နိုင်း - nine
ကျွန်တော်တို့ဘဝမှာ 'တကယ်လို့' 'what if' ဆိုတဲ့စကားတွေကို negative thoughts တွေနဲ့ နောင်တရတဲ့အချိန်အများစုမှာ တွေးမိတတ်ကြပါတယ်။ ?တကယ်လို့ငါသာ စာကြိုလုပ်ခဲ့ရင် စာမေးပွဲကျမှာမဟုတ်ဘူး၊ ?တကယ်လို့ငါသာ အလုပ်သေချာလုပ်ခဲ့ရင် ရာထူးတိုးတဲ့အထဲပါနိုင်မှာ၊ ?တကယ်လို့ ငါသာအရမ်းမဆိုးခဲ့ရင် သူနဲ့ဝေးရမှာမဟုတ်ဘူး ဆိုပြီးတော့ ကျရှုံးရတဲ့အချိုးအကွေ့တစ်ခုမှာ ဒီလိုအတွေးမျိုးတွေ အရမ်းကို တွေးတတ်ကြပါတယ်။
ဒါကလူ့သဘာဝပါပဲ ဒီစာကိုဖတ်နေတဲ့ ခင်များလည်းတွေးခဲ့ဖူးတယ်၊ နိုင်းကိုယ်တိုင်လည်း အခုချိန်ထိတွေးတတ်နေတုန်းပဲ။ ဒါပေမယ့် ဒီလိုwhat it question တွေကို အလုပ်လုပ်တဲ့အချိန်၊ စာလုပ်တဲ့အချိန်၊ career ကိုအဆင့်မြှင့်နေတဲ့အချိန်မှာပါ တွေးကြည့်သင့်ပါတယ်။
အတွေးဆိုတာက လူတွေရဲ့ဦးနှောက်ကနေဖန်တီးတာပါ။ ကျွန်တော်တို့တွေအနေနဲ့ များများတွေးလေ အဖြေတွေထွက်လေပါပဲ။ အ့လိုအဖြေထွက်ဖို့ကိုလည်း ကိုယ့်အနေနဲ့ ကိုယ့်ကိုယ်ကိုမေးခွန်းကောင်းတွေမေးတတ်ဖို့ လိုပါလိမ့်မယ်။
What ifဆိုတဲ့ မေးခွန်းတွေက အဖြေအသစ်တွေ၊ ပြဿနာဖြေရှင်းနည်းအသစ်တွေနဲ့ လုပ်နေကြလုပ်ရိုးလုပ်စဉ်မဟုတ်တဲ့ ထူးခြားတဲ့လုပ်ဆောင်ချက်အသစ်တွေကိုပါ လုပ်ဆောင်နိုင်စေပါတယ်။?
?တကယ်လို့ ဒီပုစ္ဆာဖြေရှင်းနည်းက နောက်တစ်နည်းရှိဦးမယ်ဆိုရင်ရော၊ ?တကယ်လို့ တိရစ္ဆာန်တွေသာ စကားပြောတတ်မယ်ဆိုရင်ရော၊ ?တကယ်လို့ negative thoughtsတွေအကြောင်း တခြားတစ်နည်းနဲ့ ရေးကြည့်မယ်ဆိုရင်ရော ဒီလိုလေးတွေတွေးကြည့်သင့်ပါတယ်။
Creativeကိုဦးစားပေးတဲ့ လုပ်ငန်းနယ်ပယ်တွေမှာဆိုရင် ဒီလိုမေးခွန်းမျိုးတွေက တော်တော်အသုံးဝင်မှာပါ။ အထူးသဖြင့် marketing၊ စွန့်ဦးတီထွင်တဲ့လုပ်ငန်းတွေနဲ့ fiction novelတွေရေးတဲ့အခါမှာ ဒီလိုမေးခွန်းပေါင်းများစွာကနေ အောင်မြင်မှုတွေရလာနိုင်ပါတယ်။
ဒါကြောင့် 'what if' ဆိုတဲ့ မေးခွန်းတွေကို ကိုယ့်ကိုယ်ကိုပြန်မေးဖို့အတွက် မကြောက်ပါနဲ့ နောင်တရစရာရှိလား အရင်နောင်တရလိုက်ပါ ပြီးရင် အဖြေပြန်ရှာဖို့အတွက် တခြားနည်းလမ်းထွက်လာအောင် နောက်မေးခွန်းတစ်ခုနဲ့ ပြန်မေးကြည့်ပါ။ တကယ်လို့ မင်းနဲ့သာမတွေ့ခဲ့ရင် ငါဒီလိုစုတ်ပြတ်သပ်သွားမှာမဟုတ်ဘူးလို့ တွေးမိလိုက်မယ်ဆိုရင်တော့ မြန်မြန်မုအွန်နိုင်ဖို့ကိုပဲ ဆုတောင်းပေးလိုက်ပါတယ်။
#whatif
#negative_thoughts
#creative
#marketing
#production
#fictionnovel
နိုင်း
Resources
- scissortailcs.com
- petersimoons.com
- insightandforesight.com.au
TikTok - https://www.tiktok.com/@cappynine?_t=8ofsJy0dNmG&_r=1
Telegram - https://t.me/cappynine
Facebook - https://www.facebook.com/profile.php?id=61563785253402&mibextid=ZbWKwL
Keep Reading