Author's Profile Photo

ဆောင်းခရေ

30/09/2024

" အမှောင်ဟူသည် "

1 min read
General Knowledge
Entertainment
" အမှောင်ဟူသည် "'s photo
"လူတိုင်းလူတိုင်းက အလင်း‌ေရာင်ကိုပိုတမ်းတကြတယ်။အလင်းရောင်ထဲမှာနေရင် ကောင်းတဲ့အရာတွေဖြစ်လာတယ်လို့ယုံကြည်ကြတယ်။ ဒါပေမဲ့ အမှောင်ထဲမှာလည်း ကောင်းခြင်းတွေရှိပါတယ်။နေ့အလင်းရောင်က ကမ္ဘာကြီးကိုလှပစေသလို ညမှောင်ကလည်း ကမ္ဘာကြီးကို လှပစေပါတယ်။ အလင်းရောင်ရရှိနေတဲ့အချိန်မှာ နေရဲ့လှပတဲ့အလင်းရောင်ကို မြင်ရပြီး သစ်ပင်ပန်းပင်တွေရဲ့ စိမ်းစိုမှုကိုမြင်တွေ့နိုင်သလို အမှောင်ထဲနေတဲ့အချိန်မှာလည်း ကောင်းကင်မှာရှိတဲ့ လနဲ့ကြယ်တွေရဲ့တောက်ပလင်းလက်မှုကိုမြင်တွေ့နိုင်ပါတယ်။ ရေကန်ထဲမှာအရိပ်ထင်ပြီး တောက်ပနေတဲ့ လမင်းကြီးရဲ့ အလှအပကို ညဘက်မှာပဲမြင်တွေ့နိုင်တာဖြစ်ပါတယ်။အမှောင်ထဲမှာ နေရင်လည်း လှပတဲ့အရာလေးတွေရှိတယ်ဆိုတာကို ဒီဇာတ်ကားလေးထဲမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် အမှောင်ကြောက်တဲ့ လူတွေကို ဒီ " Orion and the Dark " ဆိုတဲ့ဇာတ်ကားလေးကြည့်ဖို့ recommend ပေးချင်ပါတယ်။အမှောင်ထဲမှာနေရင်လည်း ပျော်စရာတွေအများကြီးရှိတယ်ဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။အမှောင်ကို လူတိုင်းလိုလိုကြောက်ကြပါတယ်။အမှောင်ထဲကို တစ်ယောက်တည်းလည်း မသွားရဲပါဘူး။အမှောင်ကိုမြင်ရုံနဲ့အလိုလို‌ေကြာက်လာပါတယ်။ဒါပေမဲ့အမှောင်ထဲမှာ နေရင် လွတ်လပ်ပြီး အေးချမ်းမှုကိုခံစားရပါတယ်။အမှောင်ထဲမှာနေပြီး အကြောင်းအရာတစ်ခုခုကိုတွေးတောစဉ်းစားမယ်ဆိုရင်လည်း အဖြေထွက်နိုင်သလို စိတ်ပျော်ရွှင်မှုကိုလည်း ပေးနိုင်ပါတယ်။ ဒါကြောင့် လူတိုင်းလိုလို အမှောင်ကိုပိုပြီးနှစ်သက်လာကြပါတယ်။"

Keep Reading

Haruki Murakami ဘာကြောင့်ဆုမရသေးတာလဲErnest Hemingway ဘဝဟာသများပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးမိတ်ဆွေမှရန်သူဖြစ်သွားခြင်းအချစ်ကိုကိုးကွယ်ခဲ့တဲ့မြန်မာဘုရင်ရူးဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်The Gentleman in the Parlourအဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။ကက်ဖကာ၏လက်တွေ့ဘဝ