Author's Profile Photo

Hein Zaw

3/10/2024

ကိုယ်ပိုင်လုပ်ငန်းအတွက် အရင်းအနှီးရှာနည်း ◾

1 min read
Business
ကိုယ်ပိုင်လုပ်ငန်းအတွက် အရင်းအနှီးရှာနည်း

◾'s photo

ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတည်ဖို့အတွက် ငွေကြေးအရင်းအနှီးကလည်း အရေးကြီးတဲ့အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုအတွက် အရင်းအနှီးရှာလို့ရတဲ့နည်းတွေ အများကြီးရှိတယ်။ 

ကိုယ်ပိုင်စုဆောင်းငွေ
အများစု အရင်းအနှီးလုပ်တဲ့နည်းလမ်းဖြစ်ပါတယ်။ တချို့ဆို ဝန်ထမ်းဘ၀နဲ့ ငွေစုထားတယ်။ အချိန်တစ်ခုရောက်လို့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတဲ့အခါ အဲဒီစုငွေကို အရင်းအနှီးအဖြစ်ထုတ်သုံးလို့ရပါတယ်။ ကိုယ်တိုင်စုရတာဖြစ်လို့ အချိန်တော့ယူရတယ်။



မိဘဆွေမျိုး၊ မိတ်ဆွေများထံကချေးငှားခြင်း
ဒီနည်းကိုလည်း တော်တော်များများသုံးကြတယ်။ မိဘဆွေမျိုး၊ မိတ်ဆွေတွေထဲမှာ ငွေကြေးချောင်လည်ပြီး ကိုယ့်ကိုလည်း ချေးငှားချင်တဲ့သူရှိရင် အဆင်ပြေတဲ့နည်းဖြစ်ပါတယ်။ အတိုးမဲ့ဖြစ်နိုင်သလို အများစုကတော့ အတိုးပေးရနိုင်ပါတယ်။

ဘဏ်ချေးငွေ
ဘဏ်ကချေးဖို့က လူတိုင်းအတွက်တော့ မလွယ်ဘူး။ လုပ်ငန်းက မှတ်ပုံတင်ထားလား၊ သက်တမ်းဘယ်လောက်ကြာပြီလဲ၊ Collateral (အပေါင်ပစ္စည်း) ပေးနိုင်လား စတဲ့ Rule တွေရှိမယ်။ အတိုးနှုန်းရှိပေမဲ့ ကောင်းတဲ့အချက်ကတော့ ဘဏ်ချေးငွေက အပြင်ကချေးငွေတွေထက် အတိုးနှုန်းသက်သာတာပဲ။

ရှယ်ယာဝင်ငွေ
Partnership (အစုစပ်)လုပ်ငန်းတွေမှာ လုပ်ငန်းထဲမှာပါတဲ့သူတွေ ၀ိုင်းထည့်တဲ့အရင်းအနှီးရနိုင်ပါတယ်။ နောက်တစ်ခုက လုပ်ငန်းကြီးတွေဆိုရင် စတော့အိတ်ချိန်းကတစ်ဆင့် ရှယ်ယာတွေထုတ်ရောင်းပြီး အရင်းအနှီးရှာနိုင်ပါတယ်။ အစုစပ်အတွက် ရှယ်ယာဝင်ငွေရဖို့က လုပ်ငန်းပါတနာတွေနဲ့ ယုံကြည်မှုဆောက်ဖို့လိုသလို စတော့အိတ်ချိန်းကနေ Investor ခေါ်ဖို့ကတော့ ကိုယ့်လုပ်ငန်းက စာရင်းအင်းနဲ့ ဘဏ္ဍာရေးပိုင်း အတော်ကိုစနစ်ကျပြီး IPO အတွက် ကုန်ကျစရိတ်တတ်နိုင်တဲ့လုပ်ငန်းကြီးဖြစ်ဖို့လိုပါတယ်။


ကုန်စ္စည်းကြိုတင်ရောင်းချခြင်း (Preorder)
ဒီနည်းကလည်း အတော်အလုပ်ဖြစ်တဲ့နည်းဖြစ်ပါတယ်။ အထူးသဖြင့် ဒီနေ့လိုအွန်လိုင်းကနေကြော်ငြာရောင်းချလို့ရတဲ့အချိန်မှာ ကိုယ့်ကုန်ပစ္စည်းကို Preorder စနစ်နဲ့ ကြိုရောင်းနိုင်မယ့်အခွင့်အလမ်း ပိုရလာပါတယ်။ ငွေကြိုဝင်တဲ့အတွက် ကုန်ပစ္စည်းထုတ်လုပ်စရိတ်အတွက်အထောက်အကူဖြစ်တာ၊ Supplier တွေထံ စောစောစီးစီးငွေပေးချေနိုင်တာအပြင် ချေးငွေတွေကို စောစောစီးစီးပြန်ဆပ်နိုင်တဲ့အတွက် အတိုးနှုန်းလည်းသက်သာနိုင်ပါတယ်။

ကိုယ်ပိုင်လုပ်ငန်းတစ်ခုအတွက် ငွေကြေးအရင်းအနှီးရှာတဲ့အခါ ဒီနည်းလမ်းတွေအပြင် ကိုယ်ပိုင်တဲ့ပစ္စည်းတွေကို ပေါင်နှံတာ၊ ခေါက်ပြန်ပေးစနစ်နဲ့ ကုန်ကြမ်း သို့မဟုတ် ရောင်းကုန်တွေယူတာ စတဲ့နည်းလမ်းတွေလည်းရှိပါတယ်။

တခြား ဘယ်နည်းလမ်းတွေရှိဦးမလဲ။ ဘယ်နည်းလမ်းကိုကော ပိုကြိုက်လဲ။

#HeinZaw

#StartingBusiness

#အရင်းအနှီး

#Capital

Keep Reading

အမြဲလေ့လာထားပါကိုဗစ်−၁၉ ကာလမှာ စတင်အောင်မြင်သွားတဲ့ လုပ်ငန်းတစ်ခု ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၄ ) ဒုတိယအကြိမ် ရှယ်ယာထည့်ဝင်ခြင်း Strategy တွေ ထိရောက်ဖို့....တစ်လကိုဝင်ငွေဘယ်လောက်ရှိရှိ ၅မျိုးခွဲပြီး အချိုးကျသုံးစွဲပါငွေအရင်းအနှီး ဘယ်ကနေရှာ 3F ကနေပါ ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၃ ) ရှယ်ယာထည့်ဝင်ခြင်း ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၂ ) ချေးငွေလုပ်ငန်း ကိုလတ်ဆိုတဲ့ လူတစ်ယောက်အကြောင်း သင့်ရဲ့ ကုန်ပစ္စည်းတွေကို ပိုရောင်းရအောင်သုံးရလေ့ရှိတဲ့ နည်းလမ်းတစ်ခု