Honey cho
ဘဝမှာလူတိုင်းဟာစီးပွားရေးတွေ၊လူမှုရေးတွေမှာနစ်မြုပ်ပြီးကိုယ့်ကိုကိုဂရုစိုက်ဖို့မေ့လျော့နေတတ်ကြပါတယ်။အဲ့လိုမဖြစ်ရလေအောင်ဟန်နီကဒီစာသားလေးနဲ့remind လုပ်ပေးပါရစေရှင့်။
လှပကျန်းမာတဲ့တစ်နေ့တာစီကိုဖြတ်သန်းရင်ကောင်းမွန်လှပတဲ့အနာဂတ်တစ်ခုပိုင်ဆိုင်နိုင်စေဖို့ရန်အတွက်
1.အိပ်ချိန်ကိုအပြည့်အဝရစေဖို့ရာအချိန်ပေးပါ သိူ့မဟုတ်အနည်းဆုံး8နာရီခန့်အိပ်စက်အနားယူပါ။
2.တစ်နေ့တာမှာလေ့ကျင့်ခန်းလုပ်ဆောင်ဖို့ရာကိုနာရီဝက်ခန့်အချိန်ပေးပါ။
3.အာဟာရတန်ဖိုးရှိတဲ့အစာပြင်ဆင်စားဖို့အချိန်ပေးပါ။
4.ရေသောက်ဖို့ မမေ့ဘဲအချိန်ပေးပါ။
5.တရားထိုင်ဖို့၊အသက်ရှုလေ့ကျင့်ခန်းပြုလုပ်ဖို့ရာကိုအချိန်ပေးပါ။
6.စိတ်ထဲကရှုပ်ထွေးမှုတွေရယ်၊စိတ်ဖိစီးမှုတွေရယ်ကိုရှင်းထုတ်ဖို့အချိန်ပေးပါ။
7.စာဖတ်ဖို့ရယ်၊စိတ်ထဲရှိတာရေးချဖို့ရယ်ကိုတစ်နေ့တာရဲ့စိတ်ထွက်ပေါက်အဖြစ်အချိန်ပေးပါ။
ခုဟန်နီဖော်ပြသွားတဲ့နည်းလမ်းတွေကနေဘဝမှာကောင်းမွန်တဲ့အကျိုးကျေးဇူးတွေရရှိပါသေလို့ဆုတောင်းပေးလိုက်ရပါတယ်နော်။
ဆုတောင်းများစွာဖြင့်
ဟန်နီချို
Keep Reading