲ့

လမ်းစဖြစ်ပါတယ် .........

ဒီလမ်းစတွေရဲ့ နောက်ဆက်တွဲ ပေါင်းစပ်ရမယ့်

နည်းစနစ်တွေထဲမှာတော့ ... ... ...

To be continue... #Negotiation


သိုက်စံထွန်း
#ThikesantunWritingNotes
#thikesantunwritingnote

#thikesantunwritingnote 
https://d37prn8pxyven1.cloudfront.net/ef1f2096f8b54382995457abb701d102/img/2024-10-16T14:26:24.225250.jpg

Keep Reading

ထိရောက်တဲ့ ခေါင်းဆောင်မှု စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအဆန့်အဖျက်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်တံခါးပိတ် လောကထဲက သန်းကြွယ်လောင်းတွေ အပိုင်းနှစ်မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။တန်ရာတန်ကြေးနိယာမမရိုးတရိုးဘယ်လိုလုပ်ပြီး မိုက် ဂျက်ဆန် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာလဲ။