La Yaung May
ပြောင်းလဲမှုဆိုတာ မဖြစ်မနေလုပ်ဆောင်ရမယ့်အရာတစ်ခု ဖြစ်ပါတယ်။လူတွေက အရင်ကပုံစံနဲ့မတူပဲ ကွဲပြားခြားနားသွားတဲ့အခါ နင် ပြောင်းလဲသွားတယ်နော်လို့ ပြောကြတယ်။ကျွန်တော်ကလည်း ဟုတ်တယ်လေ ပြောင်းလဲဖို့ အချိန်တန်လို့ ပြောင်းလဲလိုက်တာပါလို့ ပြောလိုက်ပါတယ်။
ဘာတွေကိုပြောင်းလဲလိုက်လည်းဆိုတော့
အရင်းက လူတောထဲဝင်ရမှာ စိတ်မလုံမခြုံဖြစ်နေတတ်တယ် ။ငါ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတို့က ငါ့ကိုဘယ်လိုမြင်မလဲ၊ဘယ်လိုထင်မလဲ၊ငါ့နောက်ကွယ်မှာ ငါ့အကြောင်း
ဘာများပြောနေကြမလဲ ဒီအတွေးတွေနဲ့ပဲ စိတ်မလုံမခြုံဖြစ်ခဲ့ရတယ်။ပြီးတော့ ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီး စိတ်မလုံမခြုံနဲ့ပိတ်မိနေခဲ့ဘူးတယ်။ အခုနောက်ပိုင်းတော့
စာပေးအသိလေးရလာပြီး လူတွေရဲ့ psychologyကိုနားလည်လာတော့ လူတွေကိုယ့်အပေါ်မှာထားတဲ့စိတ်ဆိုတာ ပုံမှန်အခြေအနေလောက်ပါပဲလို့ သိမြင်လာခဲ့တယ် အဲ့တော့ကိုယ့်စိတ်ဟာလည်း အတော်လေးနေထိုင်ကောင်းလာပါတယ်။ အဲ့တော့ ဆိုလိုချင်တာက လူတွေရဲ့အမြင်ကို ဂရုစိုက်မနေတော့ဘဲ ပြောင်းလဲစရာရှိတာကို အမြန်ဆုံးပြောင်းလဲလိုက်ပါ။
ကျွန်တော်ကတော့ ကိုယ့်ဘဝကို ယခုအခြေအနေကနေ ပြောင်းလဲဖို့ကြိုးစားဖြစ်နေပါတယ်။ဘာတွေပြောင်းလဲဖို့ကြိုးစားနေလည်းဆိုတော့ ယခုထက်ပိုအသိဉာဏ်တိုးတက်ဖွံ့ဖြိုးဖို့၊ငွေကြေးဥစ္စာပိုပြည့်စုံလာဖို့၊
မျှတစွာတွေးခေါ်လုပ်ကိုင်နိုင်ဖို့၊လူတွေကိုကူညီထောက်ပံ့ပေးနိုင်ဖို့၊ကိုယ်ခန္ဓာပိုလှပြီး စမတ်ကျဖို့၊သံသရာမှလွတ်မြောက်နိုင်ဖို့ ဖြစ်ပါတယ်။ဒါကြောင့် ပြောင်းလဲဖို့က မဖြစ်မနေလုပ်ကိုလုပ်ရမယ့် အရေးကြီးတဲ့အချက်ဖြစ်ပါတယ်နော်။အားလုံးလည်း ကောင်းသောပြောင်းလဲခြင်းတွေကို ပြောင်းလဲလုပ်ကိုင်နိုင်ပါစေလို့ ဆန္ဒပြုရင်း........
Keep Reading