Author's Profile Photo

MG KHA

8/10/2024

Motivated Note.

1 min read
Book Review
General Knowledge
Psychology
Motivated Note.'s photo


- တစ်ကောင်တည်း နေတတ်အောင်သင်
- စိတ်နဲ့ ခန္ဓာ ကို ထက်နေအောင်သွေး၊
သုံးရအောင် လုပ်..
(ဖြည်းဖြည်းနဲ့ နက်နက်တွေးဖို့..)

ဒီလိုပုံစံ စကားလုံးမျိုးတွေ ကြားဖူး၊ဖတ်ဖူးကြမယ် ထင်ပါတယ်။ကျုပ်တို့ခေတ်မှာက Motivation ပါတ်သတ်ပြီး ပြောတဲ့ အချက်တွေဟာ ပလူပျံအောင် များသလို ၊ဆင်တူရိုးမှား ၊Design ပုံစံအသစ်၊ တစ်ပုဒ်တစ်မျိုး မရိုးနိုင်အောင် ရှိကြတယ်..
(ရိုးရိုးရှင်းရှင်းနဲ့ အရိုင်းဆန်ဆန် ကိုယ်ပိုင်အတွေးသက်သက် မျှဝေထားသည်မို့ ဖြည့်တွေး၊ဖတ်ရှု့ပေးကြပါဗျ)

Motivation Speaker တွေများလာတာနဲ့အမျှ..
ကျုပ်တို့လူငယ်တွေ
မျက်စိလည်စရာ ပိုများလာတယ်ထင်တယ်....

ဘယ်လိုလုပ် ၊ ဘယ်လိုနေ ၊ ဘယ်လမ်းလျောက်..

" ရည်မှန်းချက်ကြီးကြီးထား " .....
ဆိုတော့ ကျုပ်တို့ ပိုခေါင်းခြောက်စရာ ဖြစ်ရတယ်...

ပြောရရင် လက်ရှိက ကိုယ်ဝင်ငွေနဲ့ ကိုယ်တောင် ခြေစုံ ရပ်နိုင်‌သေးတာ မဟုတ်ပဲလေ..။
ဒီနိုင်ငံ ၊ ဒီ...ပါတ်ဝန်းကျင်... ကျောထောက်နောက်ခံ ကင်းတဲ့၊
ဘယ် အခြေခံ လူတန်းစား..,သားသမီး ကများ အကုန် ရနိုင်မှာတဲ့လဲ ..( Psychology အခြေခံနဲ့ ပါတ်သတ်လို့ တီးမိခေါက်မိ ရှိစေတာတော့ ဝန်ခံပါတယ်.)

ကြားထဲ relationship ကိစ္စ၊ social ကျရေး စတဲ့ အရှုပ်တွေက တစ်မျိုး...emotionနဲ့ တစ်ဖတ်သားကို ထိန်းချုပ်နည်း.၊ ဗလာဗလာ........
(tittok user တွေ ဆို ပိုသိပါလိမ့်မယ်..)

(၁) တစ်ကောင်တည်း နေတတ်အောင် သင်

ဒီစကားက ကို Pika ပြောတဲ့ စကားပါ။ ကိုယ်နဲ့ သေချာ ကိုက်ညီတယ် ခံစားရလို့ ယူသုံးဖြစ်ခဲ့တယ်..

social မကျ၊ ဘာ skill မရှိသေးတဲ့ ကောင်ဆိုတော့ ကွက်တိဖြစ်သွားတယ်။

ဒီစကားကြောင့်ပဲ relationship ကိစ္စနဲ့
တစ်ကူးတစ်က မိတ်ဖွဲ့ ဟန်ဆောင် နေရတဲ့ ဒုက္ခတွေ နည်းသွားတယ်။ ကိုယ့်ကိုယ်ကိုယ်
ကိုယ့်ပုံစံအတိုင်းလေး ရှိနေတာပဲ ကောင်းတယ်လို့ သေချာ လက်ခံလိုက်တယ်..

ဘာသာရေးမှာလည်း ဗုဒ္ဓက
" တစ်‌ယောက်တည်း နေတတ်အောင် နေ" ဆိုတဲ့ စကားကို ဟောခဲ့ဖူးတယ်...

ပန်းတိုင် မရောက်ခင် လမ်းခုလတ်မှာ ဗျာမများစေဖို့ ၊ အာရုံတစ်ခုပေါ်ပဲ လုံ့လ အားသွန် ခွန်စိုက်ပြုဖို့ တွန်းအားပေးတဲ့ စကား ..

" တစ်စုံတစ်ခုပေါ် သေချာ လုံ့လ အပြည့်အဝ စိုက်ထားရင် ပန်းတိုင်က သေချာပေါက် ရောက်လာမှာပါ.."

(၂) စိတ်နဲ့ ခန္ဓာကို ထက်နေအောင်သွေး

ဒီစကားက အနာဂါတ် ဆိုတာနဲ့ ဆက်စပ်နေတယ်ဗျ ။ Sadhguhu ဆိုတဲ့ အိန္ဒိယ ဂုရုဆရာတစ်ယောက်က ပြောခဲ့တယ်..
" သုံးမရတဲ့ ပညာရေးစနစ်မှာ အချိန်တွေ ရင်းနှီးပြီး ဆက်နေသင့်၊ မနေ သင့် " မေးတဲ့အခါ
ဒီစကားလေး ထည့်ဖြေပေးခဲ့တယ်..
လက်ပျောက်တယ် ဆို ဒီစကားလေး နှလုံးသွင်းကြည့်ပါ။

-သူများတွေ ဘာဖြစ်နေပြီ၊ ဘာတွေ ရနေပြီ၊ ဘာတွေ လုပ်နေပြီ ...
- ခင်ဗျားက သူများမှ မဟုတ်ပဲလေ..

- မဖြစ်သေးတာတွေ တွေး၊ မဟုတ်တာတွေ ဂရုမစိုက်ပဲ ခင်ဗျားကိုယ်ခင်ဗျားပဲ ထက်နေအောင်သွေးပါ..

- သင်ယူမှု့တွေ မပျက်စေနဲ့၊ လုပ်စရာရှိတာ မလစ်ဟင်းစေနဲ့...၊ မခို၊ မကပ်ပဲ လုပ်ကြည့်..

- ခြေနေချိန်ခါအရ ဘယ်အလုပ်မှ သေးနုပ်တယ် ဆိုတာ မရှိနိုင်ပါဘူး..(ခင်ဗျားကိုယ်တိုင် ကျေနပ် သ၍ပေါ့)

-ဘာသာရေးမှာ
Mind က sharpen ဖြစ်နေရင် စကြာဝဠာ ထိပါ လမ်းလျောက်သွားနိုင်ပါတယ်...

#တစ်ကိုယ်တည်းနေတတ်အောင်သင်
#စိတ်နဲ့ ခန္ဓာကို ထက်နေအောင်လုပ်

ဖြည်းဖြည်းနဲ့ နက်နက် သေချာ တွေးကြည့်ပါဗျ...

#Kha

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးအချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါမေတ္တာမဏ္ဍိုင်လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်ကော်ဖီတမ်းချင်း