Author's Profile Photo

SarPhat Author

21/03/2024

ကျနော် Content တွေကို ဘယ်လိုဖန်တီးရေးသားနေလဲ ?

1 min read


ကျနော် Content ‌စတင်ဖန်တီးရေးသားဖို့အခွင့်အရေးရလာတာကတော့ Online Shopping လုပ်နေသူတွေအတွက် Content တွေဖန်တီးခွင့်ရလာတာပါ။Creative ဆိုတာထက် Page ကို Follow လုပ်ထားတဲ့ Customer တွေရဲ့ Need and Want ကိုပိုလေ့လာပါတယ်။ ဒါတွေကို သိတော့ ကျနော့်ရဲ့ Creative ဘောင်ထဲထည့်သွင်းပြီး Content တွေဖန်တီးပါတယ်။ ?

Content တစ်ပုဒ်ဖြစ်လာဖို့ဆိုတာ မလွယ်ပါဘူး။ အချိန်ပေးရတယ်။ အချိန်ပေးတယ်ဆိုတာနောက်မှာ Research လုပ်ရတာ၊ Analysis လုပ်ရတာအပြင်
Writing ပိုင်းမှာလည်းအချိန်ယူရပါတယ်။ ?

Content ရဲ့ အဓိကကတော့ လူတွေကို Product/Service တွေနဲ့ရင်နှီးအောင်မိတ်ဆက်ပေးရတာဖြစ်ပါတယ်။ Content တစ်ပုဒ်ကောင်းမကောင်း၊ထိရောက်ရှိတာ မရှ်ိတာ လူတွေပေါ်မှာလည်းသက်ဆိုင်ပါတယ်။

ဘယ် Content ဟာ ကိုယ့်ရေးတဲ့ Page ကိုလူသိသွားစေတာလဲပေါ်မှာလည်း အမြဲဆန်းစစ်နေရပါတယ်။
ဒါ့မှလည်း ထိရောက်တဲ့ Content တွေကိုဖန်တီးနိုင်မှာဆိုတာ ကျနော်သိထားလို့ပါ။

Page တစ်ခုအတွက် Content တစ်ပုဒ်တည်းတင်လိုက်ရုံနဲ့ အရမ်းရောင်းရသွားမှာဆိုရင်မယုံပါနဲ့။
လူတိုင်းဟာ စိတ်ခံစားချက်အမျိုးမျိုးရှိတာကြောင့်
Content တစ်ပုဒ်ထဲနဲ့ မထိရောက်ပါဘူး။
Product/Service ကို ဘာကြောင့်ဝယ်ယူသွားသင့်တာလဲဆိုတာမျိုး ထိရောက်အောင်ရေးနိုင်မှ (သို့မဟုတ်)
ကိုယ့် Product/ Service ဝယ်နိုင်ခြေရှိတဲ့သူတွေကိုသာ Target ထားတင်ဆက်နေရပါလိမ့်မယ်။

Content တွေမှာလူတွေကြိုက်နှစ်သက်တာတွေထည့်ဖို့လိုအပ်ပါတယ်။ Value ဘယ်လောက်ပါလဲ။ သူတို့အတွက် အမြဲတင်နေတဲ့ Content တွေမှာဘာတွေရရှိသွားလဲ ပေါ်မူတည်ပြီး Offer များများပေးတဲ့ Page ကိုပဲ လိုအပ်လာတဲ့အခါရွေးချယ်ဝယ်ယူသွားကြတာကို သတိချပ်ဖို့အရေးကြီးပါတယ်။

စာတွေတော့ရှည်သွားပြီ ??

ကျနော် Content တွေဖန်တီးရေးသားတဲ့အခါ
▪️ Website
▪️ ChatGPT
▪️Pain Point
▪️ Interview
▪️ Question စတာတွေလုပ်ဆောင်ပြီးမှ Content တစ်ပုဒ်ကိုဖန်တီးပါတယ်။ ဒါတွေကတော့ Writer တွေအတွက် အမြဲလုပ်နေရမယ့် လုပ်ရိုးလုပ်စဉ်တွေပဲဖြစ်ပါတယ်။

Keep Reading