Author's Profile Photo

Clover

2/10/2024

Knowledge of Bamboo ?

1 min read
Personal Development
General Knowledge
18 Again
Knowledge of  Bamboo ?'s photo

ဝါး

ဝါးပင်များသည် အမြစ်ကနေ အပင်တွေအများကြီးပေါက်ရောက်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ဝါးသည် မြက်မျိုးရင်း ဗမ်ဗူဆီအီးအုပ်စုအဖြစ် ပါဝင်ပါတယ်။အင်္ဂလိပ်အက္ခရာကတော့ Bamboo?ဟုခေါ်ပါသည်။

ဝါးသည် ကမ္ဘာ့အပူပိုင်းဒေသများဖြစ်တဲ့ အာရှ၊ အာဖရိကနဲ့ အမေရိက‌တိုက်မှာပေါက်ရောက်ကြပါတယ်။ဝါးသည် ပန်းပွင့်သောဝါးနှင့် ပန်းမပွင့်သော ဝါးဆို၍ အမျိုးအစားများရှိကြပါသည်။ဝါးပင်ရဲ့ အစေ့ကိုတော့ မြင်ရခဲပါတယ်။

မြန်မာနိုင်ငံဟာဆိုရင် ကမ္ဘာပေါ်မှာဝါးပင် ‌အပေါက်ရောက်မှု တတိယ အများဆုံးနိုင်ငံဖြစ်ပါတယ်။

ဝါးသည် အမြစ်တစ်ခုတည်းမှာ ပင်စည်ပေါင်း၁၀၀ခန့်အထိ ပေါက်ရောက်နိုင်ပြီး အချို့က ပေ ၃၀၊၅၀နဲ့၁၀၀အထိအထိပင် မြင့်နိုင်ပါတယ်။

ဝါးရဲ့ အပင်ထွက်ခါစ အညှောင့်လေးတွေကို မျှစ် အဖြစ် စားသုံးနိုင်ပါတယ်။ ဝါးကိုလည်း ထရံ၊တောင်း၊အိမ်တိုင်၊အခင်း၊အိမ်ရဲ့ အမိုးအကာ နဲ့ ကလေးကစားစရာ(ဝါးဓား၊ဝါးလက်ခုတ်)စသည်တို့ ကို အသုံးပြုနိုင်ပါတယ်။တစ်ချို့မှာ ဝါးကို စက္ကူအမျိုးမျိုးပြုလုပ်နိုင်ရန် ပျော့ဖတ် အဖြစ်အသုံးပြုကြတယ်။

မျှစ်

မျှစ်သည် ဝါး၏ ထွက်ခါစ အပင်ပေါက်တစ်မျိုးဖြစ်သည်။အချို့ ဝါးများမှာ မျှစ် စားလို့မရပေ။

မျှစ်ကို စားခြင်းအားဖြင့်

? ချောင်းဆိုး၊သလိပ်၊ရင်ကျပ် ကို နိုင်စေစည်။

? ကိုယ်အလေးချိန်မတက်စေခြင်း

? နှလုံးကိုပုံမှန် အလုပ်လုပ်စေခြင်း

? ရောင်ရမ်းနာများကို လျှော့ကျစေခြင်း

? အမျိုးသမီးများ သွေးသားသန့်စင်စေခြင်း

? သန်ကောင်များကို သေစေခြင်း

မျှစ်သည် အကျိုးကျေးဇူးများရှိသော်လည်း မျှစ်သည် အပူဖြစ်သောကြောင့် အများအပြားစားလျှင် ဆံပင်ကျွတ်တာတွေ ၊အပူများပြီး အဖုပေါက်တာတွေဖြစ်စေနိုင်ပါတယ်။

ဝါး၏ အပင်ပေါက် မျှစ်သည်လည်းလွန်စွာ အကျိုးရှိ၍ ဝါးသည် လည်း သဘာဝကို အများအပြား အထောက်အကူပြုပါတယ်။

ဝါးသည် ပတ်ဝန်းကျင်ကို အထောက်အကူပြုတဲ့ အပင်ဖြစ်ပါတယ်။ရာသီဥတု ပူနွေးမှုကို လျှော့ချနိုင်ပါသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုလည်း အများအပြား စုပ်ယူပါတယ်။

ဒါဆိုရင် ဝါးရဲ့ အကျိုးကျေးဇူးတွေနဲ့ အသုံးဝင်ပုံတွေကို သေသေချာချာ သိသွားမယ် လို့ မျှော်လင့်ပါတယ်ရှင့်။ဒီလိုသိသွားပြီးရင်တော့Cloverတို့ အနေနဲ့ သဘာဝကို ကောင်းကျိုးပြုတဲ့ ဝါးတွေကို မဖြုန်းတီးဖို့ လိုအပ်ပါတယ်ရှင်?❣

✨စာဖတ်သူတို့အား လေးစားစွာဖြင့် Clover?✨

#sarphet
#Clover

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်