Author's Profile Photo

A Aain

1/10/2024

ညအခါ လသာသာ

1 min read
Business
Art
18 Again

@**ညအခါ  လသာသာ@

ငယ်ငယ်က သင်ခဲဖူးတယ်
ဆိုခဲဖူးတယ်  ကဗျာလေး
@ညအခါ လသာသာ
ကစားမလား နားမလား "@တဲ့

ဘာ အဓိပ္ပါယ်လည်း မသိခဲဘူး
ကလေး ဘဝတုန်းက စဉ်းစားမိတာ
နေဝင်လို့ လသာတဲ့ အချိန်
ညအခါ လသာသာမှာ ထိုင်ပီးတော့
အာလူးဖုတ် လေပန်း ရင် လည်း ကောင်းတာပဲ(သို့မဟုတ်)
အပေါင်းသင်း ရောင်းရင်းတို့ နဲ့  ပျော်ပျော် ပါးပါး
ကစားနေလည်း  ကောင်းတာပဲ
ဒီလောက်ပဲ  ကလေးသဘာဝ နားလည်းတယ်

ဘယ်သူရေးလို့ ဘာကို ဆိုလိုမှန်းလည်း မသိခဲ
ဒါပေမယ့် တွေးနေမိတယ် ခဏခဏ အခုချိန်မှာတော့
ဗုဒ္ဓ ရဲ့ အဆုံးမတွေ နာကြားရတော့  တစ်မျိုး နားလည်လာတယ်

ညအခါ@@လောကကြီး ဟာ မှောင်မိုက်နေတယ်
                အကောင်း နဲ့ အဆိုး အကြောင်း နဲ့ အကျိုး
              အမှား နဲ့ အမှန်  ကုသိုလ် နဲ့ အကုသိုလ်
              ခွဲခြား မသိကြဘူး အဝိဇ္ဇာ(မသိခြင်း) တရားတွေ ဖုံးလွမ်းနေတယ်;;
ဒါဆို ဗုဒ္ဓပြောတဲ့ မှောင်မိုက်ခြင်းဟာ ညအခါပဲ

လသာသာ@@လောကမှာ သဗ္ဗညုတ ဉာဏ်တော် ရှိတဲ့
                   သမ္မာသမ္ဗုဒ္ဓ ‌ပေါ်ထွန်းလာတဲ့ အခါ
                  အကောင်း နဲ့ အဆိုး, အကြောင်းနဲ့ အကျိုး
                  အမှားနဲ့ အမှန်, ကုသိုလ် နဲ့ အကုသိုလ်
               ထိုထို ဘုံဘဝ ဌာန သွားရားလမ်းကြောင်း
                 နိဗ္ဗာန် အထိ သိရှိနိူင်ခြင်း ဆိုတဲ့

 ဗုဒ္ဓဟောတဲ့ ဓမ္မ အလင်း ရောင်းကြီး ဟာ  လသာသာပဲ


ကစားမှာလား@@ ဗုဒ္ဓဟောတဲ့ ဓမ္မ အလင်းရောင်
                       မဂ္ဂင်ရှစ်ပါး အကျင့် ပေါ်နေတယ်
                     ကုသိုလ် နဲ့  အကုသိုလ် ဘယ်အရာနဲ့ ကစားမှာလည်း
                    သံသရာမှာ     လိမ္မာ  ယဉ်ကျေးပြီး  ပျော်ရွင်စွာ ကစားချင်ရင်
                  လူပြည် နတ်ပြည် ရောက်နိူင်တဲ့       ကုသိုလ် နဲ့ ကစားလို့ ရတယ်
                    ကြမ်းတမ်းပြီး မကောင်းတာ ကြိုက်ရင် ငရဲ တိရိစ္ဆာန် ပြိတ္တာ
                 အပ္ပါယ်ဘုံ ရောက်စေနိူင်တဲ့ အကုသိုလ် နဲ့ ကစားလို့ ရပါတယ်
                 မိမိ စိတ် ကြိုက်ပေါ့  ကြိုက်ရားရွှေးချယ် နိူင်တယ်

နားမှာလား@@ ကစားတယ် ဆိုတာ ပီးရင် မော ရတာပဲလေ
                       ကုသိုလ် နဲ့ အကုသိုလ် ဘယ်ဟာနဲ့ပဲ ကစားပါစေ

                      လောဘ ဒေါသ မောဟ တွေနဲ့  ကစားနေရတော့

                     သံသရာမှာ  ရပ်တန့်မရပဲ  ပူလောင်ပြီး မောရတာ ကြီးပါပဲ
အဲဒီတော့ မောလို့ နားချင်ရင် ဗုဒ္ဓ‌ဟောတဲ့ မဂ္ဂင် အကျင့်ကို ကျင့်ပြီး
အေးချမ်းစွာ  အငြိမ်းဓာတ်မှန်တဲ့ နိဗ္ဗာန်မှာ နားနိူင်ပါတယ်
သင့်ကို မေးချင်တာက@" ကစားမှာလား နားမှာလား@;
@** A Aain**@
          

Keep Reading

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။မန္တလေးမြို့ရဲ့ အအောင်မြင်ဆုံးလူတစ်ယောက်၏ အတုယူစရာကောင်းသည့် အချက်တစ်ချက်ကိုလတ်ဆိုတဲ့ လူတစ်ယောက်အကြောင်း အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။ပင်းတယ သစ်သီးတန်းရဲ့ ထူးခြားမှုတစ်ခု မြေဝယ်မယ်ဆိုလျှင် ဘယ်အချက်တွေကိုကြည့်ပြီး စဉ်းစားဆုံးဖြတ်ရမလဲ ရွှေဆိုတာအကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုလား ငွေအရင်းအနှီး ဘယ်ကနေရှာ 3F ကနေပါ ဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။သင့်ရဲ့ ကုန်ပစ္စည်းတွေကို ပိုရောင်းရအောင်သုံးရလေ့ရှိတဲ့ နည်းလမ်းတစ်ခု