M Min Nyo
ဒီနေ့မှာတော့ Copywriting(ကြော်ငြာရေးသားခြင်း) နဲ့ပက်သက်တဲ့၊ အရေးပါတဲ့ Formula တစ်ခုအကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။
Online Marketing လုပ်နေကြသူတွေနဲ့ ကိုယ်ပိုင် Brand သမားတွေအတွက်၊ Effective ဖြစ်စေမယ့် Content အမျိုးအစားဖြစ်ပါတယ်။ ကိုယ့်ရဲ့ကုန်ပစ္စည်းကို လူတွေစိတ်ဝင်စားလာဖို့၊ ကုန်ပစ္စည်းရောင်းအားတက်လာစေဖို့အတွက်၊ ဒီ PAS Formula လေးကို သိထားဖို့လိုပါလိမ့်မယ်။
* PAS Formula
P-Problem (ပြဿနာ/အခက်အခဲ)
ကြော်ငြာ Post မဖန်တီးခင်၊ ဝယ်ယူသူတွေရဲ့ပြဿနာကို အရင်လေ့လာရပါမယ်။ (ဥပမာ- Skin Care တစ်ခု ကြော်ငြာမယ်ဆိုပါစို့)။ အလှအပဆိုတာကို လူတိုင်းနီးပါး မက်မောကြပါတယ်။ အလှမကြိုက်ဘူးဆိုရင်တောင် ကြည့်ကောင်းတာမျိုးတော့ ဖြစ်ချင်ကြပါတယ်။ ဒီတော့ "လှချင်တာ"က ဝယ်ယူသူရဲ့ ပြဿနာပါ။ အဲ့ဒီပြဿနာကို ဦးတည်ပြီး၊ ကိုယ့်ရဲ့ကုန်ပစ္စည်းကို ကြော်ငြာဖို့ကြိုးစားသင့်ပါတယ်။ ဒါက ဥပမာပါ။ အခြားကုန်ပစ္စည်းတွေမှာလည်း အဲ့ဒီလိုပြဿနာတွေကိုရှာဖွေပြီး ရောင်းချရပါလိမ့်မယ်။ဆိုလိုတာက ကိုယ့်ကုန်ပစ္စည်းနဲ့ပက်သက်ပြီး၊ ဝယ်ယူသူတွေဆီမှာ ရှိနေနိုင်တဲ့ အားနည်းချက် ဒါမှမဟုတ် လိုအပ်ချက်ပါ။ ဒီအားနည်းချက်ကို အခြေခံပြီး၊ ကိုယ့်ပစ္စည်းက ဘယ်လိုအကျိုးပြုနိုင်တယ်၊ ဘယ်လို အထောက်အကူဖြစ်နိုင်တယ်ဆိုတာ ပြသပေးရမှာဖြစ်ပါတယ်။ အမှန်တကယ်ဖြည့်ဆည်းပေးနိုင်တဲ့ပြဿနာမျိုးကိုသာ ရွေးခြယ်တင်ပြဖို့ လိုပါတယ်။
A-Agitate (ခြောက်လှန့်နေတဲ့အရာ)
ဒါကတော့ ဝယ်ယူသူရဲ့စိတ်ကို ကြောက်လန့်စေတဲ့အရာပေါ့။ အဲ့ဒီအရာကို ပိုပြီးမြင်သာအောင် ဖော်ထုတ်ပေးရပါမယ်။ စောစောက ပြဿနာကို အခြေခံပါတယ်။ "လှချင်တယ်"ဆိုတဲ့ ပြဿနာကို မဖြေရှင်းပဲထားရင် ဘယ်လိုတွေကြုံတွေ့ရနိုင်တယ်ဆိုတာမျိုး လှုံ့ဆော်ပေးရပါမယ်။ (ဥပမာ- အသားအရေမွဲခြောက်ပြီး လှပချင်နေသူတစ်ယောက်ဆိုပါစို့။ ဒါကို မပြင်ဆင်ပဲထားရင် ယုံကြည်မှုကို လျော့နည်းစေတယ်၊ လူတောတိုးရာမှာ တုံ့ဆိုင်းမှုကိုဖြစ်စေတယ်ဆိုတာမျိုးနဲ့၊ သူတို့ရဲ့သွင်ပြင်ကို မိမိရဲ့ကုန်ပစ္စည်းအသုံးပြုပြီး ပြုပြင်ချင်လာအောင် ဖော်ပြပေးရပါမယ်) ဆိုလိုတာက Body Shaming လုပ်ခိုင်းခြင်းမျိုး မဟုတ်ပါဘူး။ ဒီပြဿနာက ဖြေရှင်းဖို့လိုအပ်ကြောင်း ပေါ်လွင်အောင် ပြသပေးရုံပါပဲ။
S-Solution (အဖြေ)
ဒါကတော့ အပေါ်က ပြောပြခဲ့တဲ့နှစ်ရပ်လုံးကို ဖြေရှင်းပေးနိုင်လိုက်တယ်ဆိုတဲ့ အဖြေပါပဲ။ ကိုယ့်ရဲ့ကုန်ပစ္စည်း(Skin Care) ကို အသုံးပြုလိုက်ခြင်းက ဝယ်ယူသူရဲ့သွင်ပြင်ကို ဘယ်လိုပြောင်းလဲသွားစေတယ်ဆိုတာ ဖော်ပြရမှာဖြစ်ပါတယ်။ Customer Feedbacks တွေကိုလည်း ချပြနိုင်ပါတယ်။ အဓိကတော့ ကိုယ့်ရဲ့ကုန်ပစ္စည်းဟာ ၊ ဝယ်ယူသူရဲ့ဘယ်ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်ဆိုတဲ့ အာမခံချက်တစ်ခု ပေးခြင်းပါပဲ။
ရိုးရှင်းတဲ့ ဒီနည်းလမ်းလေးကို သိသွားပြီဆိုရင်တော့၊ ကိုယ့်ရဲ့ကုန်ပစ္စည်းအတွက် ရောင်းအားတက်စေမယ့်ကြော်ငြာကို ဖန်တီးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် Post တွေမှပဲ ပြန်လည်ဆုံတွေ့ကြပါစို့။
"Online ပေါ်မှာငွေရှာဖို့ အခွင့်အလမ်းဖန်တီးကြပါစို့"
#Copywriting
#Marketing
#MMinNyo
Keep Reading