MG KHA
" ကိုခရေ.. သတင်းထူးပြီဗျ.."
ရေးကြီးသလဲဆိုသလို သူ စာပို့လာတယ်..
ဘာအကြောင်းလဲ ဟ ငါ့ညီ..
ကလောင်လက်သစ်တွေ sarphat app ကနေ top 3 ရွေးပြီး ဆုပေးမယ့် အစီအစဥ် ..တဲ့..
" ဟုတ် လား..
သေချာ ရှင်း ပါအုံး"
ဒီလို
" စာဖတ် ဝါသနာ ပါပြီး ၊ တိုးတက်လိုစိတ်ရှိတဲ့ လူငယ်တွေကို online platform ကနေ လက်တွဲခေါ်ပြီး လမ်းသစ်ထွင်နေတဲ့ app တစ်ခုရှိတယ်..အဲ့နာမည်က sarphat ...အခုကသီတင်းကျွတ်လဆိုတော့ သက်ဆိုင်ရာ ဆောင်းပါးရေးပြီး ပြိုင်ရမယ့် ပြိုင်ပွဲ ..
အဲ့တာ ခင်ဗျားကို ပါစေချင်လို့..
"ဟာ.. အေးအေး ငါ့ ညီ "
"ကျေးဇူး..."
သူပြောကတည်းက ကျုပ်မှာ စိတ်လှုပ်ရှားရှား..။ ကျုပ်က စာရေးဆရာ မဟုတ်သလို ၊ ကလောင်ဓာတ်ခံ ရှိတဲ့ သူလည်း မဟုတ် ။
ဒီတိုင်း စာမှာပျော်တဲ့ လူငယ်တစ်ယောက် ။စာကို စိတ်ထဲရှိရာ အိတ်သွန်ဖာမှောက် ရေးတတ်တဲ့ သူ ...
တကူးတက အသိမှတ်ပြု ခေါ်ဖော်ရသူ အားရှိအောင် ကျုပ် သိမှတ်သမျှ အမှတ်တရတွေ ရေးပါအုံးမယ်...
" သီတင်းကျွတ်အမှတ်တရ အညာသို့ ".
သီတင်းကျွတ်လဟာ မြန်မာလတွေထဲမှာမှ သတ္တမမြောက်လ ဖြစ်တယ်။ ရှေးကတည်းက ဂုဏ်ထူး ဝိသေသ အမည်နာမတွေ နဲ့ ထင်ရှားခဲ့တယ်။ နေ့ထူးနေ့မြတ် အဖြစ်လည်း သတ်မှတ်ခဲ့ကြတယ်..
- မိုးရာသီ ရဲ့နှောင်းပိုင်း သန်တူလ ။
ရှေးက သီးတင်းကျွတ်လကို မိုးရာသီရဲ့ နှောင်းပိုင်းလ- သန်တူလ လို့ ခေါ်ကြတယ် ...
- ခက်ခဲနက်နဲတဲ့ အဘိဓမ္မာ တရားတော်ကို ဟောကြားပြီးမြောက်တဲ့ အဘိဓမ္မာ အခါတော်နေ့..
- ကျေးလက်ဆီက တောင်သူကြီးများရဲ့ ကောက်နှံ ၊ သီးနှံ ဖွံ့ထားသောအချိန် ..
- လူကြီးသူမ ကန်တော့ပွဲများ..
- လပြည့်၊ လကွယ် ဥပုသ် သီတင်းတည်၊
ဝါတွင်းသုံးလကို လွန်မြောက်သော
ကုသိုလ်ကောင်းမှု့ စုတည်သည့်လ...
- သီတင်းကျွတ် မီးထွန်းပွဲတော်..
စတဲ့ ဂုဏ်ထူးဝိသေန တည်ရှိမှု့နဲ့ အတူ သီတင်းကျွတ်လဟာ ထင်ရှားခဲ့တယ်...
ထင်ရှားတဲ့ အထဲ အညာက မီထွန်းပွဲတော်ဆီ စိတ်ရောက်သွားတယ်...
အညာဆိုလို့ ကျုပ်က ရွာသားဗျ။ စစ်ကိုင်း ထဲက မုံရွာအနီးနား ရွာလေးတစ်ရွာမှာ မွေးခဲ့တယ် ။ အခုနေ ပြေးပြန်ရင် အရင်လိုမျိုး ရှိပါအုံးမလား မသိဘူး..ခေတ်ဒဏ်၊ စစ်ဒဏ်ကြားလေ..
ရှေးက ကျေးလက်ရွာလေးတွေမှာ ပျော်စရာ ဆိုတာ သိပ်နည်းတယ်ဗျ ။ မြို့မှာလို လည်စရာ ပါတ်စရာ ၊ ရှု့စရာ မြင်စရာ သိပ်မရှိဘူး။မော်တော်ကား မရှိဘူး၊ KTV မရှိဘူး၊ အရက်ဆိုင်လည်း မပေါဘူးပေါ့...
သီတင်းကျွတ်လပြည့်လို နေ့မျိုး၊ ဘုရားပွဲတော် ရှိတဲ့ လမျိုး၊ ဒီလို အချိန်တွေမှသာ အပျော်လေးတွေ အတိုးချ ပျော်ကြရတယ်။
ဒီသီတင်းကျွတ်လတော့ အပျော်ဆုံးပေါ့ ..
-ထိန်ထိန်ညီး ထွန်းညှိထားတဲ့ ဆီးမီးတွေ၊
-ဗျောက်အိုး မဖောက် ရ စည်းကမ်းကြားက ပြေးလွှား ပျော်နေကြတဲ့ ကလေးတွေ..
-စိုက်ပျိုးထားတဲ့ ကောက်နှံ၊ သီးနှံတွေ ရင့်ထွားလာတာကို မြင်ရတဲ့ အချိန်..
- ဝါတွင်းသုံးလအတွင်း ကုသိုလ်ကောင်းမှု့တွေ စုထားနိုင်ခဲ့တဲ့ အချိန်..
- လူပျို၊ အပျိုကညာလေးတွေ လုပ်တဲ့ ကပွဲလေးလည်း ပါသည့် အခါ..
လပြည့်နေ့ကို ရောက်တဲ့အခါ ဆွေးမျိုးရင်းချာထဲက လူကြီးသူမ တွေ လိုက်လံ ကန်တော့ ကြတယ်ဗျ။ အပြစ်တွေ ဝန်ချပြီး ၊ ဆိုဆုံးမမှု ခံယူကြတယ်...
(ရပ်ဆွေရပ်မျိုးဆိုတဲ့ စည်းလုံးမှု့ဆိုတဲ့ ရပ်ဝန်းလေးမြင်ရတယ်..)
ညနေ ဆည်းဆာချိန်ကို ရောက်တဲ့ အခါမှာတော့ရွာသူ၊ ရွာသားအားလုံး ရွာဦးစေတီစေဆီသွား ..
ဆီးမီး ထိန်ထိန်ညီး ထွန်းညှိ စုပေါင်းပူဇော်ကြတယ်...
ပြီးမှ ကပွဲဆီ အလှည့်ကျ။ ..လူငယ် ၊ ပျိုရွယ်လေးတွေ ပျော်ကြတဲ့ ပွဲပေါ့...
တစ်ခါတစ်ခါ သီချင်းဆိုမယ့် စင်ပေါ် စာသားမေ့ မတ်တပ်ရပ်နေတဲ့ ပုဆိုးကွက်ထောက် လူပျိုကြီး မြင်ရတဲ့အခါ အူတက်အောင် ရယ်ရတာမျိုး....
ဒီလိုနဲ့ အညာဆီက သီတင်းကျွတ်လဟာ ပြောမကုန်နိုင်တဲ့ အမှတ်တရတွေ ရှိနေခဲ့ပါတယ်..
( အဆုံးထိလိုက်ပါပေးခဲ့တာ ကျေးဇူးပါဗျ..)
" သီတင်းကျွတ်လရဲ့ ဆီမီးတွေဟာ အညာမှာလည်း အလင်းကိုယ်ဆီ ဖြာနိုင်ကောင်းပါရဲ.."
-ကျုပ်လည်း ပြန်နိုင်ကောင်းပါရဲ့...
#မောင်ခ
Keep Reading