Author's Profile Photo

Yati

12/10/2024

အတွေးတွေကို ဘယ်လိုထိန်းချုပ်မလဲ?

4 mins read
Personal Development
Health
အတွေးတွေကို ဘယ်လိုထိန်းချုပ်မလဲ?'s photo


ကျွန်မတို့ အားလုံးဟာ တစ်နေ့တစ်နေ့ ဖြတ်သန်းရတဲ့ပုံစံတွေ၊ ဖြစ်ပေါ်နေတဲ့စိတ်တွေ၊ အခြေအနေတွေမတူညီပါဘူး။ ဒီနေ့မှာပေျာ်ရင် မနက်ဖြန်စိတ်ညစ်ချင်စိတ်ညစ်ရမယ်၊ ဒီနေ့ စိတ်ကြည်ပေမယ့် မနက်ဖြန် ဒေါသထွက်စရာတွေပေါ်ရင်ပေါ်လာနိုင်တယ်။ ဒါပေမယ့် ပျော်ခြင်း၊ ဝမ်းနည်းခြင်းဆိုတာတွေအကုန်လုံးက ကိုယ်ရဲ့စိတ်ပေါ်မှာပဲမူတည်တာမို့ ကိုယ့်ရဲ့ စိတ်ကို အဆင်မပြေတဲ့အချိန်မှာ အမှားမပါစေဖို့၊ ကောင်းတဲ့အချိန်မှာလည်း မလွန်စေဖို့ ၊ ကိုယ့်ရဲ့စိတ်မှာ အညစ်အကြေးတွေမဖြစ်စေဖို့ စိတ်တွေ၊ အတွေးတွေ ထိန်းချုပ်သင့်ပါတယ်

စိတ်ထိန်းချုပ်ခြင်းဆိုတာ သိပ်ကို အရေးကြိးပါတယ်။ အကြောင်းရင်းကတော့ ကိုယ့်ရဲ့စိတ်ကိုသာ မထိန်းချုပ်နိုင်ဘူးဆိုရင် “စိတ်တည်ငြိမ်မှုမရှိခြင်း”ဆိုတဲ့ အရာတစ်ခုပါ တွဲပါလာပါလိမ့်မယ်။ ဒီလိုနဲ့ အဲ့ဒီ စိတ်မတည်ငြိမ်တဲ့အတွက်ကြောင့်ပဲ ဘာမှမလုပ်နိုင်ဘဲ လုပ်သမျှကိစ္စတိုင်းမှာလည်း အမှားပေါင်းစုံ၊ လွဲချော်မှုပေါင်းစုံကြုံလာနိုင်ပြီး အဆိုးဆုံးအနေနဲ့ ကိုယ့်ရဲ့ ဘဝကိုတောင် ဖျက်ဆီးမိတဲ့အထိ ဖြစ်သွားနိုင်တာကြောင့်ပါပဲ။ ကိုယ့်ရဲ့ စိတ်သာ တည်ငြိမ်နေမယ်ဆိုရင် ကျွန်မတို့ လိုချင်တောင်းတ၊ လုပ်ချင်တဲ့ ကိစ္စအဝဝကို အလွယ်ကူဆုံးနဲ့ ချောချောမွေ့မွေ့လုပ်နိုင်မှာ အမှန်ပါပဲ။ ဒါပေမဲ့ အတွေး၊ စိတ်တွေကို ထိန်းချုပ်ဖို့ဆိုတာ လွယ်ကူတော့အရာတော့မဟုတ်ပါဘူး။

ဒါဆိုရင် “ကိုယ့်ရဲ့စိတ်၊ အတွေးတွေကို ဘယ်လိုထိန်းချုပ်ရမလဲ၊ တည်ငြိမ်အောင်ဘယ်လိုလုပ်ရမလဲ”

  • အကောင်းမြင်စိတ်ထားပါ


ဘယ်အရာကိုမဆို အကောင်းမြင်ပါ၊ ကောင်းတဲ့စိတ်နဲ့တွေးပါ။ အခြေအနေက ကောင်းသည်ဖြစ်ဖြစ်၊ ဆိုးသည်ဖြစ်ဖြစ် အတတ်နိုင်ဆုံး တစ်ခုတည်းကိုသာ ထားပါ။ မကောင်းတဲ့အခြေအနေမျိုး၊ အဆိုးဆုံးအခြေအနေမျိုးမှာ ကိုယ့်ရဲံ့စိတ်ကို တည်ငြိမ်မှုမရှိဘဲ ရင်ဆိုင်လိုက်မယ်ဆိုရင် ပြဿနာတွေကို ကောင်းအောင်ဖြေရှင်းနိုင်မယ့်အစား အခြေအနေကို ထိန်းချုပ်နိုင်မယ့်အစား အခြေအနေကို ပိုဆိုးစေမယ့် Negetive mindset တွေကိုသာ ပို‌တွေးလာနိုင်မိပါတယ်။ ဘာပဲလုပ်လုပ် “ကောင်းမှာမဟုတ်ပါဘူး၊အဆင်မပြေလောက်ပါဘူး၊ မကောင်းတာပဲဖြစ်လာမှာ”ဆိုတဲ့ အတွေးတွေကို ရှင်းထုတ်ပစ်လိုက်ပါ။ အဲ့ဒီအစား ဒီအလုပ်ကိုလုပ်ရင် ဘာတွေရလာနိုင်မလဲ၊ ဘာတွေဖြစ်လာနိုင်မလဲဆိုတဲ့ စိတ်တစ်ခုတည်းကိုသာထားပြိး ရှေ့ဆက်လျှောက်လိုက်ပါ။ ကိုယ့်ဘဝမှာ ရလာမယ့် အတွေ့အကြုံအမြင်သစ်တွေကိုလည်း ရင်ဆိုင်ဖို့ မတွန့်ဆုတ်နေဘဲ ရဲရဲသာ  လုပ်ပါ။ ဒါပေမဲ့ အဲံဒီအတွေ့ကြုံကနေ ဘယ်လိုရလဒ်မျိုးတွေ ရလာနိုင်မလဲဆိုတာ အတွေးထက် ငါဘာလုပ်နိုင်မလဲ၊ ဘယ်လိုလုပ်မလဲဆိုတဲ့ Positve mindset ကိုသာထားပါ။ ဒါဆိုရင် ပတ်ဝန်းကျင်မှာရင်ဆိုင်လာရမယ့် ကိစ္စမှန်သမျှကိုလည်း ဖြေရှင်းနိုင်ပြီး စိတ်လည်းတည်ငြိမ်လာပါလိမ့်မယ်။

  • ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ။


ကိစ္စတစ်ခုကို အောင်မြင်အောင်လုပ်ချင်တယ်ဆိုရင် ဘယ်အခြေအနေပဲဖြစ်ဖြစ်  ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့က အဓိကပါ။ ဥပမာ ကိုယ်က ဒီစာကို ဒီညအပြီးရေးကို ရေးနိုင်တယ်, ရေးမယ် ဆိုတဲ့စိတ်ထားရင် ပြီးကိုပြီးပါတယ်။ ဒီထက်မကလည်း ပိုပြီး စာအုပ်သစ်တွေရေးချင်တဲ့စိတ် တွေဖြစ်လာဦးမှာပါ။ ဒါပေမယ့် ယုံကြည်မှုဆိုတဲ့နေရာမှာ သတိထားစရာတစ်ခုတော့ရှိပါတယ်။ အဲ့တာကတော့ Over Confidence  ဆိုတဲ့ အယုံကြည်လွန်ခြင်းပါ။ တချို့က လိုတာထက်ပိုပြီး ဂုဏ်ယူ အထင်ကြီးသွားတဲ့အခါ စိတ်လည်း တည်ငြိမ်မှုမရှိတော့ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ခိုင်ခိုင်မာမာထားပြိး ကိုယ်လျှောက်မယ့်လမ်းအတွက်ပဲ ဦးတည် ကြိုးစားလျှောက်တာပဲ အကောင်းဆုံးပါ။ ဒီလိုပါပဲ ငါ စိတ်တည်ငြိမ်အောင်နေနို်ငတယ်၊ ထိန်းချုပ်ချင်တယ်၊ ငါဒီအရာကို လုပ်ကိုလုပ်နိုင်တယ်။ ဘယ်အရာမှ တားဆိးလိုမရနိုင်ဘူးဆိုတဲ့ ယုံကြည်ချက်ရှိရင် ဘာမဆို လုပ်နိုင်ပါလိမ့်မယ်။

  • ပြဿနာရဲ့ အရင်းမြစ်ကို သိအောင် အရင်ရှာပါ။


ကိုယ်က ပြဿနာတစ်ခုကြုံရတဲ့အခါ စိုးရိမ်ပူပန် စိတ်ရှုပ်ထွေးပြီး ဒေါသတွေထွက်၊ စိတ်လိုက်မာန်ပါတွေလုပ်နေတာထက် အဲ့ဒီ ပြဿနာရဲံ အဖြေကိုရှာဖို့ ကြိုးစားရမှာပါ။ စိတ်တွေညစ် ဒေါသထွက်ပြီး ဖြေသိမ့်နေရင် ကိုယ့်အတွက်ဘာမှ အကျုိုးရှိလာမှာမဟုတ်ဘဲ အခြေအနေသာပိုဆိုးပြီး  အချိန်ကုန်ရုံသာရှိပါလိမ့်မယ်။ ဘဝမှာ အရှုံးတွေကိုပဲ ကြုံတွေလာတဲ့အခါ စိတ်ညစ်တာ၊ စိတ်ဖိစီးတာတွေဖြစ်လာပြိး စိတ်ကိုလည်း ထိန်းချုပ်မလာနိုင်တော့ဘူး။ အဲ့လိုချိန်တွေမှာ  စိတ်အေးအေးထားပြီး ဖြစ်နေတဲ့ အရာပေါ်မှာပဲ အာရုံထားပြိး ပြဿနာရဲ့ အရင်းမြစ်က ဘာလဲဆိုတာ ရှာဖို့က ပိုအရေးကြီးပါတယ်။ ဒါဆိုရင်  ပြဿနာတွေကိုဖြေရှင်းနိုင်ပြီး ကိုယ့်စိတ်ထဲက စိတ်အညစ်အကြေး မကောင်းတဲ့စိတ်တွေကိုလည်း ထိန်းချုပ်လာနိုင်ပါလိမ့်မယ်။

  • တရားထိုင်ပါ။


ကျွန်မတို့ ဦးနှောက်တွေဟာ အကောင်းတွေပဲ တွေးနေရတာမဟုတ်သလို အဆိုးတွေချည်းပဲလည်း မဟုတ်ပါဘူး။ အဲ့လိုမျိုး အတွေးပေါင်းစုံကို တွေးနေရတဲ့အခါ တစ်ခါတလေ စိတ်ဖိစိးလာပြီး စိတ်ညစ်လာတတ်ကြပါတယ်။ အဲ့ဒီအချိန် အတွေးတွေကိုထိန်းချုပ်နိုင်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့် တရားထိုင်ခြင်းကတော့ အကောင်းဆုံးနည်းလမ်းကောင်းတစခုပဲဖြစ်ပါတယ်။ စကားလုံးက လေးလုံးတည်းပေမယ့် ကိုယ့်ရဲ့ စိတ်အတွေးတွေကို ထိန်းချုပ်နိုင်စွမ်းအများကြီးရှိပါတယ်။ ဒါကိုလည်း လူတွေအားလုံး သိပြီးသားဖြစ်ပါလိ့်မ့်မယ်။ နေ့တိုင်းလိုလို တရားထိုင်ဖို့ ကျင့်သွားကြည့်မယ်ဆိုရင် ကိုယ့်ရဲ့စိတ်က ပိုတည်ငြိမ်လာပြီး အတွေးတွေကိုလည်း ထိန်းချုပ်သွားနိုင်ပါလိမ့်မယ်။ စိတ်ကြီးပြီး ဒေါသထွက်လွယ်တဲ့သူ၊ စိတ်ဆတ်တဲ့သူတွေအတွက်လည်း အဲ့လိုစိတ်မျိုးတွေ လျော့ကျသွားပြိး စိတ်တည်ငြိမ်စွာပဲ အသေးအဖွဲကိစ္စတွေကိုတောင် လွယ်လွယ်ကူကူပဲ ဖြေရှင်းနိုင်စွမ်းတွေရှိလာပါလိမ့်မယ်။

  • အလုပ်များများလုပ်နိုင်ရင်လုပ်ပါ။ အလုပ်များအောင် နေကြည့်ပါ။


ဒီနေရာမှာ ကိုယ့်ကိုယ်ကို အလုပ်များအောင်နေတာနဲ့ ကိုယ့်အလုပ်ကို စီမံခန့်ခွဲနိုင်စွမ်းမရှိလို့ အလုပ်ရှုပ်သွားတာ မတူတာကို အရင်နားလည်စေလိုပါတယ်။ ကိုယ်က ကိုယ်ရဲ့ရည်မှန်းချက်အတွက် ကြိုးစားနေတာဆိုရင် ဒါက အဲ့ဒီ ရည်မှန်းချက်ပန်းတိုင်ကိုရောက်နိုင်ဖို့အတွက် အလုပ်များနေတာမျိုးပါ။ ကိုယ့်မှာ အလုပ်တွေ သုံးလေးငါးခု စုပုံနေပေမယ့် ကိုယ့်ရဲံအချိန်၊ လုပ်ဆောင်မှုတွေကို စီမံမခန့်ခွဲနိုင်ရင်တော့ အဲ့တာက အလုပ်များတာမဟုတ်ပါဘူး။ ဒါကြောင့် အလုပ်တွေသာမရှိရင်၊ ဘာမှမလုပ်နေရင် ကျွန်မတို့ရဲ့ အတွေးတွေက မျိုးစုံကြိုးခုန်ပြီးအကောင်းအဆိုးအကုန် တွေးလာမိတတ်ပါတယ်။ အလုပ်အားနေတာမျိုးဆိုရင် ကိုယ့်ရဲ့အတွေးတွေကို အားဆေးဖြစ်ပေမယ့် အကျိုးရှိမယ့််အလုပ်တွေကိုလုပ်လို့ရပါတယ်။ ဥပမာပြောရရင် ကိုယ့်အတွက် အကျိုးဖြစ်စေမယ့် စာအုပ်တွေဖတ်တာမျိုး၊ ကျန်းမာရေးလေ့ကျင့်ခန်းတွေလုပ်တာမျိုး၊ သူငယ်ချင်းမိသားစုတွေနဲ့ တွေ့ဆုံစကားပြောတာမျိုး အစရှိသဖြင်‌့ပေါ့။ အဲ့လိုတွေသာ လုပ်နေလိုက်မယ်ဆိုရင် ကိုယ့်ရဲ့စိတ်က အဲ့ဒီအလုပ်ပေါ်မှာပဲ အာရုံစိုက်နေရတဲ့အတွက် တခြားအတွေးတွေကို တွေးနိုင်တဲ့စိတ်တွေလျော့ပြီး စိတ်တွေလည်း ကြည်လင်လာပါလိမ့်မယ်။

  • နောက်ဆုံး ရလဒ်တစ်ခုကိုပဲ အလျင်လို မရချင်ပါနဲ့။


ကျွန်မတို့ အားလုံးက အလုပ်တစ်ခုလုပ်တဲ့အခါ အဲ့ဒီအလုပ်ကို ဘာကြောင့်လုပ်ရတာ ဆိုတဲ့ ရည်ရွယ်ချက်၊ အကြောင်းရင်းတော့ရှိမြဲပဲမလား။ အဲ့ဒီအလုပ်ကိုပဲ အာရုံစိုက်ပြိး ပြည့်အောင်လုပ်ကြတယ်။ ဒါပေမယ့် တစ်ခါတလေ အဆုံးသတ်ကို ရချင်ဇောနဲ့ ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို မေ့သွားတတ်ကြပါတယ်။ ကြိုးစားပြီးလုပ်နေပေမယ့်လည်း ကိုယ်က ဒီအလုပ်ကို ဘာလို့လုပ်နေတာ၊ ဘာအကြောင်းကြောင့် လုပ်နေတယ်ဆိုတာတွေ ဂရုမပြုမိကြတော့ပါဘူး။ တည်ငြိမ်မှုမရှိတဲ့စိတ်နဲ့ အလျင်လိုတဲ့စိတ်တစ်ခုနဲ့ပဲ ဆန္ဒတွေစောပြီး အဆုံးသတ်ရလဒ်ကိုပဲ မျှော်လင့်တတ်ကြတယ်။ နောက်ဆုံးကျ ဆုံးဖြတ်ချက်ချတာတွေ မှားသွားကြ၊ မှားယွင်းတဲ့လမ်းကိုပဲ ‌ရွေးမိလိုက်တတ်ကြတယ်။ အဲ့ဒီအချိန်မျိုးမှာ စိတ်ဖိစီးမှုတွေ၊ အခက်ခဲတွေ ဘယ်လောက်ပဲရှိနေပါစေ၊ ကြိုးစားခဲ့ရတဲ့ အချိန်တွေဘယ်လောက်ပဲကြာနေပါစေ ငါမလုပ်နိုင်လောက်ဘူး ကြိုးစားသမျှ အရာမထင်ဘူး, အချိန်တွေသာ ဖြုန်းနေမိတယ် ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဝေဖန်အပြစ်တင်နေဖို့မလိုပါဘူး။ ဒါကြောင့် ဘယ်လိုအခြေအနေမှာပဲဖြစ်စေ ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို စိတ်အေးအေးထားပြီး စဥ်းစားအဆုံးသတ်ပါ။ အဲ့တာပြီးမှာ အဆူံးသတ် ဆုံးဖြတ်ချက်တစ်ခုကို ချသင့်ပါတယ်။


ဒီနည်းလမ်းလေးတွေကို Motivation စာအုပ်တစ်ခုကနေ သိလိုက်ရပြီးတည်းက ကျွန်မ ကိုယ်တိုင် လုပ်ခဲ့တဲ့နည်းလမ်းတွေ၊ တကယ်လည်း ထိရောက်ပြီး အဆင်ပြေတဲ့နည်းလမ်းတွေဖြစ်တာမို့ ပြန်လည် မျှဝေပေးရခြင်းပဲဖြစ်ပါတယ်။

စာပေမိတ်ဆွေများအား လေးစားလျက်...
#Yati
(12/10/24)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ Life is what you make itစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်