SarPhat Author
လူတွေမှာ မသိစိတ်နဲ့ သိစိတ်ဆိုပြီး နှစ်မျိုးရှိပါတယ်။
လူတစ်ယောက်မှာရှိတဲ့ မသိစိတ်ဟာ သိစိတ်ထက် အဆပေါင်းထောင်သောင်းမက စွမ်းအားကြီးမားပါတယ်။
လူတွေဟာ ကိုယ့်ရဲ့ မသိစိတ်ကို ကောင်းကောင်း မထိန်းချုပ်နိုင်ကြဘူး။
လူတွေဟာ မသိစိတ်ကို မထိန်းချုပ်နိုင်လို့ပဲ ဖုန်းနဲ့ မျက်နှာ နဲ့ မခွာနိုင်အောင် social media တွေ သုံးမိကြတယ်။ ဂိမ်းတွေ စော့မိကြတယ်။ တစ်ပုဒ်ပြီး တစ်ပုဒ် မရပ်တန့်နိုင်အောင် အပြာကားတွေ ကြည့်မိကြတယ်။ တစ်ပိုင်းပြီး တစ်ပိုင်း မရပ်တန့်နိုင်အောင် ရုပ်ရှင်ဇတ်လမ်းတွဲတွေကို ကြည့်မိကြတယ်။
လူတစ်ချို့ဆိုရင် ကိုယ့်ကိုကိုတောင် သတိမထားမိပဲ လက်သည်းတွေ ကိုက်နေလေ့ရှိတယ်။ လက်မတွေ စုပ်နေမိကြတယ်။ အဲ့ဒါဟာ သူတို့ရဲ့ မသိစိတ်ကို မထိန်းချုပ်နိုင်ကြလို့ပဲ။
မသိစိတ်ကို ထိန်းချုပ်နိုင်ဖို့ဆိုတာဟာလည်း တော်တော်လေးကို ခက်ပါတယ်။ လူတစ်ယောက်ဟာ သူ့ရဲ့ မသိစိတ်ကို ထိန်းချုပ်သွားနိုင်ပြီဆိုတာနဲ့ သူ့ဘဝမှာ ရှိတဲ့ အခက်အခဲတွေကို လွယ်လွယ်ကူကူနဲ့ပဲ ကျော်လွှားနိုင်လာပါလိမ့်မယ်။
မသိစိတ်ကို ထိန်းချုပ်နိုင်ဖို့ဆိုရင် မသိစိတ်ဆို ဘာလဲ ဆိုတာ အရင်ဆုံး နားလည်အောင် ကြိုးစားဖို့လိုတယ်။
လူတစ်ယောက်ရဲ့ မသိစိတ်ထဲမှာ အတွေးတွေ အပြုအမူတွေ မှတ်ညဏ်တွေ အများကြီးရှိနေတယ်။ အဲ့ဒီအရာတွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေအပေါ်မှာ သက်ရောက်မူတွေ အများကြီးဖြစ်ပေါ်စေနိုင်တယ်။
ဒါဆို ကျွန်တော်တို့ မသိစိတ်ကို ဘယ်လို ထိန်းချုပ်မလဲ။
လူတစ်ယောက်ဟာ သူ့ရဲ့ မသိစိတ်ကို ထိန်းချုပ်နိုင်ဖို့ဆိုရင် ကိုယ့်ကိုကို သိမြင်မူ ရှိဖို့ အရေးကြီးတယ်။
ကိုယ်ရဲ့ အတွေးတွေ ကိုယ့်ရဲ့ အပြုအမူတွေက ဘယ်ကို ဦးတည်နေလဲဆိုတာ အမြဲတမ်းကိုယ့်ကိုကို ဆန်းစစ်ကြည့်နေဖို့လိုတယ်။ ကိုယ့်ရဲ့ အတွေးတွေက အတိတ်က စိတ်ဒဏ်ရာတွေ အပေါ် ခဏ ခဏရောက်နေလား။ ဖြစ်မလာသေးတဲ့ အနာဂတ်အကြောင်းအရာတွေအပေါ် စိုးရိမ်ပူပန်နေမိလား။ အဲ့ဒီလိုမျိုး ကိုယ့်ရဲ့ အတွေးတွေ တွေကို အမြဲတမ်း ပြန်လှည် သုံးသပ်နေဖို့လိုပါတယ်။
လူတစ် ယောက်ဟာ ကိုယ့်ရဲ့ စိတ်ကို ပစ္စပ္ပန်မှာ မြဲအောင်ထားနိုင်မှသာ သူ့ရဲ့ မသိစိတ်ကို ပိုပြီး ထိန်းချုပ်နိုင်ပါလိမ့်မယ်။
အဲ့ဒီလို ကိုယ့်ရဲ့ စိတ်ကို ပစ္စုပ္ပန်မှာ မြဲအောင်ထားနိုင်ဖို့ဆိုရင် ပုံမှန် တရားထိုင်ဖို့လိုပါတယ်။
တရားထိုင်တယ်ဆိုတာ ဘုရားစင်ရှေ့မှာ အချိန်ယူပြီး တရားထိုင်မှ တရားထိုင်တာမဟုတ်ပါဘူး။ လမ်းလျှောက်နေရင်း ဒါမှမဟုတ် ထိုင်နေရင်းနဲ့ ကိုယ့်ရဲ့ အတွေးတွေဟာ ပုံမှန်မဟုတ်တော့ပဲ အတိတ်ကို ရောက်သွားလိုက် အနာဂတ်ကို ရောက်လိုက် ဖြစ်နေပြီဆိုရင် ဆယ်စက္ကန့် လောက်ပဲ ဖြစ်ဖြစ် ဝင်လေထွက်လေ မှတ်ပြီး ကိုယ့်ရဲ့ မသိစိတ်ကို ပြန်ပြီးထိန်းချုပ်လို့ရပါတယ်။
နောက်တစ်ချက်က ကိုယ့်ကိုကို အကောင်းမြင်တဲ့ စကားတွေ ပြန်ပြောဖို့လိုပါတယ်။ တစ်ခါတလေ စိတ်တွေ အရမ်းရှုပ်ပြီး ရုန်းထွက်လို့မရနိုင်အောင် စိတ်ဓာတ်တွေကျနေတဲ့ အခါ လူတစ်ယောက်ကို သူ့ရဲ့ မသိစိတ်က လုံးဝ လွမ်းမိုးထိန်းချုပ်သွားနိုင်ပါတယ်။ အဲ့ဒီအခါ စိတ်ကို မထိန်းနိုင်တော့ပဲ မျက်ရည်တွေ တရစပ်ကျပြီး ရှိုက်ကြီး တင်ဖြစ်ကာ နှလုံးကို ဒုက္ခပေးနိုင်ပါတယ်။
အဲ့ဒီလို အဖြစ်မျိုးကို ရှောင်ကြဉ်ဖို့ဆိုရင် ဘယ်လောက်ပဲ စိတ်ဓာတ်ကျနေပါစေ ကိုယ့်ကိုကို အကောင်းမြင်တဲ့ စကားတွေ များများ ပြောဖို့လိုတယ်။ ငါလုပ်နိုင်တယ် ငါမကျရူံးသေးဘူး ဆိုပြီး ကိုယ့်ကို ကို ပြန်ပြောဖို့လိုပါတယ်။ အဲ့ဒီလို ကိုယ့်ကိုကို အကောင်းမြင်တဲ့ စကားတွေဟာ အပေါ်ယံကြည့်ရင် ပေါကြောင်ကြောင်နိုင်တယ်လို့ ထင်စရာ ရှိပေမယ့် တကယ်တမ်းမှာတော့ လူတစ်ယောက်ရဲ့ မသိစိတ်ကို ထိန်းချုပ်တဲ့ နေရာမှာ တော်တော်လေး အသုံးဝင်ပါတယ်။
နောက်တစ်ချက်က ကိုယ့်ရဲ့ အနာဂတ်အောင်မြင်မူတွေအပေါ် ပုံဖော်ကြည့်ခြင်းပါ
လက်ရှိမှာ ကိုယ့်အနေနဲ့ ဒုက္ခတွေ အဆင်မပြေမူတွေနဲ့ ကြုံနေရမယ်ဆိုရင်တော့ အနာဂတ်မှာ အဆင်ပြေနေတဲ့ ကိုယ့်ရဲ့ ပုံရိပ်ကို ပုံဖော်ကြည့်ခြင်းဟာ လည်း မသိစိတ်ကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်ပါတယ်။
နောက်တစ်ချက် က အလေ့အကျင့်ကောင်းတွေကို တည်ဆောက်ပါ
လူတစ်ယောက်ဟာ ကိုယ့်ကိုကို ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ အမိန့်ပေးခိုင်းစေတတ်ဖို့လိုပါတယ်။ အဲ့ဒီလို အမိန့်ပေးမခိုင်းစေတတ်ဘူးဆိုရင် အလုပ်တစ်ခုနဲ့ တစ်ခုကြားမှာ ဘာလုပ်ရမှန်းမသိပဲ အချိန်တွေကုန် လမ်းပျောက်နေလေ့ရှိပါတယ်။
အဲ့ဒီလို လမ်းပျောက်နေတဲ့ အချိန်တွေမှာ မသိစိတ်ရဲ့ ထိန်းချုပ်မူကို ကောင်းကောင်းကြီး ခံရပါတော့တယ်။ မသိစိတ်ရဲ့ ထိန်းချုပ်မူအောက်ကို ရောက်နေတဲ့ ကိုယ့်ရဲ့ စိတ်ဟာ စိတ်လွတ်နေတဲ့ လူတစ်ယောက်လို မျိုး ကိုယ့်ကို အသွင်ပြောင်းလိုက်နိုင်ပါတယ်။ ကိုယ်ဘာတွေ လုပ်နေမိလဲဆိုတာ ကိုယ့်ကိုကို သတိမထားမိလိုက်အောင် ဖြစ်သွားတတ်ပါတယ်။
အဲ့ဒါကြောင့် လူတစ်ယောက်ဟာ ကိုယ့်ရဲ့ မသိစိတ်ကို ကောင်းကောင်း ထိန်းချုပ်ဖို့ဆိုရင် ဘာပြီးရင် ဘာလုပ်မယ် ဘယ်အချိန်မှာ ဘယ်အရာကို လုပ်မယ်ဆိုတာ ကြိုတင် သတ်မှတ် ထားဖို့လိုပါတယ်။
လူတစ်ယောက်ဟာ ဘဝမှာ ကိုယ်လိုချင်တဲ့ ဘဝတစ်ခုကို အရောက်လှမ်းဖို့ဆိုရင် မသိစိတ်ကို ထိန်းချုပ်နိုင်ဖို့လိုပါတယ်။
မသိစိတ်ကို ထိန်းချုပ်နိုင် ဖို့ ကြိုးစားမှာလား။ ဒါမှမဟုတ် မသိစိတ်ရဲ့ ထိန်းချုပ်မူအောက်မှာ အမြဲတမ်း နေမှာလား?
ကိုယ်ကိုတိုင်ပဲ ရွေးချယ် ဆုံးဖြတ်ရလိမ့်မယ်။
Aung Paing Phyo
Keep Reading