Author's Profile Photo

Youth’s Book Reflections

5/10/2024

Only one တစ်ကောင် တည်းပဲ-Jimmy✍️

1 min read
Personal Development
Book Review
General Knowledge
Only one တစ်ကောင်
တည်းပဲ-Jimmy✍️'s photo


?Becoming- ဖြစ်တည်ခြင်း(ဘာသာပြန်-ဝင်းငြိမ်း)
?Spare-Prince Harry(အရံလူ/လူပို)
?Born a crime- ပြစ်မှုတစ်ခုဖွားမြင်ခြင်း(ဘာသာပြန်-သင့်လူ)
?The Keys-DJ Khaled/ငါ့ဘဝအတွက် ငါကိုယ်တိုင်ဖွင့်ခဲ့တဲ့သော့(ဘာသာပြန်-နေထွန်းလင်း)
?You deserve better-Annie Marie(ပိုကောင်းမယ့်မနက်ဖြန်-လင်းသစ်)

ဘာသာပြန်စာအုပ်တွေ စာရင်းပြုစုနေတာတော့မဟုတ်ပါဘူး။နိုင်ငံတကာက စာရေးသားစာအုပ်ထုတ်ဝေကြတဲ့ ကျော်ကြားသူတွေရဲ့ စာအုပ်တွေနဲ့ လက်ရှိ စာအုပ်စျေးကွက်မှာ မြင်နေရတဲ့ ဘာသာပြန်စာအုပ်တချို့ကို လက်လှမ်းမီသလောက် ဖော်ပြခြင်းပါ။ဒါတင်မက Will smith,Shane Dawson,Lilly Singh,KSI, စသဖြင့် နာမည်ကြီးထင်ရှားသူတွေ ကိုယ့်နိုင်ငံက ကျော်ကြားတဲ့လူအချို့ကလည်း သူတို့ဘဝအတွေ့အကြုံတွေ၊သင်ခန်းစာတွေကို စာလုံးတွေနဲ့ ကျနော်တို့ကို မျှဝေပေးကမ်းကြပါတယ်။နိုင်ငံရေးနယ်ပယ်၊အနုပညာနယ်ပယ် ဒီလိုနယ်ပယ်အသီးသီးက လူပေါင်းများစွာက သူတို့ကွန်ယက်ကျယ်သထက်ကျယ်ပြီး influence ဖြစ်ဖို့ နည်းမျိုးစုံကြိုးစားလာကြတယ်။စာအုပ်ရေးသားထုတ်ဝေခြင်းကလည်း ဒီသဘောတရားဆန်ဆန်ပါပဲ။

အခုစာအုပ်ကိုရေးတဲ့သူက Jimmy… လူငယ်တွေကြားမှာတော့ မသိသူမရှိသလောက်ပဲ အနည်းဆုံး jimmyကိုသိလားလို့မေးလိုက်ရင် ဖိနပ်အကြောင်းပြောတဲ့သူမလားလို့ပြန်ကြားရတာများတယ်။ ပြောရမယ်ဆို ကလေးအစ ခွေးအဆုံးသိတယ်ပေါ့ဗျာ။စကားအဖြစ်ပြောတာပါ။မသိရင်လည်း jimmyလို့ရှာရုံနဲ့ သူ့အနေအထားကို နည်းနည်းတီးမိခေါက်မိရှိမှာပါ။

ဒီစာအုပ်ကိုဖတ်ရတဲ့ခံစားချက်ကတော့ အလွန်ရင်းနှီးတဲ့ အစ်ကိုတစ်ယောက်က “လာ ထိုင်ဦး အစ်ကို့ဘဝကို နည်းနည်းပြောပြမယ် နားထောင်”ဆိုပြီး စိတ်လိုလက်ရ သူ့အဖြစ်ကိုပြန်ပြောင်းပြောပြနေသလိုမျိုး သူ့အတွေ့အကြုံနဲ့ရခဲ့တဲ့ အသိတွေကိုလည်း sharingလုပ်ရင်းပေါ့။အများအားဖြင့်တော့ သူ့စာတွေမှာ သူ့လက်ရှိအလုပ် နယ်ပယ်နဲ့ဆက်စပ်တာ များပါလိမ့်မယ်။

ဖတ်ရတာ လျှောခနဲဖြစ်တယ်။ဖြစ်ရတာကလည်း သူ့ရဲ့ စကားပြောရေးဟန်ကြောင့်ဖြစ်မှာ။သိပ်လည်း ကိုယ့်ကိုယ်ကို အမွှန်းမတင်ထားဘူး။သူဖြတ်သန်းခဲ့ရတဲ့ဘဝနဲ့ယှဉ်ပြီး ရခဲ့တဲ့ အတွေးအမြင်တွေ ခံစားမှုတွေ သင်ခန်းစာတွေမလို့ ဖတ်ရတဲ့လူငယ်တိုင်းအတွက် တစ်ခုခုတော့ရစေမှာပါ။

ဒီစာအုပ်က လူငယ်ကြား အထူးသဖြင့် jimmyရဲ့ ပရိတ်သတ်ကြားမှာ တော်တော်လေးပေါက်ခဲ့တာမလို့ စုချင်လို့ပဲဖြစ်ဖြစ် အမှတ်တရဖြစ်ဖြစ် ဓာတ်ပုံရိုက်တင်ဖို့ပဲဖြစ်ဖြစ် ဘဝအကြောင်းသိချင်လို့ဖြစ်ဖြစ် ‘ဖြစ်ဖြစ်’တွေမျိုးစုံပေါ့လေ။ဘာ ‘ဖြစ်ဖြစ်’ ကြောင့်ဖြစ်ဖြစ်ပါ ဖတ်မိခဲ့မယ် ဖတ်လိုက်ရတယ်ဆိုရင်ကိုပဲ သူပေးချင်တဲ့ messageအချို့ကို လူငယ်တွေ (ကြီးကြီးကျယ်ကျယ်ပြောရရင် နောင်အနာဂတ်ခေါင်းဆောင်တွေ)ရသွားမှာပါ။ မိဘတွေလူကြီးတွေကို ကန့်လန့်တိုက်တတ်တဲ့အရွယ်မှာ idolတစ်ယောက်ရဲ့ စာက သူ့ကိုအားကျနေတဲ့ လူငယ်တစ်ယောက်အတွက် အပြောင်းအလဲ တစ်ခု မဖန်တီးပေးလိုက်နိုင်ဘူးလို့ မပြောနိုင်ဘူးမလား….။

#လမင်းကိုထရံပေါက်မှကြည့်ခြင်း
#bookreview
#Youth’s_book_reflections
#Jimmy #Only_one_တစ်ကောင်တည်းပဲ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးလိုတာထက် မပိုပါနဲ့စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းလက်ရှောင်တတ်တာကမှ အဆင်ပိုပြေသေးတယ် စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်အကျင့်ဆိုးသမားတွေကိုရှောင်ပါ စာစောင်လေးဆယ့်သုံး - ချမ်းသာခြင်းအစစ် စာစောင်နှစ်ဆယ့်ခုနှစ်-အသိရှိရှိရှင်သန်ခြင်း