Nway Oo Maung
သင်ဟာ တစ်ပတ်လောက် လူတွေနှင့်စကားမပြောပဲနေကြည့်ဘူးလား၊ဒီစာအုပ်က အကျဉ်းကျနေသောထောင်သားတွေကို လူသူကင်းသောကျွန်းပေါ်မှာ ဘယ်သူနဲ့မှစကားပြောခွင့်မပေးသောထောင်းမျိုးမှာ ၆နှစ်နေနိုင်ခဲ့သူတစ်ယောက်အကြောင်းဖြစ်ရပ်မှန်ရေးထားသောဘာသာပြန်စာအုပ်ဖြစ်ပါသည်။ တရုတ်တွေဟာ လူတစ်ယောက်ကို လှုပ်မရအောင်ကြိုးချည်ထားပြီး ခေါင်းပေါ်မှာရေအိုးတစ်အိုးထားစေပါတယ်။
ရေအိုးကို ရေတစ်စက်ကျရုံအပေါက်လေးဖောတ်ထားပြီး လူ၏ခေါင်းတည့်တည့်ကိုကျစေ၏။ ရေစက်ဟာ ခဏကျရင်မသိသာပေမဲ့ အချိန်ကြာလာနှင့်အမျှ ရေတစ်စက်ကျတိုင်း တုနှင့်ထုသလိုနာကျင်သတဲ့။ထိုနည်းဟာတရုတ်တို့တီထွင်ခဲ့သော ကမ္ဘာကျော်နှိပ်စက်နည်းပါ။ပြင်သစ်တွေဟာလည်း လူတစ်တစ်ယောက်ကိုဘယ်သူနှင့်မှ စကားပြောမရအောင် ဆိတ်ငြိမ်သောနေရာမှထားချင်းဖြင့် နှိပ်စက်နည်းကိုတီထွင်ခဲ့ပါတယ်။ လူတွေနှင့်စကားခွင့်မရပဲ အဲ့ဒီလိုနှိပ်စက်ခံရသူတွေဟာ ကြာလာတော့ ရူးတဲသူကရူး ကိုယ်ကိုသတ်သေသူကသေကြပါတယ်။အဲ့ဒီလိုနှိပ်စက်ခြင်တွေကို ဇာတ်ကောင်ပါပီလွန်ဟာ အရှုံးမပေးပဲ ၆နှစ်နေခဲ့ရပါတယ်။ ကိုယ်မသတ်သောလူသတ်မှုတစ်ခုအတွက် ၂၆နှစ်အရွယ်မှာထောင်ကျခဲ့ရပြီး၊ ထောင်အမျိုးမျိုးကိုပုံစံအမျိုးမျိုးနှင့် ဖောတ်ခဲ့သော ၊ဘဝကိုအရှုံးမပေးပဲ ဖြတ်သန်းခဲ့သောလူသားတစ်ယောက်၏ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။ တစ်ကျွန်းကပြေးဖို့ ပင်လယ်ကို ဖောင်နှင့်ဖြတ်ကျော်ခဲ့သူ၊ တစ်ကျွန်းကလွတ်တော့လည်း အမိနိုင်ငံကိုပြန်ခွင့်မရသေးသောကြောင့် အလုပ်မျိုးမျိုး ဘဝအဖုံဖုံကိုရုန်းကန်ခဲ့ရသောလူသားတစ်ယောက်၏ ဇာတ်လမ်းဖြစ်ပါတယ်။
ကျွန်တော့်ဘဝမှာ အခက်ခဲတွေကြုံတိုင်း စာအုပ်ထဲက ဇာတ်ကောင်ပါပီလွန်၏ ထုံးကိုနှလုံးမူကာ "ငါ့အခက်ခဲက ဘာဟုတ်သေးလိမ့်မတုန်းလို့"အားတင်ကာကျော်ဖြတ်ခဲ့၏။ လက်ရှိလဲရောင်းကောင်းဆဲစာအုပ်ဖြစ်ပါသည် ။
စာပေလိုက်စားသူ လူငယ်တော်တော်များများဖတ်ဖူးကြသည်။ကျွန်တော်စိတ်ဓာတ်ကျသောအခါ ဘဝမှာပြန်မထချင်လောက်အောင် လောကဓံနှင့်တွေ့သောအခါ ပြန်ဖတ်ဖြစ်ပါတယ်။ ပြန်ဖတ်တိုင်းလည်းအင်းအားဖြစ်ရပါ၏။ စာချစ်သူတို့ကို မဖတ်ရသေးရင်ဖတ်ကြည့်ဖို့ညွှန်ချင်ပါသည်။
စာအုပ်အမည် ပါပီလွန်နှင့်ဗင်ကို
ဘာသာပြန်စာရေးဆရာ ဦးလှဝင်း(လေသူရဲတစ်ဦး)
Keep Reading