ကလောင်သွေးသစ္စာ

ဘဝဆိုတာ ပင်လယ်ထဲကလှိုင်းတွေလိုပဲ မြင့်လိုက်တတ်လိုက် အစရှိသဖြင့် အတတ်အကျတွေများနေတယ် ။ဒီနေ့ ခွန်အားအပြည့်နဲ့ အလုပ်တွေလုပ်ရင်
နောက်နေ့ဒီချိန်မှာ ဖုန်းကြည့်နေတာလဲ ဖြစ်နိုင်ပါတယ်။ကျွန်မတို့ စိတ်တွေက ဝေဝါးလိုက် ရှုပ်ထွေးနေမှာပဲ ဒါက စာဖတ်သူလေးတွေ တစ်ယောက်ထဲ မဟူတ်ပါဘူး။လူတိုင်းနီပါးလောက်က ဒီအတိုင်း ဖြစ်နေတာပါ။
နံပါတ်(1)သင်ကိုယ်သင် system တစ်ခုဆောက်ပါ။
ဒါအချက်က ဘာကိုဆိုလိုတာလဲဆိုတော့ ကျွန်မ လုပ်ဖြစ်တာ လေးတစ်ခုပြောပြပါ့မယ် ကျွန်မ မနက်6နာရီခွဲ နေတိုင်းထတယ်။မိူးရွာလဲထတယ်။နေမကောင်းလဲထတယ်။ တစ်ခါတစ်လေ စိတ်ဓာတ်ကျပြီးဘာမှလုပ်ချင်စိတ်မရှိရင်တောင် "ငါဒီနေ့ ထကိုထရမယ်ဆိုပြီး"
ကျွန်မကို ကျွန်မ မသိစိတ်ကနေ အသိပေးထားတာပေါ့။ဒါလေး ကကိုယ့်ကိုဆွဲချနေပြီလို့ထင်အော်ငါဒါလေးတော့ ငါလုပ်နိုင်တယ်ဆိုပြီး ကယ်တင်သွားသလိုခံစားရပါတယ်။
နံပါတ်(2)အချက်တော့ တာဝန်ယူပေးပါ။
ဟူတ်ပါတယ် တစ်ခါတစ်လေမှာကျွန်မတိူ့က ကျွန်မတို့ထက် အခြားသူတွေကိုဂရုစိုက်ရတာ ပိုကြိုက်တတ်ကြပါတယ်။ကျွန်မ သူငယ်ချင်းဆိုရင် သူက စာလုပ်ရမှာပျင်းပါတယ်ဒါမဲ့ဆရာမကိုသူကိုအတန်းခေါင်းဆောင်( Ec)အနေနဲ့ခန့် လိုက်တဲ့အခါ သူတို့ဒီတိုင်းထိုင်နေလို့မရတော့ပါဘူး။သူကိုစာလာမေးတဲ့ကျောင်းသားတွေအတွက်သူ ဆရာမ စာရှင်းရင်လိုက်နားထောင်ရတယ်။လူတွေစစ်ရတယ်။ကျောင်းမှာ
Activities တွေရှိရင် ဉီးဆောင်လုပ်ရတဲ့အတွက်သူအရင်လို စာလဲမလုပ် ဒီတိုင်းအလေလိုက်နေတဲ့သူမဟူတ်တော့ပါဘူး။အဲ့လိုပဲ ကျွန်မ အနေနဲ့လဲ ဒီကစာဖတ်သူလေးတွေအသိအမြင်တိုးဖို့ ကျွန်မကိုယ််တိုင်စာဖတ်ရတယ် စာတွေ လေ့လာရတယ် ။ဒီလိုကျွန်မ စာတွေဖတ်မှ ကျွန်မစာဖတ်သူလေးတွေကိုအသိအမြင်တွေဝေမျှ ပေးနိုင်မှာ ဖြစ်တယ်။ဒါကြောင့် စာဖတ်သူလေးကလဲ ကျွန်မကိုကူညီ ကျွန်မကလဲ စာဖတ်သူလေးတွေနဲ့ ကူညီ "ကျွန်းကိုင်းမှီကိုင်း ကျွန်းမှီ"ဖြစ်သွားတာပေါ
ရှင်။ အနှစ်ချုပ်ရမယ်ဆိုရင်
ဒီအချက်လေးနှစ်ခုကို သိမြင်သွားပြီဆိုရင်
ဘယ်လောက်ပဲဆွဲချ နေပါစေ မကြောက်တော့ပါဘူးလို့ ပြောကြားရင်းနိဂုန်းချုပ်အပ်ပါတယ်။
အားလုံးပဲပျော်ရွှင်သောနေ့ရက်လေးတွေပိုင်ဆိုင်ပါစေ။
30.9.2024/ကလောင်သွေး
Keep Reading