Author's Profile Photo

SarPhat Author

22/03/2024

ကျနော် Content Writing ဘယ်လိုစလေ့လာခဲ့တာလဲ ?

1 min read
Business


ကျနော်လည်း လူငယ်ထဲကလူငယ်တစ်ယောက်မို့ စိတ်ဓာတ်ကျသလိုလို အသည်းကွဲသလိုလိုနဲ့ ဘာမှမလေ့လာပဲ အချိန်တွေကုန်ခဲ့တာတွေရှိပါတယ်။
ဒါပေမယ့် ကျနော်က စာဖတ်လေ့စာဖတ်ထရှိတဲ့ လူတစ်ယောက်ဆိုတော့ Writing ဝါသနာကို ကျနော်ဖတ်တဲ့ စာအုပ်တွေထဲက တွေ့ရှိခဲ့ပါတယ်။

အဲ့ဒါက စကားလုံးတွေစာတွေအများကြီးမဟုတ်ပဲ "Passion" ဆိုတဲ့ စာလုံးလေးတစ်လုံးပါ။အဲ့စာအုပ်ကို ရေးသူက Passion အကြောင်းကို အသေးစိတ်ပြောပြပါတယ်။ကျနော်အကြိုက်ဆုံးက "မင့်ဝါသနာကဘာလဲ၊မင်းဒီတိုင်းပဲနေတော့မလို့လား Passion မရှိရင်မအောင်မြင်နိုင်ဘူး"ဆိုတဲ့ စာကြောင်းပါ။

ကျနော် အလုပ်မရှိ မလေ့လာပဲ စိတ်တွေလေနေရင်းနဲ့ကနေ ဒီစကားလုံးဟာ ကျနော်ကို အများကြီးလေ့လာချင်စိတ် လမ်းတစ်ခုခုရှာချင်စိတ်ကို တွန်းတင်ပေးလိုက်ပါတယ်။

ဝင်ငွေမရှိတဲ့အပြင် အသည်းကွဲသလိုလေနေရင်းကနေ အလုပ်လုပ်ချင်စိတ်ရှိလာပါတယ်။ကျနော် ဝါသနာပါတဲ့အရာကိုစတင်ရှာဖွေပါတယ်။အဲ့ဒါကတော့ စာရေးခြင်းပါ။ Website Blog တွေရေးချင်လာပါတယ်။တဖြည်းဖြည်း ဝင်ငွေရနိုင်မယ့် Content Writing ကို စလေ့လာခဲ့ပါတယ်။

ကျနော် Content Writing လေ့လာချိန် နှစ်နှစ်ခွဲကြာခဲ့ပါတယ်။သင်တန်းတွေတက်ပါတယ်။
အဲ့ဒီသင်တန်းတွေကတော့
?APN Content Creation
?Saya Lynn Moe Set Content Writing Training
? Digital Marketing Class တွေအများကြီးမှ အများကြီး တက်ခဲ့ရပါတယ်။ကြားထဲမှာ Free Seminar ပေါင်းများစွာ စတာတွေ အားလုံးကို Online ပေါ်မှာပဲ လေ့လာတက်ခဲ့တာပါ။

ကျနော် Content Writer's လုပ်ရခြင်းအကြောင်းအရင်း ?
✅ဖန်တီးရေးသားရတာ ဝါသနာပါလို့
✅SME လုပ်ငန်းရှင်များ၊Online Shopping ?လုပ်ငန်းရှင်များအတွက် Content ဖန်တီးပေးချင်လို့ပါ ဒီအချက်တွေကြောင့်ဖြစ်ပါတယ်။

Keep Reading

အချိန်နှောင့်နှေးမှုက အေးဂျင့်တိုင် ကြုံတွေ့ရတဲ့ ပြဿနာလား?Market Research Project တစ်ခုရဲ့ Briefing ဘယ်လိုရေးမလဲလုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားသုတေသန အမျိုးအစားများ ခွဲခြမ်းစိတ်ဖြာခြင်းရွေးချယ်စရာများတဲ့ခေတ်မှာ အရေးပါတာကို အာရုံစိုက်ဖို့ ပိုအရေးကြီးလာတယ်ကိုယ်ပိုင်လုပ်ငန်းအတွက် အရင်းအနှီးရှာနည်း ◾Personal Budget အတွက် 50/30/20 Rule ◾Measure of Central Tendency ဆိုတာ ဘာလဲဘ၀က ပိုလွယ်ကူလာတာမဟုတ်ဘူး၊ ကျွန်တော်တို့က ခံနိုင်ရည်ပိုရှိလာတာ ◾စီးပွားရေးစလုပ်သူတိုင်း သတိထားရမည့်အချက်များ