Author's Profile Photo

SarPhat Author

21/03/2024

အလုပ်ကြိုးစားရုံနဲ့ မအောင်မြင်နိုင်ဘူး ဒါပေမဲ့

5 mins read
Personal Development
Business
Education
အလုပ်ကြိုးစားရုံနဲ့ မအောင်မြင်နိုင်ဘူး ဒါပေမဲ့ 

's photo

အလုပ်ကြိုးစားတိုင်း မချမ်းသာနိုင်ဘူး မအောင်မြင်နိုင်ဘူး

အလုပ်ကြိုးစားတိုင်း ချမ်းသာ မယ်ဆိုရင် အခြေခံလူတန်းစားတွေ အားလုံး ချမ်းသာနေခဲ့တာ ကြာပေါ့။
အ‌ခြေခံ လူတန်းစား‌ တွေ အနေနဲ့ ဘယ်လောက်ကြိုးစားကြိုးစား စားဖို့ သောက်ဖို့ 
လုံ‌လောက်အောင် ကြိုးစားနေကြရတာ အားလုံးသိကြမှာပါ။ 

ကြိုးစားတိုင်းသာ ချမ်းသာမယ် အောင်မြင်မယ်ဆိုရင် ပန်းရံလုပ်တဲ့သူတွေ ဆိုက်ကားနင်းတဲ့သူတွေ ချမ်းသာနေခဲ့တာ ကြာပေါ့။

အလုပ်ကြမ်းလုပ်တဲ့ လူတွေကို မင်း တို့ မကြိုးစားလို့ မချမ်းသာတာ လို့ သွားပြောလို့မရဘူး။

အောင်မြင်ချင်ရင် မနက်စောစောထလို့ သွားပြောရင် ပဲပြုတ်သည်တွေ ရယ်နေလိမ့်မယ်။
Delivery ပို့တဲ့ လူတစ်ယောက်ကိုမင်းပျင်းနေလို့ မအောင်မြင်တာလို့ သွားပြောရင် အထိုးခံရလိမ့်မယ်။
တကယ်တော့ လောကမှာ အလုပ်ကြိုးစားရုံနဲ့ မလုံလောက်ဘူး။
ကြိုးစားတဲ့ နေရာ မှန်ကန်ဖို့လည်းလိုအပ်တယ်။ 

လူငယ်တွေဆိုရင်လည်း ကိုယ့်အတွက် အတွေ့အကြုံကောင်းတွေ လည်းမရနိုင် လစာလည်း မကောင်းတဲ့ အလုပ်တစ်ခုမှာ ပေကပ်ပြီး အချိန်တွေ ဖြုန်းမနေသင့်ဘူး။

ကိုယ်ရဲ့ အနာဂတ်မှာ ပိုကောင်းတဲ့ ဘဝတစ်ခုကို ပို‌င်ဆိုင်ချင်ဖို့ဆိုရင် ကိစ္စတိုင်းမှာ အမျှော်အမြင် ရှိဖို့လိုတယ်။ 

ကိုယ်လုပ်နေတဲ့ အလုပ်ကို ဘယ်လို ဆန်းသစ် တီထွင်မူတွေ လုပ်လိုက်ရင် အလုပ်မြန်မြန်ပြီးနိုင်လဲ ဆိုတာ အမြဲတမ်းလေ့လာနေရမယ်။
 နည်းလမ်းအသစ်တွေ အသုံးချပြီး ငွေ ဘယ်လို ပိုရှာမလဲ အမြဲတမ်း တွေးတော ကြံဆနေရမယ်။ 

လောကမှာ အောင်မြင်ချင်ရင် Hard Work နဲ့ ဖြစ်ရုံနဲ့ မလုံလောက်ဘူး။ Smart Work ဖြစ်ဖို့လည်းလိုအပ်တယ်။

ဒါဆိုရင် ပင်ပင်ပန်းပန်း ကြိုးစား နေ ပေမယ့် မအောင်မြင် သေးတဲ့ သူတွေ အနေနဲ့ လက်ရှိ ဘဝကနေ ဘယ်လို ရုန်းထွက်မလဲ? 

(၁) ကိုယ့်ကိုကို သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားပါ။ 

လူတော်တော်များများကို မတိုးတက်စေတဲ့အရာတွေထဲမှာ ကိုယ့်ကိုကို ကန့်သတ်နေတဲ့ အတွေးတွေဟာ ထိပ်ဆုံးကနေပါဝင်ပါတယ်။ ငါက အင်္ဂလိပ်စာမကောင်ဘူး။ ငါ ဒီလို အရာတွေ လေ့လာနိုင်မယ်မထင်ဘူး။ ငါက အရမ်းရှက်တတတ်တာ ဒီလိုအရာတွေနဲ့ ငါနဲ့ အဆင်ပြေမယ် မထင်ဘူး။ စသည်ဖြင့် ဆင်ခြေ ပေါင်းစုံသုံးပြီး ကျွန်တော်တို့ ကိုယ့်ကိုကို ကန့်သတ်လေ့ရှိကြတယ်။ 
ကျွန်တော်တို့ အနေနဲ့ လက်ရှိဘဝ ကနေ ရုန်းထွက်ချင်ရင် ပထမဆုံး လုပ်ရမှာက ကိုယ့်ကိုကို ကန့်သတ်ထားတဲ့ အတွေး မှန်သမျှကို ဖယ်ရှားဖို့ လိုတယ်။

(၂) ကိုယ်နဲ့ လက်လှမ်းမှီသမျှ အရည်အချင်းတိုင်းကို လေ့လာပါ။

ကိုယ်ရဲ့ မိဘတွေဟာ မချမ်းသာဘူးဆိုရင် ကိုယ့်အနေနဲ့ ဈေးကြီးတဲ့ သင်တန်းတွေကို တတ်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒီထက်ဆိုးတာ က သင်တန်းမှန်သမျှကို မတတ်နိုင်တာလည်း ဖြစ်နိုင်တယ်။ 
တစ်ချို့တွေဆို ငယ်ငယ်လေးနဲ့ ကျောင်းထွက်ခဲ့ရလို့ အင်္ဂလိပ်စာ အခြေခံတောင် မရှိရှာဘူး။ 
ဒါဆိုရင် ဒီလို အခြေအနေတွေကနေ ဘယ်လိုရုန်းထွက်မလဲ? 
အဲ့ဒီလို လူတွေအနေနဲ့ ကိုယ့်ရဲ့ အင်္ဂလိပ်စာအရည်အချင်းကို အရင်ကထက် ပိုကောင်းလာအောင် လေ့လာသင့်တယ်။ ယူကျူ့မှာ ဗီဒီယိုတွေ ကြည့်ဖို့ ပိုက်ဆံမရှိဘူးဆိုရင် တောင် တယ်လီဂရမ် ချန်နယ်တွေကနေ လေ့လာလို့ရတယ်။
အင်္ဂလိပ်စာအတန်အသင့်ကောင်းလာပြီဆိုရင် ဖုန်းနဲ့ video တည်းဖြတ်တာတို့ ဂစ်တာတီးတာတို့ 
သီချင်းဆိုတာတို့ စသည်ဖြင့် ကိုယ်နဲ့ လက်လှမ်းမှီနိုင်တဲ့ ဘယ်အရည်အချင်းကိုမဆို လေ့လာနိုင်တယ်။

(၃) မကောင်းတဲ့ အလေ့အကျင့်တွေကို လျှော့ချပါ

ကိုယ်ဟာ ဆင်းရဲ့သား ရပ်ကွက်မှာ ကြီးပြင်းခဲ့ရတဲ့သူတစ်‌ယောက်ဆိုရင် ပတ်ဝန်းကျင်ရဲ့ သင်ယူမူ အရ ကိုယ့်မှာ မကောင်းတဲ့ အလေ့အကျင့်တစ်ချို့ ကိန်းအောင်းနေတတ်တယ်။ ဥပမာ အလုပ်မှာ ပင်ပင်ပန်းပန်းရှာဖွေထားသမျှ ငွေတွေကို အရက်သောက်ပြစ်တာတို့ ဘောလုံးပွဲ လောင်းလိုက်တာတို့ ဂိမ်းထဲမှာ စိန်တွေ ဝယ်ဖို့ သုံးလိုက်တာတို့ အဝတ်အစားတွေ နာရီတွေကို မလိုအပ်ပဲ လူအထင်ကြီးခံချင်တဲ့စိတ်နဲ့ လျှောက်ဝယ်နေတာတို့ အဲ့ဒီလို အလေ့အကျင့်တွေ ကိုယ့်မှာ ရှိနေနိုင်တယ်။
ကိုယ်အနေနဲ့ လက်ရှိမှာ လူဟာ ဆင်းရဲနေလို့ရတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ အလေ့အကျင့်တွေဟာ မဆင်းရဲနေသင့်ဘူး။ 
အောင်မြင်မူဆိုတာ ဟာရွေးချယ်မူပဲ။ နောက်ငါးနှစ်က ကိုယ်ဟာ လက်ရှိမှာ ကိုယ်လုပ်နေတဲ့ အရာတွေရဲ့ ပေါင်းခြင်းရလာဒ်ပဲ။ ဒါ့ကြောင့် ကိုယ့်မှာ အကျင့်ဆိုးတွေ ရှိနေရင် အဲ့ဒီ အလေ့အကျင့်တွေကို စွန့်လွှတ်ပါ။ မစွန့်လွှတ်နိုင်သေးရင် လျှော့ချပါ။

(၄) ပေါင်းသင်းဆက်ဆံရေးမှာ စည်းတွေဘောင်တွေထားပါ

ကိုယ်ဟာ တိုးတက်မူလမ်းကြောင်းပေါ် စတင် လျှောက်လှမ်းတဲ့အခါ ကိုယ့်ရဲ့ လမ်းမှာ ကန့်လန့် ကန့်လန့် လာလုပ်နေတဲ့ သူတွေနဲ့ ကြုံရနိုင်တယ်။
 အဲ့ဒီလူတွေဟာ ကိုယ့်ရဲ့ ဆွေမျိုးတွေထဲကလည်း ဖြစ်နိုင်တယ်။ ကိုယ့်ဆွေမျိုးတွေရဲ့ ကိုယ့်အပေါ် အထင်အမြင်သေးတဲ့ စကားတွေကို နားမယောင်ဖို့လိုတယ်။ ဥပမာ ကိုယ်က သူတို့ လုပ်နေကြအရာတွေနဲ့ မတူတာတစ်ခုခု လုပ်မိတဲ့အခါ ကိုယ်လုပ်နေတဲ့ အရာတွေအပေါ် လှောင်ပြောင်နိုင်တယ်။ အဲ့ဒီအခါ ကိုယ့်အနေနဲ့ သူတို့ရဲ့ လှောင်ပြောင်သံတွေကို လျှစ်လျူရူဖို့လိုသလို သူတို့နဲ့ ပေါင်းသင်းဆက်ဆံမူတွေကိုလည်း လျှော့ချဖို့ လိုအပ်တယ်။

ကိုယ့်ကို အရက်သောက်ဖို့ ဂိမ်းစော့ဖို့ ခဏခဏ ခေါ်နေတဲ့ သူငယ်ချင်းတွေ နဲ့ လည်း ကြုံရနိုင်တယ်။ အဲ့ဒီအခါ ကိုယ့်အနေနဲ့ သူတို့ကို နားလည်အောင် ရှင်းပြသင့်တယ်။ သားကြီး ငါမင်းတို့ကို ခင်ပါတယ်ကွာ။ ငါအခုလုပ်နေတဲ့ အလုပ်က ငါ့အတွက် တကယ် အရေးကြီးလို့ပါကွာ။ ဒီတစ်ခေါက်တော့ ငါမလိုက်တော့ဘူး။ အဲ့ဒီလိုမျိုး ကျွန်တော်တို့ သေချာ ရှင်းပြဖို့လိုတယ်။ 

(၅) ကိုယ်လေ့လာထားသမျှကို အလုပ်ပိတ်ရက်မှာ ရပ်ကွက်ထဲက ကလေးတွေကို
အခမဲ့ပြန်သင်ပေးပါ။

ကျွန်တော်အရှေ့မှာ ဖော်ပြခဲ့သလို ကိုယ့်အ‌နေနဲ့လက်လှမ်းမှီတဲ့ အရည်အချင်းတွေကို လေ့လာခဲ့မယ်ဆိုရင် အင်္ဂလိပ်စာ တော့ နည်းနည်းပါးပါး ကျွမ်းကျင်နေလောက်ပြီ။ 
ကိုယ်နေတဲ့ ရပ်ကွက်ဟာလည်း ဆင်းရဲသား ရပ်ကွက်တစ်ခု ဖြစ်နေခဲ့မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာ ကျောင်းမတတ်နိုင်တဲ့ ကလေး အများစုရှိနေနိုင်တယ်။ 
အဲ့ဒီအခါ ကိုယ်အနေနဲ့ ကလေးတွေကို အင်္ဂလိပ်စာ အခမဲ့ ပြန်သင်ပေးလို့ရတယ်။ အဲ့ဒီလို စာတွေ အခမဲ့သင်ပေးရင်းနဲ့ ကိုယ့်ရဲ့ စကားပြောစွမ်းရည် ပိုကောင်းလာမယ်။ ‌နောက်ပြီးတော့ စာသင်ကြားမူ အပိုင်းမှာ အတွေ့အကြုံတွေရလာမယ်။ 

(၆) အွန်လိုင်းပေါ်မှာ ဗီဒီယိုတွေတင်ပါ စာတွေရေးပါ 

အခုခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်။ ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် လူတိုင်းရဲ့ လက်ထဲမှာ ဖုန်းကိုယ်စီရှိကြတယ်။ လူတွေဟာ တစ်နေ့တစ်နေ့ social media တွေ အပေါ်မှာ နာရီပေါင်းများစွာ အချိန်ဖြုန်းလေ့ရှိကြတယ်။ အဲ့ဒီအခါ video content တွေဟာ ငွေရှာလို့ကောင်းတဲ့ အရာတွေ ဖြစ်လာခဲ့တယ်။
အဲ့ဒါကြောင့် လူတိုင်းလိုလို ကိုယ့်ရဲ့ တစ်နေ့တာ မှာ ကြုံတွေ့ရသမျှကို မှတ်တမ်းတင်ပြီး အွန်လိုင်းပေါ်မှာ ပြန်ပြီး မျှဝေသင့်တယ်။ ကိုယ်ဟာ ဆင်းရဲသား ရပ်ကွက်မှာ နေတဲ့ လူတစ်ယောက်ဆိုရင် မြင်ရတွေ့ရ တာမှန်သမျှဟာ ကိုယ့်အတွက် အသုံးဝင်မယ့်အရာတွေ ချည်းပဲ။ ကိုယ့် ရဲ့ တစ်နေ့တာ အပြင် ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ လှုပ်ရှားပြောဆိုမူတွေကို မှတ်တမ်းတင်ထားပြီး ဗီဒီယို အနေနဲ့ အွန်လိုင်းပေါ်မှာ ပြန်မျှဝေသင့်တယ်။ ကိုယ်တင်တဲ့ ဗီဒီယိုတွေဟာ ကြည့်ရူသူများလာတာနဲ့အမျှ ကိုယ့် အတွက် တစ်ဖက်တစ်လှမ်းကနေ ဝင်ငွေတွေရလာနိုင်တယ်။နောက်ပိုင်းမှာ ကိုယ့်အနေနဲ့ နာမည်တစ်ခုလည်း ရလာနိုင်တယ်။ အဲ့ဒီအခါ ကြော်ငြာရိုက်ကူးဖို့ အတွက် စီးပွားရေးလုပ်ငန်း တွေထံမှ ကမ်းလှမ်းမူတွေလည်း ရရှိလာနိုင်တယ်။ 
ဘာလို့ ဗီဒီယိုတွေ တင်ရုံသာမကပဲ စာတွေပါ ရေးခိုင်းတာလဲဆိုတော့ ကိုယ်ရေးတဲ့ စာတွေဟာ လူကြိုက်များလာတာနဲ့အမျှ စာအုပ်တွေလည်း ရောင်းချလာနိုင်လိမ့်မယ်။

(၇) ကိုယ့်ရဲ့ အရည်အချင်းမှန်သမျှကို အွန်လိုင်းပေါ်မှာ လေ့ကျင့်ပါ

ကိုယ်မှာ ဘာအရည်အချင်းရှိလဲ။ ခြင်းလုံးလား။ ဘောလုံးလား။ သီချင်းဆိုတာလား။ ဂစ်တာလား။ 
ဗီဒီယိုတည်းဖြတ်တာလား။ စာရေးတာလား။ ဘယ်အရည်အချင်းပဲ ဖြစ်ဖြစ် အွန်လိုင်းပေါ်မှာ ပြန်မျှဝေပါ။ အဲ့ဒီလို မျှဝေမှ ကိုယ့်ရဲ့ အရည်အချင်း ဟာ ဘယ်လောက်ထိ ရှိလဲဆိုတာ သိနိုင်လိမ့်မယ်။ လူတွေရဲ့ ဝေဖန် အကဲဖြတ်မူတွေ အောက်မှာ ‌ကိုယ့်ရဲ့ အရည်အချင်း တွေဟာ ပိုပြီးကောင်းမွန်လာနိုင်တယ်။ ကိုယ့်ရဲ့ အရည်အချင်းဟာ ကောင်းရင် ကောင်းသလောက် ကိုယ်ဟာ လူသိများ ထင်ရှားလာနိုင်တယ်။ အဲ့ဒီအခါ အဆက်အသွယ်ကောင်းတွေ အများကြီး ရလာလိမ့်မယ်။ 

(၈) ကိုယ်လေ့လာထားသမျှကို အွန်လိုင်းပေါ်မှာ ပြန်သင်ပြီး ငွေရှာပါ 

ကိုယ်မှာ အရည်အချင်းတစ်ချို့ ရှိလာတဲ့အခါ ကိုယ်သိထားသမျှကို အွန်လိုင်းပေါ်မှာ ပြန်သင်ပြီး ငွေရှာလို့ရလာလိမ့်မယ်။ ကိုယ့်ရဲ့ ပညာအရည်အချင်း ဘယ်လောက်ရှိလဲ? သင်တန်းလက်မှတ်တွေ ရှိရဲ့လား?
အဲ့ဒီလို အရာတွေကို အွန်လိုင်း ပေါ်ကလူတွေ စိတ်မဝင်စားဘူး။ ကိုယ်ဘာလုပ်ပြနိုင်လဲဆိုတာကိုပဲ သူတို့ စိတ်ဝင်စားကြလိမ့်မယ်။ အ‌ရှေ့မှာ ကျွန်တော်ပြောခဲ့သလို ကိုယ်ဟာ ရပ်ကွက်ထဲက ကလေးတွေကို အခမဲ့ စာသင်ပေးခဲ့မယ် ကိုယ့်မှာ အရည်အချင်းတွေလည်း ရှိလာမယ်ဆိုရင် ကိုယ်လေ့လာထားသမျှကို အွန်လိုင်းပေါ်ကနေ သင်ပေးပြီး ငွေရှာလို့ရလာလိမ့်မယ်။ အဲ့ဒီအချိန် ကိုယ့်မှာ စာသင်ကြားရေး အတွေ့အကြုံနဲ့ လူရှေ့ထွက်ပြီး စကားပြောရတဲ့ အတွေ့အကြုံတွေ ရှိပြီးသားဖြစ်နေလိမ့်မယ်။

ဒါဆိုရင် သင့်အနေနဲ့ အချိန်ကုန် လူပင်ပန်းသက်သာ စွာ ဖြင့် ငွေတွေအများကြီး ရှာနိုင်တဲ့ အဆင့်ကိုရောက်ပါပြီ။

ကျွန်တော် ဖော်ပြခဲ့တဲ့ အဆင့်တိုင်းဟာ လွယ်ကူမှာတော့မဟုတ်ပါဘူး။ အခုရေတွင်းတူးပြီး ရေကြည်သောက်ဖို့လည်း မဖြစ်နိုင်ပါဘူး။

ဒါပေမဲ့ ဘာကိုမှ မကြိုးစားကြည့်ဘဲ မူလ အခြေအနေကနေ ရုန်းမထွက်ခြင်းဟာ တစ်ချိန်မှာ ကိုယ့်ကို ပိုပြီး ခက်ခဲစေလိမ့်မယ်။

Aung Paing Phyo
21/03/2024

Keep Reading

အချိန်ဆွဲတဲ့အကျင့်ဆိုးစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ Life is what you make itစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း