Yati
၂၀၂၁ လောက်က ပြဿနာတစ်ခုကြောင့် ကျွန်မရဲ့ မျှော်လင့်ချက်၊ စိတ်ကူးအိမ်မက်တွေ အကုန်ပျက်စီးပြီး အရာအားလုံးကို လက်လျှော့လိုက်ချင်စိတ်တွေ ဖြစ်တဲ့အထိ လဲပြိုပြီး လမ်းပျောက်ခဲ့ရတယ်။
ဒီလိုနဲ့ တစ်ရက်ကျတော့ Spanish Learning Website တစ်ခုကိုဝင်ပြီးတဲ့နောက် စာတိုလေးတစ်ခုက ကျွန်မရဲ့ စိတ်တွေကို ပြန်ရှင်သန်လာအောင် လမ်းစပေးခဲ့ပါတယ်။ စာလေးက တစ်ကြောင်းတည်းပေမယ့်လည်း ကျွန်မအတွက်တော့ အားဆေးတစ်ခုဖြစ်လာခဲ့ပါတယ်။
"En tres palabras puedo resumir todo lo que he aprendido sobre la vida: Sigue adelante."
"စကားလုံး သုံးလုံးဖြင့် ကျွန်ုပ်သည် ဘဝနှင့် ပတ်သက်သော သင်ယူခဲ့သမျှအားလုံးကို နိဂုံးချုပ်နိုင်သည် - Life goes on"
ဒီစာလေးကနေတစ်ဆင့် ခွန်အားတွေ အတွေးသစ်တွေ ပြန်ရလာခဲ့ပြီး ကျွန်မရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲ စိန်ခေါ်မှုကနေ သင်ခန်းစာတွေယူရင်း၊ လိုအပ်ချက်တွေကိုပြန်ရှာရင်း၊ အားလုံးကို ၁ ကပြန်စပြီး ရှေ့ဆက်လျှောက်ဖို့ဆုံးဖြတ်ချက်ချခဲ့ရာကနေ အတွေးအခေါ်တွေပိုရင့်သန်ပြီး လက်လျှော့ချင်စိတ်ဆိုတာ မရှိတော့ဘဲ ယုံကြည်မှုတွေလည်းပိုရှိလာခဲ့ပါတယ်။
နောက်ဆုံးအနေနဲ့ ကျွန်မ ပေးချင်တဲ့ Message လေးကတော့ -
"La vida es un flujo constante, y aunque atravesemos momentos difíciles, la única opción que tenemos es seguir adelante. Cada desafío nos ofrece una lección, y la clave está en no detenernos, en aprender a avanzar con lo que la vida nos va enseñando en el camino."
ဘဝဆိုတာ စဉ်ဆက်မပြတ် စီးဆင်းနေပြီး ခက်ခဲတဲ့အချိန်တွေကို ဖြတ်ကျော်ရမယ်ဆိုရင်တောင် ကျွန်မတို့မှာ တစ်ခုတည်းသော ရွေးချယ်ခွင့်က ရှေ့ကို ဆက်သွားဖို့ပါပဲ။ စိန်ခေါ်မှုတိုင်းက ကျွန်မတို့ကို သင်ခန်းစာတစ်ခုပေးတယ်၊ အဓိကက ရပ်တန့်မနေဘဲ၊ ဘဝလမ်းတစ်လျှောက်မှာ ဘဝက သင်ပေးတဲ့အရာတွေနဲ့ ရှေ့ဆက်ဖို့ သင်ယူဖို့ပါပဲ။"
(ကျွန်မ အတွေးဖြင့်သာ ရေးသားခြင်းဖြစ်သောကြောင့် နားလည်မှု အတွေးများလွဲမှားခဲ့ရင်နားလည်ပေးစေလိုပါသည်)
စာပေမိတ်ဆွေများအား လေးစားလျက်..❣️
Yati ?
Keep Reading