Author's Profile Photo

Clover

3/10/2024

?ရှားစောင်းလတ်ပတ်အကြောင်းသိကောင်းစရာ?

1 min read
Personal Development
General Knowledge
18 Again
?ရှားစောင်းလတ်ပတ်အကြောင်းသိကောင်းစရာ?'s photo

ရှားစောင်းလတ်ပတ်ပင်ကတော့ အာဖရိကနဲ့ မက်ဒီတာရေးနီးယန်းဒေသတွေမှာ စတင်ပေါက်ဖွားတဲ့ အပင်ဖြစ်ပါတယ်။လီလီရေးစီးဟုခေါ်တဲ့ အပင်မျိုးရင်းဝင် တစ်ခုဖြစ်ပါတယ်။မျိုးစိတ်ပေါင်း၅၀၀ခန့် အထိရှိပါတယ်။အင်္ဂလိပ်အက္ခရာအမည်ကတော့ Aloes vera ဖြစ်ပါတယ်။

ရှားစောင်းလတ်ပတ်မှာ ဗီတာမင်၊သတ္ထုဓာတ်၊အမိုင်နိုအက်ဆစ်တွေလည်းပါဝင်ပြီး အဆိပ်အတောက်ဖြစ်မှုကို ဟန့်တားပေးနိုင်တဲ့ အပင်လည်းဖြစ်ပါတယ်။

ရှားစောင်းလတ်ပတ်ပင်က နွေးသမပိုင်းဇုန်တွေမှာ ပိုဖြစ်ထွန်းကြပါတယ်။ရှားစောင်းလတ်ပတ်ပင်တွေက ပန်းပွင့်တဲ့အပင်လည်းရှိသလို ပန်းမပွင့်တဲ့ အပင်မျိုးတွေလည်းရှိပါတယ်။

ရှားစောင်းလတ်ပတ်ပင်ဟာ အရေပြားနဲ့ပက်သတ်ရင်လည်း အမည်ကျော်ကြားပါတယ်။ရှားစောင်းလတ်ပတ်က အရေပြားနဲ့ပတ်သက်ပြီး

? ဝက်ခြံကို ပျောက်ကင်းစေတယ်

? ဘတ်တီးရီးယားတွေကိုသေစေပြီး အရေပြားရောဂါကို မဖြစ်အောင် ကာကွယ်ပေးခြင်း

?မှဲ့ခြောက်နဲ့ အမာရွတ်တွေကိုပျောက်စေခြင်း

?နှုတ်ခမ်း၊အရေပြား အစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း

?နေလောင်ဒဏ်ခံထားရတဲ့ အသားအရေကို ကောင်းမွန်စေခြင်း

?ဆံသားတွေကို သန်မာစေခြင်း

?အရေပြားပေါ်က အရေး‌အကြောင်းတွေကို ရော့စေခြင်း

ရှားစောင်းလတ်ပတ်ပင်ဟာ အခြားရောဂါတွေနဲ့ပတ်သတ်ပြီးလည်း အကျိုးကျေးဇူးတွေအများကြီးရှိကြပါတယ်။

ရှားစောင်းလတ်ပတ်ကိုစားရင်

?ဆီး၊ဝမ်း၊သွေး၊လေ ကိုမှန်စေခြင်း

?နှလုံးရောဂါကို ကောင်းမွန်စေခြင်း

?အဆုတ်၊အသည်းနဲ့ သက်ဆိုင်တဲ့ ရောဂါတော်တော်များများကို ပျောက်ကင်းစေခြင်း

?မိန်းကလေးတွေအတွက် ဓမ္မတာမှန်စေခြင်း

?သွေးစုနာ၊အကြိတ်၊အဖုများအားပျောက်စေခြင်း(ရှားစောင်းလတ်ပတ်ကို မီးအပူပေးပြီး ဒီအနာတွေအပေါ်ကို ကပ်ပေးခြင်း/အုံပေးခြင်း)

စတဲ့ ရောဂါတွေကိုလည်း ရှားစောင်းလတ်ပတ်က‌ ပျောက်ကင်းစေနိုင်ပါတယ်။

ထို့အပြင် ရှားစောင်းလတ်ပတ်ဟာ အခြားအပင်များထက် အပူဓာတ်ကို ပို စုပ်ယူနိုင်တာကြောင့် နွေရာသီမှာ အိမ်ထဲကို စိုက်ပျိုးထားရင် အိမ်ရဲ့ အပူချိန်ကို လျော့ကျစေနိုင်ပါတယ်။

ရှားစောင်းလတ်ပတ်အပင်ကို ချက်စားတာ၊သုတ်စားတာ စသဖြင့် အမျိုမျိုး ပြုလုပ်စားသုံးကြပါတယ်။

အခုဆိုရင် ရှားစောင်းလတ်ပတ်ပင်ရဲ့ အကျိုးကျေးဇူးတွေကို သေသေချာချာသိသွားမယ်လို့ မျှော်လင့်ပါတယ်ရှင့်။

ဒါကြောင့် စိုက်ပျိုးရလွယ်ကူပြီး ဆေးဖက်လည်းဝင်တဲ့ရှားစောင်းလတ်ပတ်ပင်လို အပင်မျိုးတွေကို Clover တို့အနေနဲ့ မျိုးမပြုန်းတီးအောင် ဂရုစိုက်ဖို့လိုအပ်ပါတယ်ရှင်

✨စာဖတ်သူ‌တို့အားလေးစားစွာဖြင့် ?Clover?✨

#sarphet
#Clover

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတန်ဆေးလွန်ဘေးနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အချိန်ဆွဲတဲ့အကျင့်ဆိုးအာရုံစူးစိုက်မှုအင်တာနက်နဲ့ လူနေမှုဘဝ Cambridge English Examလိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ်