Author's Profile Photo

စောမြတ်နွယ်

5/10/2024

နေ့စဉ်လေ့လာ Englishစာ (69)

1 min read
Personal Development
Education
Language
နေ့စဉ်လေ့လာ Englishစာ (69)'s photo

ဒီနေ့ပြောပြချင်တာက
မိုးလေဝသနဲ့ သက်ဆိုင်တဲ့ ဝေါဟာရတွေပဲဖြစ်ပါတယ်။

English စာလေ့လာတဲ့ နေရာမှာ ဝေါဟာရ ကြွယ်ဝဖို့ကလည်း အများကြီး အရေးပါပါတယ်။

ဒါကြောင့် ဒီနေ့မှာ မိုးလေဝသနဲ့သက်ဆိုင်တဲ့ ဝေါဟာရတွေကို မျှဝေပေးချင်ပါတယ်။

?????

Weather Vocabulary

cloud =တိမ်
cloudy =တိမ်ထူသော

fog=မြူ
foggy =မြူဆိုင်းသော

hail =မိုးသီး
hailing =မိုးသီးကျသည်။
hailstorm =မိုးသီးမုန်တိုင်း

ice =ရေခဲ
icy =ရေခဲတမျှအေးသော

rain =မိုး
rainy =မိုးရွာသော

raindrop =မိုးစက်မိုးပေါက်
rainbow =သက်တံ
rainstorm =မိုးသက်မုန်တိုင်း

drizzle =မိုးဖွား။မိုးဖွဲ။မိုးဖွဲဖွဲရွာသည်။
drizzly =မိုးဖွဲဖွဲကျနေသော

snow =ဆီးနှင်း
snowy =နှင်းကျသော
snowstorm =နှင်းမုန်တိုင်း
snowflake =ဆီးနှင်းပွင့်

storm =မုန်တိုင်း
stormy =မုန်တိုင်းထန်သော

sun =နေ
sunny =နေသာသော

thunder =မိုးချုန်းသံ။မိုးခြိမ်းသံ။
thundery =မိုးချုန်းသော

wind =လေ
windy =လေတိုက်သော

heat =အပူ
hot = ပူသော

warmth =အနွေးဓာတ်
warm =ပူနွေးသော

coolness =အေးမြခြင်း
cool =အေးမြသော

cold =အအေး
cold =အေးသော

sleet =မိုးနှင်း
sleeting =မိုးနှင်းကျသည်။

freezing =အလွန်အမင်းအေးသော
lighting =လျှပ်စီး ။လျှပ်စီးလက်ခြင်း။

tornado =လေဆင်နှာမောင်း
cyclone =ဆိုင်ကလုန်းမုန်တိုင်း
typhoon =တိုင်ဖွန်းမုန်တိုင်း
hurricane =ဟာရီကိန်းမုန်တိုင်း

?????

ဒီနေ့အတွက်တော့ဒီလောက်ပါပဲ။
Englishစာ ဗဟုသုတများတိုးပွားနိုင်ကြပါစေ။

#စောမြတ်နွယ်
5.10.2024


Keep Reading

အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းတစ်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ရှည်ပါ။မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်တန်ရာတန်ကြေးနိယာမအဆန့်အဖျက်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်