Author's Profile Photo

ဇွဲ

2/10/2024

ကလောင်အမည်သေအောင်သတ်နည်း

2 mins read
Personal Development
General Knowledge
18 Again

ကလောင်သစ် ကလောင်သွေးစလူငယ်တွေအနေနဲ့ သတိထားရမည့် ကလောင်သတ်နည်း
စနစ်တွေ ရှိပါတယ်။ကနေ့ခေတ်မှာဆို ပိုသတ်လို့ လွယ်ကူသလို ကလောင်အမည်ပိုသေဖို့
လည်း လွယ်ကူလှပါတယ်။

၁။ဘာကြောင့်ကလောင်အမည်သေရသလဲ?
များသောအားဖြင့်တော့ သွေးနားထင်ရောက်ကြလို့ပဲ။နောက်တစ်ချက်က လေ့လာမှုအား
နည်းကြတာပေါ့။ ကဗျာတောင်စမရေးရသေးဘူး။နာမည်ရချင်တာက အရင်ဆိုသလိုမျိုး
တွေလေ။အဲလိုစိတ်ကြီး၀င်သွားပြီဆိုရင်ပညာဖန်တီးအားထုတ်မှု အင်အားနည်းသွားတယ်။
အားထုတ်မှု သေသွားရပ်သွားတယ်။ မိမိကိုယ်ကိုကိုယ်တကယ် အရည်အချင်း မပြည့်ဘဲ
ပြည့်တယ်လို့ ထင်နေပြီဆိုတဲ့အချိန်ဟာ ကလောင်သေတဲ့အချိန်ပါပဲ။

၂။ဘယ်လိုသတ်လို့ ကလောင်သေရတာလဲ?
နာမည်ရ ဆရာတွေအနေနဲ့တက်သစ်စ အပိုးမကျိုးတဲ့ ကလောင်သစ်တွေကို အနုပညာသတ်
ပစ်ဖို့က သိပ်မခက်လှပါဘူး။အဲလိုသတ်လို့ လူတိုင်း ကလောင်မသေဘူးဆိုပေမဲ့ အတော်များ
များတော့ သေသွားကြတာများပါတယ်။ဥပမာ ဝါရင့်နာမည်ရဆရာတစ်ယောက်ယောက်က
ကလောင်သွေးစ တက်သစ်စလူငယ်တစ်ယောက်ကို တကယ်အရည်အသွေးမတောက်ပသေး
ပဲ စင်တင်ပေးလိုက်တာမျိုး။တကယ့်ဆရာတွေရဲ့ ကောင်းမွန်တဲ့အနုပညာတွေနဲ့အတူ ဖော်ပြ
ပေးလိုက်တာမျိုးတွေပေါ့။ဆရာတွေက နေရာပေးတယ်လို့ ဆိုကောင်းဆိုနိုင်ပေမဲ့မိမိအနုပညာ
ကအရည်အသွေးမပြည့်မှီသေးဘူးအားရကျေနပ်မှုမရှိသေးဘူးဆိုရင် မိမိကလောင်သေသွားစေ
နိုင်ပါတယ်။ဆရာတွေကသာ နေရာပေးတာ။အနုပညာချစ်တဲ့ပရိတ်သတ်တွေရဲ့နှလုံးသားက
နေရာပေးမှာ မဟုတ်ပါဘူး။မိမိရဲ့အရည်အချင်းကို မိမိသိနေရပါမယ်။မိမိရဲ့ နေရာကို မိမိသိနေ
ရပါမယ်။မထိုက်တန်သေးဘူးထင်ရင် မယူသေးပါနဲ့။ထိုက်တန်တဲ့အခါ ရလာပါလိမ့်မယ်။မထိုက်တန်ဘဲယူမိရင်တော့ နောက်ထပ်ရတော့မှာ မဟုတ်ပါဘူး။

၃။ကနေ့ခေတ်ထဲက ကလောင်သေဖို့သတိထားစရာ အန္တရာယ်များ
ကနေ့ခေတ်မှာလူငယ်တွေ ကလောင်သေဖို့ အလွန်လွယ်ကူစေတဲ့အန္တရာယ်က ကွန်မန့်တွေပေါ့။
ကဗျာတစ်ပုဒ်အောက်က မန့်တွေဟာ အင်အားဖြစ်စေတယ်ဆိုတာ မှန်ပေမဲ့ အဲဒီမန့်တွေကိုပဲ
သိပ်သာယာနေပြီး မိမိကိုယ်ကို တကယ်အနုပညာဖန်တီးကောင်းမွန်သူလို့ မြင်သွားပြီဆိုရင်
အနုပညာဟာ လမ်းဆုံးရောက်သွားပြီပဲ။ လက်ခုပ်သံတွေက သတ်တာပေါ့။ ဒါကြောင့် သတိထားရပါတယ်။ မကောင်းတဲ့ကဗျာကို သိပ်ကောင်းတယ် လို့ မြှောက်ပေးလိုက်ကြတာမျိုး၊
ကောင်းတဲ့ကဗျာကိုတော့ မကောင်းဘူးလို့ ပြောလိုက်တာမျိုး၊ဒါတွေက သေစေနိုင်တဲ့ အန္တရာယ်
တွေပါပဲ။ တစ်ခါတလေမှာ ကိုယ်နဲ့အနီးဆုံး အခင်ဆုံး ရေးဖော်ရေးဘက် အားပေးဖော်အားပေးဖက်တွေရဲ့ အလွန့်အကျွံအားပေး အားမြောက် လက်ခုပ်သံတွေကြောင့်လဲ ယုံကြည်မှုလွန်ကဲပြီးချောက်ကမ်းပါးကို မမြင်နိုင်ဘဲ ဖြစ်သွားတာမျိုးတွေလဲ ဖြစ်တတ်ပါတယ်။သတိထားစရာပါ။ဒါပေမယ့် သူငယ်ချင်းဆိုတာ မရှိဘဲ အောင်မြင်သူဖြစ်လာဖို့ဆိုတာလဲ အလွန်အခွင့်အရေးနည်းပါတယ်။

၄။ဘယ်လို ရှေ့ဆက်ကြမလဲ?
အရေးကြီးတာက မိမိအနုပညာကိုပန်းတိုင်ထားပါ။ အပျော်ဆင့်ပဲလား။တကယ်စိတ်ပါး၀င်စား
ပြီး တည်တည်တန့်တန့် ရပ်တည် တင်ကျန်ဖို့လားပေါ့။ ပြီးတော့ ပန်းတိုင်နဲ့ သင့်တော်ထိုက်တန်
တဲ့ လေ့လာမှု၊အားထုတ်မှု၊ဖန်တီးမှုတွေကို ပြုလုပ်ပါ။ ဆရာတွေက နေရာမပေးသေးလို့ အဆိုးကြီးပဲမြင်မနေဘဲ နေရာပေးချင်လာတဲ့အထိ အားထုတ်ပါ။ မိမိအရည်အချင်းဟာ နေရာကို ဂုဏ်တက်စေနိုင်လောက်တဲ့အထိ ဖြစ်လာတဲ့အခါ မိမိကိုယ် နေရာပေးလာကြပါလိမ့်မယ်။
တစ်ခါတလေမှာ ဆရာတွေက နေရာမပေးတာဟာ မိမိကို လိုသေးတယ် ကြိုးစားပါဦး
လို့ အားပေးနေသလိုမျိုး၊နေရာပေးဖို့ လိုနေတာသိသိနဲ့ နေရာပေးလိုက်တဲ့အခါ သွေးနားထင်
ရောက်သွားပြီး ဖန်တီးအားထုတ်မှု ရပ်သွားတာမျိူးတွေ ဖြစ်မှာစိုးတာမျိုးတွေလဲ ဖြစ်ကောင်း
ဖြစ်နိုင်ပါတယ်။

၅။အောင်မြင်တဲ့အနုပညာဆိုတာ ဘယ်လိုမျိုးလဲ?
ခုခေတ်မှာ ကဗျာမဖြစ်ဘူးဖြစ်တယ် မဟုတ်ဘူးဟုတ်တယ်ဆိုပြီး မေးကြသူတွေမေးကြသလို
ဖြေတဲ့သူတွေကလဲ ဖြေကြတာပါပဲ။စွမ်းနိုင်သလောက်ပေါ့။အဲလိုမေးကြဖြေကြတဲ့အခါ ဘယ်အဖြေက မမှန်ဘူးမှန်တယ်လို့ အတိအကျပြောလို့ရမယ်တော့ မထင်ပါဘူး။လွယ်ကူတဲ့အလုပ်လဲမဟုတ်ပါဘူး။ဒါပေမယ့် အနုပညာကောင်းရင် အချိန်ကာလတွေကို ကျော်လွန်တယ်။ဘောင်စည်းနယ်နိမိတ်တွေကို ဖောက်ထွက်သွားကြပါတယ်။ဒီတော့ အနုပညာကောင်းမကောင်းကို နှလုံးသားအသိနဲ့ ခံစားသိမြင်ပြီး အချိန်ကာလတွေနဲ့ တိုင်းတာကြည့်လို့ ရနိုင်မယ်ထင်ပါတယ်။

၆။ကဗျာအနုပညာမှာ စည်း နရီပုံစံလေ့လာဖို့လိုသလား?
မိမိအမြင်ကတော့ လိုတယ်လို့ပြောမယ်။အထူးသဖြင့် လေ့လာဖို့ ဆရာ။သို့မဟုတ် လမ်းပေါ့။
လမ်းမလျှောက်တတ်ခင်မှာတော့ လမ်းစလျှောက်တတ်အောင် သင်ယူရမှာပါပဲ။စက်ဘီးစီး
မတတ်ခင်မှာတော့ တတ်အောင်သင်ယူရမှာပါပဲ။တတ်မြောက်ကျွမ်းကျင်ပြီးတဲ့အခါမှ မိမိ
လျှောက်လိုတဲ့စတိုင် သွားလိုတဲ့လမ်း သွားနိုင်ပါတယ်။စက်ဘီးစီး ကျွမ်းကျင်ပြီးတဲ့အခါမှ
လက်လွတ်စီးလိုကစီး ဘီထောင်စီးလိုကစီးလို့ရမှာပါ။ အဲတော့ လွတ်လပ်ကဗျာရေးတယ်
ဆိုပေမဲ့လဲ ထုံးစံတိုင်း မကျွမ်းခင်တော့ လေ့လာစရာ သင်ယူစရာ စည်းစနစ်ပုံစံနရီဆိုတာလဲရှိသင့် ရှိအပ်ဟုထင်မိပါတယ်။ ။

စာရေးသူမိတ်ဆွေများအတွက် အကျိုးရှိမည်ဟု ယုံကြည်သောကြောင့် ဝေလင်း(ကောလင်း) ရေးသားထားသော အထက်ပါဆောင်းပါးကိုမူရင်းတိုင်း ကူးယူမျှဝေပါသည်။


စာရေးသူ - ဇွဲ
ဆောင်းပါးနံပါတ် (၈)
2/10/2024 (Wed)
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

ကျန်းမာရွှင်လန်းကြပါစေ။
စာဖတ်ပရိတ်သတ်များအား ကျေးဇူးအထူးတင်ရှိလျှက်.....။

Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးCambridge English Examအချိန်ဆွဲတဲ့အကျင့်ဆိုးအချိန်ဆွဲတာကိုကုစားမယ် အင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်း