Author's Profile Photo

Sky Anna

13/10/2024

ဧရာဝတီတိုင်းတွင် မွေးဖွားခဲ့သည့် စာရေးဆရာ၊ဆရာမ ကြီး များ အပိုင်း (၁)

1 min read
Business
Art
ဧရာဝတီတိုင်းတွင် မွေးဖွားခဲ့သည့် စာရေးဆရာ၊ဆရာမ ကြီး များ

အပိုင်း (၁)'s photo


ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် တည်ရှိပါသည်။
လယ်ယာလုပ်ငန်းမှာ အဓိက စီးပွား လုပ်ငန်းဖြစ်၍ မြန်မာနိုင်ငံတွင် စပါးအထွက်အကောင်းဆုံးသော တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ ထို့အပြင် မြေနုကျွန်းပေါ်ဒေသဖြစ်၍ မြေပဲ၊ဂုန်လျော်၊ဆေး၊ငရုတ်၊ကြက်သွန်နှင့် ပဲမျိုးစုံတို့ စိုက်ထွန်းအောင်မြင်သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ရေထွက်ပစ္စည်းလုပ်ငန်သည်လည်း နာမည်ကြီးလေသည်။ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးတွင် အတုယူလေးစားဂုဏ်ယူ
ထိုက်သည့် စာရေးဆရာ၊ဆရာမကြီးများသည်လည် များစွာပေါ်ထွက်ခဲ့ပါသည်။

စာဖတ််သူများအလွယ်အတူ ဖတ်ရှူ့မှတ်သားနိုင်ရန်အတွက် ဧရာဝတီတိုင်း​သေဒကြီးတွင် မွေးဖွားခဲ့သည့် စာရေးဆရာ၊ဆရာမ များ၏ အကြောင်းအား ချစ်ခင်၊လေစား ဂုဏ်ယူ စွာဖြင့် အောက်ပါအတိုင်း ကိုးကား၍ ရေးသားဖော်ပြလိုက်ပါသည်။

၁။ ကြယ်နီ

စာရေးဆရာကြီး ကြယ်နီ အား ဧရာဝတီတိုင်း၊ဓနုဖြူမြို့နယ်၊ဗျင်းဘွဲရွာတွင် အဖ ဦးပိ ၊အမိ ဒေါ်စောမြ တို့မှ ၁၉၂၂ ခုနှစ်တွင်မွေးဖွားခဲ့ပါသည်။
တရုတ်-မြန်မာ ကပြား ဖြစ်ပြီး မွေးချင်း ငါးယောက်အနက် ဒုတိယသား ဖြစ်သည်။
အမည်ရင်းမှာ ဦးမြင့်ဆွေ ဖြစ်ပြီး ကိုးကွယ်သည့်ဘာသာမှာ ဗုဒ္ဓဘာသာ ဖြစ်သည်။
ဓနုဖြူမြို့နယ် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် ဝါဒ ဖြန့်ချိရေးမှူးနှင့် ဓနုဖြူ စာပေ ဝါသနာရှင်များ အသင်း၏ နာယက အဖြစ် ဆောင်ရွက်ခဲ့သည်။
ငယ်စဥ်ကပင် စာပေဝါသနာပါသူဖြစ်ကာ ၁၉၅၀ပြည့်နှစ် ဧပြီလထုတ် ရှုမဝရုပ်စုံ မဂ္ဂဇင်း အမှတ် ၃၅တွင် 'ကိုတံငါ' ဝတ္တု တိုဖြင့် စာပေနယ် သို့ စတင်ဝင်ရောက်ခဲ့သည်။
ဆရာကြီးသည် 'ကိုဒေါင်းစိန်၊မယ်စိန်' တို့ကို ပင်တိုင်ဇာတ်ဆောင်ပြု၍ ရေလုပ်သား ဘဝ သရုပ်ဖော် ဝတ္ထုတိုပေါင်း (၁၆)ပုဒ် ၊ မြစ်ဝကျွန်းပေါ် တံငါ လုပ်သားဘဝ သရုပ်ဖော် ဝတ္ထု (၄)ပုဒ် စုစုပေါင်း (၂၀) ပုဒ် ရေးသားခဲ့သည်။ ရေလုပ်သား တံငါသည်များအကြောင်းအား ပထမဆုံးနှင့် အစဥ်တစိုက် ရေးသားခဲ့သည့် စာရေးဆရာ တစ်ဦးလည်းဖြစ်လေသည်။
ရှုမဝ စာအုပ်တိုက်တွင် ကိုတံငါ (ပထမ )အုပ်ကို ၁၉၆၄ ခု အောက်တိုဘာလတွင် ထုတ်ဝေခဲ့သည်။ဝတ္ထုတို (၁၀)ပုဒ် ပါဝင်သည်။

၁၉၅၀ ခု ဧပြီလမှ ၁၉၅၅ ခု စက်တင်ဘာလ ထိ ရှုမဝမဂ္ဂဇင်းတွင် ထည့်သွင်း ဖော်ပြခဲ့သည့် 'ကိုတံငါ' ဝတ္ထုတိုများအားလုံးကို စုပေါင်းပုံနှိပ်၍ ၁၉၇၅ ခု ဖေဖော်ဝါရီလတွင် စာချစ်သူ စာအုပ်တိုက်မှ ဖြည့်စွက်၍ ​​ပြန်လည် ထုတ်ဝေခဲ့သည်။ စုစုပေါင်း (၂၀)ပုဒ် တိတိပါဝင်သည်။

၁၉၅၀ပြည့်မှ ၁၉၅၃ ခုနှစ်အထိ ရှုမဝ၊မြဝတီ၊ စာပေ ဗိမာန် မဂ္ဂဇင်း ၊ လင်းယုန် ဂျာနယ်နှင့် သတင်းစုံဂျာနယ်တို့တွင် ကလောင် နာမည်ရင်း ဖြင့်လည်းကောင်း၊ကလောင်ခွဲ 'ပွင့်သစ်' ဖြင့်လည်ကောင်း မြန်မာ့ ကျေးလက် စရိုက် ဘဝ ၊ ဓလေ့ထုံးထမ်းများ၊ခေတ်ပြိုင်ခံစားမှုများ၊ ရေမြေ သဘာဝ ရှုခင်း နှင့် မြို့​ေနပွဲစားတို့၏ အမြီးအမောက် မတော်မတည့် မှုကို သရော် လှောင်ပြောင်သည့် ဝတ္ထုတို (၁၄)ပုဒ်ခန့်ရေးခဲ့သည်။ ယင်းတို့မှ ရှာဖွေတွေ့ရှိခဲ့သည် ဝတ္ထုတို (၉)ပုဒ်အား ခု၊နှစ် စီ၍ အပိုင်း (၂) ပိတိရိပ် ဝတ္ထုတိုများအဖြစ်လည်းကောင်း၊ ကိုတံငါ ဝတ္ထုတိုပေါင်း (၂၀)ကိုလည်း ရှုမဝ မဂ္ဂဇင်းတွင် ပါဝင်ခဲ့သည့် ခုနှစ် ၊လ အလိုက် ရှေ့နောက်နေရာချကာ အပိုင်း (၁)
'ကိုတံငါ' ဝတ္ထု တိုများအဖြစ်လည်ကောင်း ရာပြည့် စာအုပ်တိုက်မှ ၁ သြဂုတ် ၂၀၀၁ တွင် ကြယ်နီ၏ ဝတ္ထုတိုပေါင်းချုပ် အမည်ဖြင့် ထုတ်ဝေခဲ့သည်။

ထို့အပြင် တရုတ်စာပေ ပညာရှင်များ၏ အတ္ထုပ္ပတ္တိနှင့် တရုတ် ဝတ္ထုတိုများကိုလည်း ၁၉၅၄ မှ ၁၉၅၆ ခုနှစ်အထိ ရှုမဝမဂ္ဂဇင်းတွင် ဘာသာပြန်ရေးသားခဲ့ပါသေးသည်။

Sky Anna









Keep Reading

"ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။3L for Successချွေတာမလား၊ ပိုရှာမလားမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုစီးပွားရေးလုပ်ရာတွင် မသိမဖြစ်သိသင့်သော Generic Strategy အကြောင်း လုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားPersonal Budget အတွက် 50/30/20 Rule ◾ဘ၀က ပိုလွယ်ကူလာတာမဟုတ်ဘူး၊ ကျွန်တော်တို့က ခံနိုင်ရည်ပိုရှိလာတာ ◾Financial Statement ကို ထိန်းချုပ်နိုင်ခြင်းက Financial Freedom အတွက်အခြေခံပဲ ◾အမှီခိုကင်းတဲ့ ချစ်ခြင်းမေတ္တာ