ယဥ်သီရိလှိုင်(ဆောင်း)
အပိုင်း၃ပါရှင့်
တခုခုကတော့မူမမှန်တော့တာမို့ ဒီနေ့တော့အဆောင်ကကောင်မလေးကိုမေးရမယ် ကျွန်တော့ခြေထောက်ကိုဆေးလူးလိုက်တယ် ညိုမဲစွဲတာမှခရမ်းရောင်ပါသန်းနေတာဗျာ နာလိုက်တာရောင်ပြီးခြေထောက်ကအရမ်းဖိလျောက်လို့မရဘူး ကျွန်တော်ယူနီဖောင်းလဲပြီးကောင်မလေးရှိတဲ့ဆီ လျောက်သွားလိုက်တယ်
"ညီမ အကိုမေးစရာရှိတယ်ဒီအဆောင်မှာအကို့အပြင်ဘသူတွေရှိသေးလဲ "
"ရှင် ဒီမှာလား လောလောဆယ်တော့အကို၁ယောက်တည်းဘဲ "
"ဘယ်လို ကျွန်တော်တယောက်တည်းပေါ့ဒီအဆောင်ကြီးတခုလုံးမှာလေ "
"ဟုတ်တယ်အကို နောက်လူတွေကရွာပြန်တဲ့သူနဲ့အလုပ်ထွက်သွားကြလို့ ဘာဖြစ်လို့မေးတာလဲအကို"
"တကယ်ကျွန်တော်တယောက်တည်းလား မိန်းမတယောက်နဲ့ကလေးတယောက်ရော အာပြောချင်တာကမိန်းမတွေဘာတွေများမရှိဘူးလား"
"မရှိပါဘူးအကို ဘာဖြစ်လို့လဲဟင်အကိုဘာများမြင်လို့လဲ"
သူမေးတဲ့ပုံကသိနေသလိုလိုဘဲ
"ဘာမှမဖြစ်ပါဘူး ညီမ အကိုသွားပြီနော်"
ကျွန်တော်ဆိုင်ရောက်တော့ဦးကကျွန့်တော့်ကိုပြုံးပြီး
"အဆင်ပြေလားမဟာ နေရတာရောအဆင်ပြေတယ်မလား"
"အမှန်တိုင်းပြောရရင် မပြေဘူးဦး ကျွန်တော်မသိတာတခုခုရှိနေသလိုဘဲဒီမှာထူးဆန်းတယ်"
"ဘာကိုပြောတာလဲ ငါနားမလည်ဘူး"
"ဦး ကျွန်တော်နေတဲ့အဆောင်မှာ လူကကျွန်တော်၁ယောက်တည်းရှိတာတဲ့ မထူးဆန်းဘူးလားပုံမှန်ဆို၄ ၅ယောက်လောက်ကတော့ရှိသင့်တာဘဲလေ "
ကျွန်တော်ကို့ဘာသာတွေးနေတုန်း ဦးကတော့ဘာမှပြန်မပြောဘဲကျွန်တော့ကိုကြည့်နေတယ်
"ဦး ကျွန်တော်သိချင်တာရှိတယ် အလုပ်ထွက်သွားတယ်ဆိုတဲ့လုံခြုံရေးတွေကဘာလို့ထွက်သွားတာလဲ"
" မင်းအဆင်ပြေရဲ့လားမဟာ"
"ဦးရောသိလား မဟုတ်မှကျွန်တော်မြင်သလိုကျွန်တော်ကြုံသလိုကြုံရလို့အလုပ်ထွက်သွားကြတာလား"
"မင်းဘာကိုမြင်လို့လဲ ဘာမြင်လို့လဲပြောစမ်းငါ့ကို"
"မိန်းမတယောက်ဦးပြီးတော့ကလေးလေးတယောက်"
"ဘာ မိန်းမဟုတ်လားသူ့မျက်နှာကိုမြင်လိုက်လား ဘယ်လိုပုံစံမျိုးလဲ "
"မမြင်ရဘူးဦး သူ့မျက်နှာမှာအမွှေးတွေနဲ့ပြီးတော့အဝတ်တွေမပါဘူးတကိုယ်လုံးလည်းအမွှေးရှည်ကြီးတွေနဲ့"
"မင်းအဆင်ပြေရဲ့လား သူမင်းကိုတခုခုလုပ်လိုက်သေးလား "
"ကျွန်တော့ခြေထောက်ကိုတက်နင်းလိုက်တာထင်တယ် ဦး ဒီမှာ"
ကျွန်တော်ပြလိုက်တော့ဦးကစုတ်တသပ်သပ်နဲ့ ခေါင်းခါပြတယ် ပြီးတော့
"မလွယ်တော့ဘူးဘဲကိုး စိတ်တွေလဲမလျော့ပါလား"
"ဦးဘာပြောတာလဲ "
"ကလေးကရော ဘယ်အရွယ်လဲ"
"သိပ်မကြီးဘူးဦး အခုမှ၇နှစ်လောက်ဘဲရှိဦးမှာ ဆံပင်ကုတ်ဝဲလေးနဲ့"
"ဟုတ်နေတာဘဲကိုး အင်းမဟာ ဒီနေ့ငါလိုက်အိပ်မယ် မင်းအဆောင်ကိုရတယ်မလား "
"ဟာ တကယ်ပြောတာလားဦးကျွန်တော်ကတော့အဆင်ပြေဆုံးဘဲပေါ့ဦးရာ"
ကျွန်တော်တို့နေ့ခင်းထမင်းစားတဲ့အချိန် သူဌေးသားဆိုတဲ့ကောင်ကား ဝင်လာတယ်ပုံမှန်အတိုင်း
တီ.....တီ.......
"မြန်မြန်လာလေ နားကန်းနေလား"
ကျွန်တော်ကားနေရာချပေးလိုက်ပြီးတော့ ထမင်းပြန်သွားစားမလို့ရှိသေး
ပြွတ်စ်....ပြွတ်စ်..
"ဟေ့ ဒီကိုလာဦး ဆေးလိပ်သွားဝယ်စမ်း ပြီးတော့ ABC၂ဘူးဝယ်ခဲ့ မြန်မြန်သွား"
ကျွန်တော်အမုန်းဆုံးက ထမင်းစားချိန် တန်းလန်းနဲ့အလုပ်လုပ်ရတာဘဲ ဘယ်တတ်နိုင်မလဲသူ့ပိုက်ဆံယူမှာဆိုတော့လဲ G&Gမှာအမြန်ပြေးဝယ်ပြီးပြန်လာတော့
"ကြာလိုက်တာ မင်းခြေထောက်ကဒီထက်မမြန်နိုင်တော့ဘူးလား"
"တောင်း ပန် ပါတယ်ဗျာ"
တကယ်တော့ကျွန်တော် ရွဲ့ပြောလိုက်တာ
"ရော့ ပိုတာမင်းယူလိုက်"
ပိုက်ဆံ၂ထောင်ကိုပစ်ပေးတယ် ကျွန်တော်သည်းမခံနိုင်တော့ဘူး
"မလိုပါဘူး ကျွန်တော်ပိုက်ဆံလိုချင်လို့သွားဝယ်ပေးတာမဟုတ်ဘူး ခင်ဗျားပိုက်ဆံလည်းကျွန်တော်မလိုချင်ဘူး"
"ဘာကွ လူပါးဝလို့"
ကျွန်တော့်ကိုလက်သီးနဲ့ထိုးလိုက်တယ် နဲနဲတော့ယိုင်သွားပေမယ့် သိပ်မနာဘူးလက်ကြောမတင်းပုံက နောက်တချက်ထပ်ထိုးဖို့လုပ်တော့ကျွန်တော်သူ့လက်ကိုလှမ်းဖမ်းလ်ိုက်ပြီး ၂ချက်လောက်ပြန်ကျွေးပေးလိုက်တယ် ထိုးချင်နေတာအခုမှပေါ့သွားတယ် သူ့နှုတ်ခမ်းပေါက်သွားတယ်ပါးလဲရောင်သွားတယ်
"တောင်းပန်ပါတယ် ကျွန်တော်ကကို့အသားမနာရင်ပြန်မထိုးပါဘူး နောက်ပြီးခင်ဗျား ကျွန်တော့ကိုပိုက်ဆံပစ်မပေးပါနဲ့ ကျွန်တော်?မဟုတ်ဘူး "
"အောင်မာ ?သားမင်းမေကသေချာမဆုံးမထားဘူးလား မိမဆုံးမဖမဆုံးမသား"
"အဲ့တာ ခင်ဗျားထင်တယ် သေချာပြန်တွေးကြည့်ပါ ကျွန်တော်ကအမေဆုံးမလွန်းလို့လူလိုသူလိုကြီးပြင်းလာတာခင်ဗျားသာ ပညာမတတ်အသိညာဏ်မရှိတဲ့လူ"
"မင်း တွေ့မယ်အလုပ်ဖြုတ်ပြမယ် မင်းကို"
ကျွန်တော်သူ့ကိုမထိုးခင်တည်းက ကြိုတွေးထားပြီးသားပါ ကို့ထိုက်နဲ့ကို့ကံပေါ့ ဘာတတ်နိုင်မလဲ အနဲဆုံးတော့လုပ်ချင်တာလုပ်လိုက်ရတယ်လေ
ကျွန်တော်ထမင်းသွားပြန်စားတော့ မီးက
"မဟာ မင်းလည်းပြောမရဘူးဘဲ ဒါမယ့်စိတ်မပူပါနဲ့သူဌေးကဖြုတ်မှာမဟုတ်ဘူး ခုကလူလဲမရှိဘူးလေ"
"ရပါတယ်ဦး ဖြုတ်လဲကျွန်တော်အဆင်ပြေပါတယ်"
ညနေပိုင်းအလုပ်သိမ်းတော့ဦးကသူ့မိန်းမဆီ ပြန်မလာမယ့်အကြောင်းဖုန်းဆက်ပြောတယ်ပြီးတော့၂ယောက်အတူတူအဆောင်ကိုပြန်လာကြတယ်
"ဟင် ဦးလေး ဘယ်လာတာလဲ"
"အော်သမီး နေကောင်းတယ်နော် သူနဲ့လိုက်လာတာသမီးဒီမှာတညအိပ်မလို့ ရတယ်မလား"
"ပြောစရာမလိုပါဘူးဦးလေးကလည်း ဒါနဲ့ဘာလို့လာအိပ်တာလဲ မဟုတ်မှ"
"ဟုတ်တယ်သမီး အဲ့တာကြောင့်"
"အကို ညီမပေးတဲ့ပရိတ်ကြိုးလေးဆွဲမထားဘူးလား ဘယ်နားရောက်သွားလည်းပရိတ်ရေဘူးရော"
"အခန်းထဲမှာပေါ့ ညီမရဲ့အကိုက ဘယ်နေရာသွားသွားဆောင်ထားရမှာလားဒါဆို"
"ဦးလေး ဂရုစိုက်ပါနော် "
ဘာတွေပြောနေကြလဲမသိဘူး ကျွန်တော်မသိတဲ့အကြောင်းရာတခုခုဘဲ အခန်းတံခါးကိုဖွင့်ပြီးဝင်သွားတော့ ဦးကသေချာလိုက်ကြည့်နေတယ်
"ဦးအိမ်သာက ကျွန်တော်ဆေးတော့ဆေးထားတယ် နံနေသေးရင် အပြင်မှာဘဲသုံးလိုက်နော်"
"ဒီအခန်းက ဦးရဲ့အခန်းလေ"
"ဗျာ ဦးကဒီမှာနေဖူးတာလား"
"အေး ခနပါရက်ပိုင်းလေးအကြောင်းရှိလို့မနေတော့တာ"
"ဘာအကြောင်းလဲဦး ကျွန်တော်မသိတာရှိတယ်မလား ပြောပြပါကျွန်တော်သိချင်တယ်"
"လုပ်လုပ်ထမင်းစားကြမယ်"
"ဟာ ဦးကလည်း အရင်ပြောပြပါ ကျွန်တော်သိရမှဖြစ်မယ်"
"မဟာ မင်းသိချင်တယ်မလား ဒီညငါပြောပြမယ်အခုအရင်ထမင်းစား ရေကမနက်မှချိုးတော့"
"ဟင် ချွေးတွေနဲ့ကို"
"ငါပြောသလိုလုပ် မင်းတယောက်ထဲသွားမလို့လားရေချိုးခန်းကို"
ကျွန်တော်ခေါင်းခါပြပြီး ယူနီဖောင်းလဲလိုက်တယ်ပြီးတော့ထမင်းစားဖို့ပြင်ပြီး ဦးကိုခေါ်လိုက်တယ်ဦးကအိမ်သာထဲကိုလိုက်ကြည့်နေတယ်
"ဦးလာလေ စားမယ်"
"အေး "
...
"ဦး ပြောပြလေ"
"မင်းကိုအခုပြောရင် မင်းကြောက်မှာပေါ့ ရလို့လား"
"ဟာ ဦးကလည်းကျွန်တော်အဲ့လောက်မကြောက်တတ်ပါဘူးပြောပါရပါတယ်"
"သူ့နာမည်က ဝင့်ဝါဆွေတဲ့ "
"ဘယ်သူ့နာမည်ကိုပြောတာလဲ ဦး "
ချတ်.....
"ဟာ မီးကလည်းဦးခနနော် ဖုန်းယူလိုက်ဦးမယ်"
တွေ့ပြီဒီမှာ မီးဖွင့်လိုက်တော့ ဦးမရှိတော့ဘူး ဘယ်ရောက်သွားလဲ ဟော
"ဦး အပြင်ထွက်သွားတာလား"
ကျွန်တော် ဖုန်းမီးနဲ့အခန်းထဲမှာလိုက်ရှာတာမတွေ့ဘူး အပြင်ကိုလိုက်ရှာဖို့ တံခါးလက်ကိုင်ကိုကိုင်လိုက်တော့ ကျွန်တော်ကိုဂုတ်ကနေအကျီစကိုဆွဲပြီးမထည့်လိုက်တယ် တော်တော်မြင့်သွားတာ
"အာ့ ဘယ်သူလဲ တယောက်ယောက်ကယ်ပါဦး.."
ကျွန်တော် လည်ပင်းအစ်နေပြီးအသက်ရှူမရတော့ဘူး အကျီကရှေ့ကွဲဆိုတော့ကျွန်တော်အကြံရပြီးအရှေ့ကကြယ်သီးကိုဖြုတ်လိုက်တယ် ကျွန်တော်အောက်ကိုပြုတ်ကျသွားတော့ ဖုန်းမီးနဲ့အဲ့လူကိုလှမ်းထိုးလိုက်တယ် ဟိုမိန်းမဖြစ်နေတာ ကျွန်တော်လဲကြောက်လန့်ပြီးဘေးနားမှာရှိတဲ့ပစ္စည်းတွေနဲ့ကောက်ပေါက်တယ် အဲ့မိန်းမကကျွန်တော့ကိုသတ်ပစ်ချင်နေသလိုဘဲ ကျွန်တော်ဟိုညီမလေးပေးထားတဲ့ပရိတ်ရေကိုသွားသတိရပြီး အဲ့ပရိတ်ရေဘူးကိုသွားပြေးယူတော့ သူ့လက်ကြီးနဲ့ကျွန်တော့်ခါးကိုဖျတ်ရိုက်ချလိုက်တယ် တော်တော်လေးပူထူသွားပြီးနေရာမှာခွေလျက်မှောက်ခုံကျသွားတယ် ကျွန်တော်နာတဲ့အရှိန်ကြောင့် မထနိုင်ဘဲဖြစ်နေတုန်း တံခါးဝကနေ မီးက
"သမီး စိတ်လျော့ပါငါ့သမီးလေး ဖြစ်ရလေငါ့သမီးလေး မလုပ်ပါနဲ့ကွယ်လူတွေကိုထပ်ပြီးနာကျင်အောင်မလုပ်ပါနဲ့တော့ အဖေတောင်းပန်ပါတယ် အဖေလည်းအဲ့ကောင်ကိုလက်စားချေမယ့်နည်းလမ်းကိုရှာနေတာပါသမီးရယ်"
ဦးက သူ့ကိုသူအဖေလို့ပြောပြီးငိုနေတယ် ဟိုမိန်းမကဒါဆိုဦးသမီးပေါ့ ဘာတွေလဲကျွန်တော်နားမလည်တော့ဘူး ဟာဦးဆီပြေးပြီး သွားနေတယ်ငါ့ဘာလုပ်ရမလဲ ပရိတ်ရေဟုတ်တယ် ကျွန်တော်ပရိတ်ရေယူဖို့မနဲကျုံးထပြီး သွားယူလိုက်တယ် ရေဘူးကိုငယ်ငယ်ကခွက်စောင်းခုတ်သလိုအဲ့မိန်းမဆီပက်ထည့်လိုက်တော့
"ဟင်း.....ဟင်း.....ကယ်ပါ ကယ်ပါ"
"သား မလုပ်ပါနဲ့ ဦးရဲ့သမီးလေးပါကွာ ဦးရဲ့သမီးလေးပါဟိုကောင်လုပ်လို့ဒီလိုအဖြစ်ဆိုးနဲ့သေရတာပါဦးတောင်းပန်ပါတယ်သားရယ် မပက်ပါနဲ့ရပ်လိုက်ပါတော့"
"မေ...မေ..."
ကလေးလေးကအိမ်သာထဲကနေပြေးထွက်လာပြီးအဲ့မိန်းမကိုပြေးဖက်တယ် မေမေလို့လဲခေါ်သေးတယ်
"အား....ကယ်ပါ..ကျွန်မကိုကယ်ပါ"
အဲ့မိန်းမကကျွန်တော့ကို ပြောနေတာ ကျွန်တော့ဆီတရွတ်တိုက်လာပြီး ငိုပြော ပြောနေတယ်
"ဘာလဲ သွားစမ်း ငါ့နားမလာနဲ့ "
ကျွန်တော်ပြောနေပေမယ့်ကျွန်တော့နားကိုသူရောက်လာတယ် အနီးကပ်မြင်လိုက်ရတော့မိန်းမပုံစံတဖြည်းဖြည်းပေါ်လာတယ် မီးပြတ်နေတော့အပြင်ကလရောင်ကြောင့်သာမြင်နေရတာ ဥပဓိရုပ်ခံကောင်းတဲ့မိန်းမတယောက် ကလေးလေးက သူ့အမေကိုခွလျက်သားလေးပါလာတယ် အတော်ချစ်စရာကောင်းတာဘဲ
ကျွန်တော်မျက်လုံးတွေပြာသွားတယ် တခနအိပ်ပျော်သွားသလိုဘဲ နိုးလာတော့ ကျွန်တော့အဆောင်ကလင်းထိန်နေတယ် ဟော ဟိုမှာဦးမလား ကျွန်တော်ပြေးပြီးသွားခေါ်လိုက်တယ်
"ဦး ဘယ်ရောက်နေတာလဲ ဦးမေးနေတယ်လေ ကျွန်တော့က်ိုကြည့်ပါဦး"
ဦးကကျွန်တော့ဘက်ကိုလှည့်ကြည့်တော့ ကျွန်တော်ပျော်သွားတယ် စကားပြောမလို့လုပ်လိုက်တော့ ဦးကကျွန်တော့ကိုယ်ကိုဖြတ်သွားတယ် ကျွန်တော့ရဲ့ကိုယ်လုံးကြီးကိုဖြတ်သွားတာ ကျွန်တော်လှည့်ကြည့်တော့ဦးက ဟိုမိန်းမ သူ့သမီးဆိုတဲ့မိန်းမဆီပြုံးပြီးလျောက်သွားတယ် အဲ့မိန်းမက ခုနကရုပ်နဲ့မတူဘဲလှလှပပဖြစ်နေတယ် အမွှေးတွေလည်းမရှိဘူး
"အဖေ ကိုဖြိုးသူက ဒီနေ့အပြင်သွားမလို့ခေါ်ထားတယ် လိုက်သွားမယ်နော်"
"သမီး ဖြစ်နိုင်ရင်မလိုက်ပါနဲ့ကွယ် အဖေမထည့်ချင်ဘူးသူအကြောင်းကိုသမီးလည်းသိသားနဲ့ကွယ်"
"အော်အဖေကလည်းကိုဖြိုးသူက သမီးကိုလက်ထပ်မှာပါ ပြီးတော့သမီးလေးကိုလည်းသူ့သမီးအရင်းလေးလိုချစ်ပေးဦးမှာ အခုတောင် ကလေးကိုမုန့်ခေါ်ကျွေးနေတယ် သွားဦးမယ်နော်အဖေ"
"သမီး မြေးကိုအဖေ့နဲ့ထားခဲ့မှာမလား"
"မဟုတ်ဘူးလေအဖေ ကလေးပါခေါ်သွားမှာ"
အဲ့မိန်းမကဦးကိုပြောပြီး အဆောင်ရဲ့ ရေချိုးခန်းဘက်ကိုလျောက်သွားတယ် ကျွန်တော်လိုက်သွားရင်ကောင်မလား ဦးကလည်းကျွန်တော့ကိုမမြင်မယ့်အတူတူလိုက်သွားလိုက်တယ်
"ကိုဖြိုးသူ ကိုဖြိုးသူ"
တံခါးကိုခေါက်နေတာ ဟောတံခါးဖွင့်တဲ့သူကဟိုကောင်သူဌေးသားဆိုတဲ့ကောင်ပါလား
"အော် ဝင့် လာအထဲဝင်ဦး သမီးလေးကအိပ်သွားပြီ ကိုမုန့်ကျွေးပြီးသိပ်လိုက်တာ တော်တယ်မလား"
"တော်ပါတယ်ရှင် "
"ဟားဟား တော်ရင်ဆုချမှာလား"
"ကိုနော် ဘာတွေပြောနေတာလည်း သမီးရှေ့မှာ"
"သမီးကအိပ်နေတာလေ ဘာလည်းဝင့်ကကို့ကိုမချစ်တော့ဘူးလားပြော"
သူတို့၂ယောက်ရဲ့အဖြစ်ကိုဆက်မကြည့်ချင်တာကြောင့် ကျွန်တော် သူ့ရဲ့အခန်းထဲကိုလိုက်ကြည့်လိုက်တယ် ထူးဆန်းတာကကလေးကအသက်မရှူတာဘဲ ကျွန်တော်ကလေးကို ကိုင်ကြည့်တော့ကိုင်မရဘူး ကျွန်တော်ကလူသေတယောက်လိုမျိုးဖြစ်နေတယ် ကလေးကမနိုးဘူး အိပ်နေတာမဟုတ်သလိုဘဲ ကျွန်တော်ဘာလုပ်ရမှန်းမသိတော့ဘူး ကလေးကိုသေချာကြည့်တော့ကလေးရဲ့ပေါင်ကြားမှာသွေးတွေ ကလေးကိုထားထားတဲ့ကုတင်အောက်မှာသွေးတွေပေနေတဲ့စောင်တထည်ညှပ်ထားတယ် ဒါကဘာများဖြစ်နိုင်မှာလည်း ကလေးကိုမဟုတ်မှ ဒီကောင်ဘာလုပ်လိုက်တာလည်း သေသွားပြီလားကလေးက ကျွန်တော်ကလေးကိုလှုပ်မရဘူးကိုင်မရတဲ့အခြေနေမှာ ကျွန်တော့လက်ကိုလက်သေးသေးလေးကလာကိုင်တယ်
"ဦဦး နာနာ မီးမီး နာနာ "
ဆိုပြီး ကလေးကသူ့ရဲ့မိန်းကလေးပစ္စည်းကိုထိုးပြနေတယ် သေချာနေပြီဒီကောင်မဟုတ်တာလုပ်လိုက်တာ ?သား ဒီလောက်ငယ်တဲ့ကလေးကိုလုပ်ရလား လူမဆန်တဲ့ကောင်
"ဦးဦး မီးမီးနာ ဟင့်...."
ကလေးလေးကဗျာ ကျွန်တော့ကိုကြည့်ပြီးငိုနေတာရှိုက်ရှိုက်ပြီး
"တိတ်ပါ သမီးရယ်ဦးဦး သူ့ကိုနာအောင်ရိုက်ပေးမယ်ကျေနပ်လား ဘယ်လိုလုပ်ပေးရမလဲသမီးလေးရယ်"
ကလေးကအသက်မရှိတော့တဲ့သူရဲ့ရုပ်အလောင်းလေးကိုကြည့်ပြီးငိုင်နေတယ် ပြီးတော့
"မေမေ.မေမေ "
ကျွန်တော်အခုကြည့်လိုက်တော့သူ့အမေရောဟိုလူရော မရှိကြတော့ဘူး ကျွန်တော်လိုက်ရှာတယ်ခေါင်းတွေလေးပြီးမူးလဲကျသွားတယ်ကလေးလေးကကျွန်တော့ပါးကိုသူလက်ကလေးတွေနဲ့လှုပ်ပြီးနှိုးတယ် ကျွန်တော်သနားလွန်းလို့ မျက်ရည်တွေကထိန်းမရဘဲငိုလိုက်မိတယ် ဘာလို့များလုပ်ရက်ရတာလဲ..ကျွန်တော်ရှာဖွေရဦးမယ် ဒီအကြောင်းကိုရှာရမယ် ကျွန်တော်သူ့ကိုသက်သေနဲ့ဖမ်းရမယ်.....ကျွန်တော်သံဓိဌာန်ချလိုက်မိပါသည်...
အပိုင်း.၄ နောက်ရက်တင်ပေးပါမယ်ရှင့်
ချစ်သောreadersလေးတွေ?
Keep Reading