Author's Profile Photo

Vic

9/10/2024

Gaslighting ဆိုတာ?

2 mins read
General Knowledge
Psychology
Gaslighting ဆိုတာ?'s photo

ကိုယ်မလုပ်ခဲ့တဲ့ အရာတစ်ခုအတွက် အပြစ်တင်တာခံရဖူးလား။ ဒါမှမဟုတ် ကိုယ်မလုပ်ခဲ့တဲ့ အရာတစ်ခုအတွက် အပြစ်ရှိသလိုခံစားခဲ့ရဖူးလား။

တကယ်တော့ အဲ့တာက Gaslighting effect ပါပဲ။
Gaslighting ဆိုတာ တစ်စုံတစ်ယောက်ရဲ့ _ဉာဏ်ရည်ဉာဏ်သွေး (သို့မဟုတ်) အကြောင်းအရာတခုခုပေါ်မှာ လက်ခံထားတဲ့ ခံယူချက်တွေ_ကို ပြန်ပြီးမေးခွန်းထုတ်စေတဲ့ စိတ်ပိုင်းဆိုင်ရာ လှည့်စားမှုတစ်ခုဖြစ်ပါတယ်။

friendship, relationshipတွေမှာ ကြုံနိုင်တဲ့အပြင် မိဘ၊ သားသမီးဆက်ဆံရေးနဲ့ အလုပ်ခွင်တွေမှာလည်း ကြုံတွေ့နိုင်ပါတယ်။

Gaslighterတွေက သူတို့ရဲ့ စကားလုံးတွေနဲ့ အခြားသူတွေရဲ့ ခံယူချက်တွေ ယိုယွင်းလာအောင် ထိုးနက်တတ်ပါတယ်။ သူတို့ပြောတဲ့စကားတွေ၊ လုပ်ရပ်တွေဟာ အမှန်ဆိုပြီး တစ်ဖက်လူ ယုံကြည်လာအောင် လှည့်စားနိုင်စွမ်းရှိပါတယ်။ လူတော်တော်များများက Gaslightingကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုကြပါတယ်။ တချို့သော လူနည်းစုကသာ နဂိုဗီဇအရ အခြားသူကို Gaslightingလုပ်မှန်းမသိ လုပ်မိနေတာမျိုးလည်း ရှိပါတယ်။

▪️Gaslighting ကို ရည်ရွယ်ချက်ရှိရှိလုပ်နေတဲ့ သူအများစုကတော့ ယေဘုယျအားဖြင့် _

▫️Narcissists
သူတို့တွေဟာ သူ့တို့ရဲ့ ပုံရိပ်ကို ကာကွယ်ဖို့အတွက် အခြားသူတွေကို ထိန်းချုပ်ပြီး မကြာခဏ Gaslighting လုပ်လေ့ရှိကြတဲ့သူတွေဖြစ်ပါတယ်။

▫️ Sociopaths and psychopaths
သူတို့လို စရိုက်ရှိတဲ့သူတွေကတော့ တခြားလူတွေအပေါ်မှာ ကျေးဇူးတရားကို အသုံးချပြီး လှည့်စားတာ၊ ချုပ်ကိုင်ချယ်လှယ်ရတာကို သဘောကျတဲ့လူစားမျိုးတွေ ဖြစ်ပါတယ်။

▫️အလွဲသုံးစားလုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ
ကိုယ့်ရှေ့မှာကျ ကောင်းချင်ယောင်ဆောင်ပြီး နောက်ကွယ်မှာ ချောက်တွန်းတာမျိုး၊ သူ့အပြစ်ကို ကိုယ့်အပြစ်အဖြစ်လွှဲချတတ်တဲ့ သူတွေဖြစ်ပါတယ်။

Gaslighterတွေ သုံးလေ့ရှိတဲ့ စကားတချို့ကတော့
- နင်က emotionအရမ်းဖြစ်တာဘဲ။
- နင်ကိုက sensitive ဖြစ်လွန်းတာပါ။
- အခု ဖြစ်နေတာအားလုံး နင့်ကြောင့်ပဲ။
- ငါနင့်အပေါ် ဘာလုပ်မိလို့လဲ?
- နင်ကိုက ပြဿနာဖြစ်နေတာ။
- နင်ဒီလောက်ခံစားရလိမ့်မယ်လို့ မထင်လို့ပါ၊ စသဖြင့်ပေါ့

▪️Gaslighting လုပ်ခံနေရတာလားလို့ သံသယရှိလာရင်
- Gaslighterလို့ ယူဆရသူရဲ့ ကိုယ့်ကိုဆက်ဆံပြောဆိုပုံတွေကို Diary, Journal တို့မှာ အသေအချာ မှတ်တမ်းတင်ပြီး သုံးသပ်သင့်ပါတယ်။
- ယုံကြည်စိတ်ချရတဲ့သူတွေကို ရင်ဖွင့် ပြောပြတိုင်ပင်သင့်ပါတယ်။
- ကိုယ့်ကိုယ်ကိုယုံကြည်မှု မကျသွားဖို့၊ ကိုယ့်ယုံကြည်ချက်တွေ မယိမ်းယိုင်ဖို့ အထူးဂရုစိုက်သင့်ပါတယ်။ တနည်းအားဖြင့် ကိုယ့်စိတ်ကိုယ်သေချာသိနေဖို့လိုအပ်ပါတယ်။ အဲ့ဒီအတွက် တရားထိုင်တာပဲဖြစ်ဖြစ်၊ ယောဂကျင့်တာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကို တည်ငြိမ်စေမယ့် အပြုအမူတွေကို လုပ်ဆောင်နိုင်ပါတယ်။
- Gaslighting လုပ်ခံရတာသေချာပြီဆိုရင် Gaslighterနဲ့ အတတ်နိုင်‌ဆုံး လိုတာထက်ပို မဆက်ဆံပဲ နေတာမျိုး၊ သူ့စကားတွေကို အတတ်နိုင်ဆုံး ဥပေက္ခာပြုတာမျိုးတွေ၊ သူ( Gaslighter) နဲ့ ပြောဆိုဆက်ဆံပြီးတိုင်း ကိုယ့်ကိုယ်ကို regulateပြန်လုပ်တာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။

Gaslighting အလုပ်ခံရပြီဆိုရင် နောက်ဆက်တွဲအနေနဲ့
- ကိုယ်လက်ခံ ယုံကြည်ထားတဲ့အချက်တွေ မသေချာတော့သလို ခံစားလာရတာမျိုး
- ကိုယ်သိထားတဲ့ ကိစ္စတော်တော်များများမှာလည်း ကိုယ်သိထားတာ မှန်လား၊ မှားလားဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်မိတာမျိုး
- ကိုယ့်ကိုယ်ကို အသုံးမကျဘူး၊ အာရုံမစိုက်နိုင်ဘူး၊ ပုံမှန်မဟုတ်ဘူးလို့ ခံစားလာရတာမျိုး
- ကိစ္စတော်တော်များများမှာလည်း တလွဲလုပ်မိနေတယ်ဆိုပြီး ကိုယ့်ကိုယ်ကို သံသယရှိလာတာမျိုး
- Gaslighting လုပ်ခံရတာကိုတောင် သတိမမူမိဘဲ gaslighter တွေကို ပြန်တောင်းပန်တာမျိုး၊ အောက်ကျို့တာမျိုး အထိပါဖြစ်လာနိုင်ပါတယ်။
- Confidentတွေ နည်းလာတာမျိုး
- လွယ်ကူရိုးရှင်းတဲ့ ကိစ္စတွေမှာတောင် ဆုံးဖြတ်ချက်ချဖို့ အခြားသူတွေဆီကနေ အကြံဉာဏ်၊ အကူအညီတွေ လိုက်တောင်းယူရတဲ့ အခြေအနေမျိုး
- စိုးရိမ်စိတ်တွေများတာ၊ စိတ်ဓာတ်ကျလွယ်တာမျိုး

Gaslighting လုပ်ခံရရင် သာမာန်ထက် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်တဲ့သူတွေတောင် ကိုယ့်ကိုယ်ကို၊ ကိုယ့်ခံယူချက်ကို မေးခွန်းပြန်ထုတ်မိတာမျိုး ဖြစ်တတ်ပါတယ်။ သာမာန်လူတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းတွေသူတွေဆိုရင်တော့ ?

Gaslightingဟာ သတိထားရမဲ့ စိတ်ပိုင်းဆိုင်ရာ လှည့်ကွက်ကြီးတစ်ခုဖြစ်တဲ့အတွက်ဆရာသန်းထွန်းပြောသလို
" လူတွေကို မယုံနဲ့၊ မယုံကြောင်းလဲမပြနဲ့
နှလုံးသားက အကောင်းမြင်မှ
ဘဝဟာ နေပျော််ဆိုတာက တစ်ပိုင်း
ဦးနှောက်က အဆိုးမြင်မှ
ဘဝလုံခြုံမယ်ဆိုတာက တစ်ပိုင်း "
အားလုံးလည်း Gaslighting အန္တရာယ်ကနေ ကင်းဝေးကြပါစေ။

ကိုးကား _ www.newreportinstitute.com\identifygaslighting
Photo © Pinterest

Keep Reading

"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း