Author's Profile Photo

တိုက်စိုး

29/08/2024

မိန်းမလှ အဖွဲ့

1 min read
Culture
Art
မိန်းမလှ အဖွဲ့'s photo

လှတစ်မျက်နှာ ယဉ်တစ်ကိုယ်လုံးတဲ့။ မြန်မာတို့ ဆိုရိုးပြုခဲ့ကြသည်။ ကဗျာဆရာ၊ ဝတ္ထုရေးဆရာ စသူများကလည်း မိန်းမ၏အချော၊ အလှ၊ အယဉ်အကျေးအကြောင်းကို ခေတ်အဆက်ဆက်က စာဖွဲ့ခဲ့ကြသည်။အသားအရေ ညက်ညော၍မို့ မိန်းမချောဟုခေါ်ရသည်။ မျက်လုံး မျက်ဖန်၊ ဆံပင်ကောင်းပြီး နှုတ်ခမ်းနီနှင့် အချိုးအစားကျသည်မို့ မိန်းမလှဟု ခေါ်ရသည်။ ကိုယ်နေပြည့်ဖြိုး၍ ခါးသေးရင်ချီ အလှုပ်အရှားတင့်တယ်သည်မို့ မိန်းမယဉ်ဟု ခေါ်ရသည်။ ဤသည်မှာ ရွှေပြည်စိုး ဝတ္ထုရေးဆရာ ဦးလတ်၏ အဆိုအမိန့်ဖြစ်လေသည်။

ဝတ္ထုရေးဆရာ ပီမိုးနင်းကမူ ရုပ်ရည်ထက်ဟန်အမူအရာ၊ အနေအထိုင်ကို ပို၍ အရေးပေးပုံ ရလေသည်။ သူ့အလိုဆိုရသော် လှတိုင်းလည်း ကြည့်၍မကောင်း၊လှတာ မဟုတ်ပါဘူး၊ မျက်နှာကလေး ကြည်လို့ပါဟူသော အပြောအဆိုမျိုး ထုတ်ပြတတ်လေသည်။သာယာသောအသံနှင့် ငှက်ကလေးလို ပေါ့ပါးဖျတ်လတ်သော မိန်းကလေးသည် ဣန္ဒြေကြီးနှင့် ထဘီကိုထုပ်၍ဆွဲကာ မရဲတရဲသွားသော မိန်းကလေးကို မြင်ရသည်ထက် ကျက်သရေရှိသည်ဟု ဆိုလေသည်။ ထို့ပြင်ပီမိုးနင်းက အလှသည် ကျန်းမာရေးနှင့် ယှဉ်တွဲနေသည်ဟု ဆိုပြန်သည်။

ဤအချက်ကို ရုရှဝတ္ထုရေးဆရာ အိုင်ဗင်ရေဖရီမော့(ဗ်)က ဇီဝဗေဒအနက် ဖော်၍ ထောက်ခံလေသည်။ ရှင်းပါအံ့။

လူသား-ယောက်ျား မိန်းမတို့သည် ဟိုရှေးပဝေသဏီကတည်းက တောကြီးမျက်မည်းထဲတွင်အကျပ်အတည်း၊ အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ရလေရာ မိမိတို့ ဘဝရပ်တည်နိုင်ရန် ကြိုးပမ်းရလေသည်။သဘာဝဘေးရန်ကို တွန်းလှန်ရင်း မျိုးဆက်တည်မြဲရန်အားထုတ်ရလေသည်။ ထို့ကြောင့် ကျန်းမာ တောင့်တင်းရပေသည်။ ဤသည်ပင် ပတ်ဝန်းကျင်နှင့် သဟဇာတကျခြင်း သဘောဖြစ်သည်။ ဤသည်ပင် အလှဖြစ်သည်။

အသားအရေချောမွေ့ခြင်း၊ ဆံပင် မည်းနက်ခြင်း၊ မျက်လုံးတောက်ပ ကြည်လင်ခြင်း၊ အသွားအလာပေါ့ပါးခြင်း စသည်တို့သည် သွေးသားညီညွတ်ခြင်းလက္ခဏာ၊ ကိုယ်ခန္ဓာအစိတ်အပိုင်းများ တစ်ခုနှင့်တစ်ခုကျေးဇူးပြုခြင်း သဘောဆောင်လေသည် မဟုတ်လော။ထို့အတူ သွားညီညာသိပ်သည်းလျှင် မာသောအသားကိုကြေညက်အောင် ဝါးနိုင်မည် မဟုတ်လော။ယောက်ျားနှင့်မိန်းမသည် သူတို့၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံအလျောက် သူ့ သဘာဝနှင့်သူ လှကြ၊ တင့်တယ်ကြသည်ချည်း ဖြစ်သည်။ကို သတ်ပုတ်နိုင်ရအောင် မတို‘မရှည် ခိုင်မြဲရ၏။ မိန်းမမှာမူ ဘေးအန္တရာယ်ကို စောင့်ကြည့်ကြိုကြည့်နိုင်အောင်ယောက်ျား၏လည်ကုပ်သည် တစ်ဖက်ရန်သူအလှည့်အပြုမြန်၍ သွယ်သော လည်တိုင် ရှိရလေသည်။

တစ်ဖန် ကြည်လင်သော မျက်လွှာ၊ ကော့ထောင်သော မျက်တောင်၊ စူးရှသောအကြည့်သည်အကာအကွယ်ဖြစ်သည်။ ဖြောင့်စင်းသော နှာတံသည်လေဝင်ရန် ကောင်း၍ ကျန်းမာရေးကို အထောက်အပံ့ဖြစ်သည်။ တစ်ဖန် ခါးသေးရင်ချီ-ကိုယ်နေကိုယ်ထားသည် မိန်းမအဖို့ နို့တိုက်သတ္တဝါ-သားကောင်းမိခင်၏သဘောလက္ခဏာ ဆောင်လေသည်။ ယောက်ျားတွင်ကြွက်သားရှိမှ တင့်တယ်သော်လည်း မိန်းမမှာ မလို။ခါး၊ တင်ပါးဆုံ၊ ဝမ်းဗိုက်အောက်ပိုင်းတစ်ဝိုက်တွင်သာအရေပြားအဆီပြင် ထူထူထဲထဲ ရှိရလေသည်။ အ
ကြောင်းမှာ သန္ဓေသား၊ နို့စို့သားအတွက် အာဟာရ အပိုဆောင်ထားရန် လိုသောကြောင့်ဖြစ်သည်။ အတိုက်အခိုက် ဒဏ်ခံနိုင်ရန် လိုသောကြောင့်ဖြစ်သည်။ ပူနွေးရန် လိုသောကြောင့် ဖြစ်သည်။ သန္ဓေသားအောင်းနိုင်ရန် တင်ကျယ်ရလေသည်။

ဤတွင် ဦးလတ်နှင့် ပီမိုးနင်းနှစ်ဦးစလုံးကလည်း အလှဆိုသည်မှာ အရေပြားတစ်ထောက်သာ
ဖြစ်သည်ဟု သဘောရကြလေသည်။ သူတို့က ထပ်မံဆိုကြသည်မှာ ရုပ်လှခြင်းထက် စိတ်လှခြင်းက ပို၍တန်ဖိုးရှိလေသည် ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော်အဆင်းသည် မျက်လုံးကို ဖမ်းစား၏။ အချင်းသည်စိတ်နှလုံးကို ဖမ်းစား၏ မဟုတ်လော။ ။

ဗြူတီမဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၂ဝဝ၂။

#တိုက်စိုး

Keep Reading

အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾နံရံမဲ့ကျောင်း ---------------ကြည့်ချင်ပွဲ