Lwin

Mental Detox
တစ်ခါတလေမှာ ကျွန်မတို့ဟာ ကိုယ်ခန္ဓာကျန်းမာဖို့အတွက်သာ Physical Detoxတွေလုပ်လေ့ရှိကြပြီး Mental Detoxလို့ခေါ်တဲ့ စိတ်ကိုအဆိပ်ထုတ်တာကျ မေ့လေ့ရှိကြပါတယ်။နေ့စဥ်ဓူဝ ကိစ္စရပ်တွေထဲမှာ ကျွန်မတို့ရဲ့စိတ်ထဲကို မသိမသာနဲ့ အဆိပ်တောက်တွေဝင်နေတက်ပါတယ်။ဒါမဲ့အသေးမွှားပါဆိုပြီး ပစ်ထားတက်ကြတယ်၊ အတိုင်းအတာတစ်ခုရောက်တဲ့အခါမှာတော့ စိတ်ပိုင်းဆိုင်ရာမှာ သွားပြီးပြဿနာဖြစ်စေတယ်၊ အဲ့တာတွေကို ဘယ်လိုဖြေရှင်းကြမလဲ? ဆိုတာထက် ကိုယ်ကိုယ်တိုင်ကကော mental detoxဆိုတာမျိုး လုပ်ဖူးရဲ့လား? လုပ်စရာမလိုတဲ့လူမျိုးလား?ဒီစာအုပ်လေးထဲမှာတော့ ဆရာမမွန်ရဲ့ memtal detoxလုပ်နည်းတွေကို လက်တွေ့ကျကျ ပြောပြပေးထားပါတယ်။အသေးစိတ်လေးသိချင်ရင်တော့...?
? တစ်ခါတလေကျ ကျွန်မကိုယ်တိုင်လည်း စိတ်ကဘူနေပြီး အကောင်းမမြင်နိုင်တော့ဘဲ ပြဿနာအဖြေကိုမရှာတဲ့အပြင် ပိုပြီးရှုပ်ထွေးအောင်လုပ်မိတက်ပါတယ်။
? ဒီစာအုပ်လေးဖတ်ရတဲ့အခါမှာတော့ ကျွန်မအနေနဲ့ဆို ကိုယ်တိုင်ကဘယ်လိုလူမျိုးလဲ၊ကိုယ့်ရဲ့စိတ်ကို ဘယ်လိုမျိုးထားလိုက်ရင်တော့ ပိုအဆင်ပြေနိုင်မလဲ၊ ကိုယ်လည်း memtal detoxလုပ်သင့်ပါလားဆိုပြီး သိလာရတယ်။
? သဘောအကျဆုံးခေါင်းစဥ်လေးတစ်ခုကတော့"မတော်တော့သော အင်္ကျီလေးများ” တဲ့ ကိုယ်နဲ့အရင်တုန်းကတော့ လိုက်ဖက်ပြီး Fitဖြစ်ခဲ့ဖူးတဲ့အင်္ကျီလေးတွေက ခုအချိန်မှာတော့ Fitဖြစ်ချင်မှဖြစ်တော့မှာလေ...ခုနောက်ပိုင်းတွေ့လာရတာက သူငယ်ချင်းဆက်ဆံရေးတွေနဲ့ပက်သက်ပြီး ခံစားနေကြတဲ့ သူငယ်ချင်းတွေကို ပိုပြီးတွေ့လာရတယ်၊ကိုယ်ကိုယ်တိုင်လည်းအဲထဲပါပါတယ်။ဒါမဲ့ အရင်က ကိုယ်နဲ့ဘယ်လောက်ပဲချစ်ခဲ့၊ခင်ခဲ့ပါစေ လက်ရှိမှာ အရင်တုန်းကလောက် ခင်ချင်မှခင်တော့မှာလေ..."သူကငါ့မို့လို့ ဆိုတဲ့အတွေး”တွေနဲ့လည်း ပက်သက်ပြီး ဝမ်းနည်းမနေတော့ပါဘူး။သူလည်းသူ့အကြောင်းနဲ့သူ၊ကိုယ်လည်း ကိုယ့်အကြောင်းနဲ့ကိုယ်ပေါ့...သူလည်းကိုယ်နဲ့Fitမဖြစ်တောင် တခြားလူတွေနဲ့တော့ Fitဖြစ်နိုင်တာပဲလေ...ခုနောက်ပိုင်းတော့ ကိုယ်လည်း ကိုယ်နဲ့ကိုက်ညီပြီးFitဖြစ်မဲ့ သူငယ်ချင်းမျိုးနဲ့ပဲ ပေါင်းသင်းနေရမှာပဲဆိုတဲ့ အသိလေးကပ်သွားတယ်။ လူတိုင်းမှာတော့ အနည်းဆုံးကိုယ့်ရဲ့ပျော်ရွှင်စရာ၊ဝမ်းနည်းစရာတွေကို မထိမ်ချန်ဘဲ ပြောပြနိုင်တဲ့ သူငယ်ချင်းတစ်ယောက်ကတော့ ရှိနေကြဦးမှာပါဘဲ။အကောင်းဆုံးဆုလာဘ်လေးတစ်ခုပေါ့?
#Mental Detox
#Mon Halsey
#Lwin
Keep Reading