Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

20/03/2024

အကူညီ​တောင်းခံသူနှင့်ကျွန်​တော်

4 mins read
အကူညီ​တောင်းခံသူနှင့်ကျွန်​တော်'s photo

အပိုင်း.၂ပါရှင့်
ကျွန်​တော်နိုးလာ​တော့မနက်မိုးလင်းနေပြီ တကိုယ်လုံး​ချွေးတွေနဲ့​ခြင်​ထောင်ကပြုတ်ကျ​နေတယ်ကျွန်​တော့ကိုယ်ပေါ်မှာ ဒါဆိုညကအဖြစ်ပျက်ကအိပ်မက်မဟုတ်ဘူး​ပေါ့တကယ်ဖြစ်ခဲ့တာ​တွေ​ပေါ့ဒါဆို ကျွန်​တော်အတင်းကျုံးထပြီးဝက်သားအုပ်ထားတဲ့ပန်းကန်ကိုသွားကြည့်လိုက်တယ် အိပ်မက်မဟုတ်တာ​သေချာသွားတာ​ပေါ့ဆီ​​တွေဘဲရှိ​တော့​တယ် ဝက်သားတုံး​တွေမရှိ​တော့ဘူးစလုံ​ရော​ရေသန့်ဘူး​ရော၂ခုလုံး​တုံးလုံးလဲ​နေတယ် ကျွန်​တော်လဲညကအဖြစ်ပျက်ကိုပြန်စဥ်းစား​နေတုန်း
"အကို အကို တံခါးဖွင့်ပါဦး"
ဟိုက​လေးမအသံ ကျွန်​တော်တံခါးဖွင့်လိုက်​တော့ကျွန်​တော့်ကို​သေချာကြည့်တယ်ပြီး​တော့အခန်းထဲကိုလည်းလိုက်ကြည့်တယ်
"ညကအဆင်​ပြေတယ်မလားအကိုအိပ်ရတာ တခုခုများ"
"ဒီမှာ ဘာကို​မေးချင်​နေတာလဲ မေးလိုက် "
"အော် မဟုတ်ပါဘူး ပြေတယ်ဆိုရပါပြီဒါဆို "
ကျွန်​တော်​​အော်လိုက်တာများသွားလားမသိ မျက်နှာငယ်နဲ့တံခါးကို​စေ့ပြီးပြန်ထွက်သွားတယ် များများမများများပါ​လော​လောဆယ်ကျွန်​တော်စိတ်ညစ်တာဘဲသိတယ် ဘာ​တွေများလဲ ဟိုလူနဲ့က​လေးက​ရောဘာ​တွေလဲ
......
ကျွန်​တော်အဝတ်စားလဲပြီးတံခါးကို​သော့ခတ်ခဲ့တယ်ပြီး​တော့ဆိုင်ကိုထွက်လာလိုက်တယ်
"မဂ်လာပါဗျ ကျွန်​တော့နာမည်မျိုးမဟာပါ ဒီမှာဒီ​နေ့ကစပြီးလုံခြုံ​ရေးဆင်းမယ့်လူအသစ်ပါခင်ဗျ"
ထိုင်​နေတဲ့လုံခြုံ​ရေးဦးကြီးကိုမိတ်ဆက်လိုက်တယ် သူကပြန်မ​ပြောဘဲ ကျွန်​တော့ကို​သေချာကြည့်တယ်ပြီး​တော့​ခေါင်းငြိမ့်ပြတယ်
မနက်ခင်းမှာ​တော့ဆိုင်ကိုလာတဲ့ဧည့်သည်​တွေရဲ့ကားကို​​နေရာချ​ပေးရတယ်အကျီဆိုင်ဆို​တော့ မိန်းမကြီး​တွေအလာများကြတယ် ဒရိုင်ဘာ​တွေနဲ့​ပေါ့ နေ့ခင်းကြ​တော့​ကောင်မ​ဘေးတ​ယောက်အကျီဆိုင်ကဝန်ထမ်းထင်တယ်ယူနီ​ဖောင်းကိုကြည့်ရတာ ကျွန်​တော့ကိုထမင်းဘူးနဲ့ဟင်းဘူး​ဖော့ဘူး​လာ​ပေးတယ်
"အကို ဒီမှာ​နေ့လည်စာပါ စားပြီးမှဆက်လုပ်ပါ​နော်"
"ဟုတ်ကဲ့​ကျေးဇူးပါဗျာ"
ဗိုက်ကလဲဆာလာ​တော့ တီးပလိုက်တာအကုန်ကုန်သွားတယ်ည​နေစာ​ရော​ကျွေးပါ့မလားမသိဘူး မ​ကျွေးရင်​တော့ကို့ဘာသာဝယ်စားရ​တော့မှာဘဲ
...
"ဒီမှာ မင်းမ​နေ့ကမှ​ရောက်တာလား"
"ဟုတ်တယ်ဦး မ​နေ့ကမှမ​ဆောင်​ရောက်တာ"
"အော်​အေး မ​နေ့ကအ​ဆောင်မှာဘာမှထူးထူးခြားခြားမရှိဘူးမလား "
"ဗျာ ဘာကို​ပြောတာလဲဗျ ဟို"
"ဘာမှမဟုတ်​တော့ဘူး သွားသွား ကို့​နေရာကို​နေ ခန​နေသူ​ဌေးအိမ်ကကားလာ​တော့မယ်"
သူဘဲ​​မေးပြီး​တော့ နေပါဦးသူကဟိုအ​ကြောင်းကိုသိ​​နေတာလား သူတခုခုသိ​နေတာများလား ခန​နေ​တော့ကားမဲတစီးဝင်လာတယ်
တီတီ........
ဟွန်းကိုတီးတာအကြာကြီးဘဲ ကျွန်​တော်လည်းကားထားရမယ့်​နေရာကို​ပြောဖို့​လျောက်သွား​တော့ ကားမှန်ကိုချပြီးကျွန်​တော့ကို​ပြောတယ်
"ဟေ့​ကောင် မင်းနားပင်း​နေလား ငါ့ကားလာ​နေတယ်​လေ ဘာလဲအသစ်လား မ​လောက်​လေးမ​လောက်စားအလကား​ကောင်​တွေ"
ကျွန်​တော့စိတ်ကိုမနဲထိန်းထားလိုက်ရတယ် လာ​နေတာဘဲသူ့ဘာသူမမြင်ဘဲ​နေကာမျက်မှန်အမဲနဲ့ မျက်ကန်းကျ​နေတာ ဆင်းလာပါပြီကား​ပေါ်က ကား​သော့ကိုလှည့်ပြီးကျွန်​တော့ဘက်ကိုကြည့်တယ်
"မင်း ဒီနားလာစမ်း "
အောင်မာ လူကိုများသူ့ခိုင်းဖက်မှတ်​နေလား မသွားဘူးကွာဘာဖြစ်မလဲ
"ဟေ့​ကောင် ခေါ်​နေတာမကြားဘူးလား ီးဘဲ လာလို့​​ပြော​နေတယ်​လေ"
ကျွန်​တော်မသွားဘူး ပေ​တေပြီးသူ့ကိုစိုက်ကြည့်​နေလိုက်တယ်
"အောင်မာ ?သား ငါ့ကိုစိုက်ကြည့်တယ်ဟုတ်လား"
ကျွန်​တော့ဆီကို​ဒေါသတကြီး​လျောက်လာတယ်ပြီး​တော့ကျွန်​တော့ကိုထိုးမလို့ရွယ်တယ်
"သား သား​လေးသူကအသစ်ပါသား​လေး ဦး​ပြောထားလိုက်ပါမယ် သူ့မသိ​သေးလို့ပါ ဟေ့ဒီကိုကြည့်​ကောင်​လေးသူကသူ​ဌေးရဲ့သားမှတ်ထားကြားလား နောက်တခါအဲ့လိုမကြည့်နဲ့ ငါ​ပြောတာကြားလား"
ကျွန်​တော်​ခေါင်းငြိမ့်ပြလိုက်တယ် အဲ့​တော့မှ
"မင်း သတိထား"
လက်ညှိုးထိုးပြီးထွက်သွားတယ် ကျွန်​တော်က​ရောသူ့ကိုကြည့်ရ​​နေတာမဟုတ်ဘူး ကျောင်းမှာတုန်းက တိုက်ကွမ်ဒိုအဖြူဆင့် ထိုးချင်​နေတာသူ့ကို မနဲထိန်းထားရတယ်
"ဟေ့​ကောင်​လေး ဘာမင်းနာမည်က"
"မျိုးမဟာပါ ဦး သူငယ်ချင်း​တွေကမဟာလို့​ခေါ်ကြပါတယ်"
"အေး ငါလည်းမဟာလို့ဘဲ​ခေါ်မယ်ကွာ ငါ​ပြောမယ်မဟာသူကသူ​ဌေးရဲ့တစ်ဦးတည်း​သောသား အရမ်းဆိုးတယ်အခုချိန်ထိဘာအလုပ်မှမလုပ်ဘဲဆိုး​တေ​နေ​တာကိုကြည့်
သူ့​ကြောင့်ပျက်စီးတဲ့"
"ဘာလဲဦး သူ့​ကြောင့်ဘာပျက်စီးတာလဲ"
"ငါ​ပြောပြမယ်ခု​တော့​​နေဦး ဟိုမှာမင်း​နောက်မှာcctvရှိတယ်"
"ဟုတ်ကဲ့ပါဦး"
ကျွန်​တော်တို့၂​ယောက်ဘဲလုံခြုံ​ရေးကရှိတာဗျ တခြားလုံခြုံ​ရေး​တွေဘယ်​ရောက်​နေလဲမသိ ထူး​တော့ထူးဆန်းတယ် ဒီလိုဆိုင်ကြီးမှာလုံခြုံ​ရေးက၂​ယောက်ဘဲထားရတယ်လို့ ထားပါ​လေ
......
အလုပ်ပြီး​တော့လူတကိုယ်လုံး​​ညောင်းကိုက်​နေတာဘဲ လမ်း​တွေ​လျောက်ရတာကို အိမ်​ရောက်မှ​ဆေးလိမ်းလိုက်ပါမယ် ကျွန်​တော်ဦးကိုနှုတ်ဆက်ပြီးအိမ်ပြန်လာလိုက်တယ် ဦးကသူ့မိသားစုနဲ့အတူ​နေတာအ​ဆောင်မှာမ​နေဘူး ကျွန်​တော်မပြန်ခင်​နေ့ခင်းက​ကောင်မ​လေးကထမင်းထုပ်လာ​ပေးသွားတယ်​တော်​သေးတာ​ပေါ့ မဝယ်စားရ​တော့ဘူး​ နေ့တိုင်း​ပေးမှာလားလို့သူ့ကိုမေးလိုက်​တော့​ပေးပါတယ်တဲ့ ဒါဆိုဘယ်ဆိုးမလဲကျွန်​တော့လစာစုလို့ရပြီ​ပေါ့ ..အ​ဆောင်​ရောက်​တော့​ကောင်မ​လေးကပြုံးပြတယ်
"ပြန်လာပြီလားအကို အလုပ်အဆင်​ပြေလား"
"ပြေပါတယ် ညီမမပြန်​သေးဘူးလား "
"ခန​နေပြန်မှာအကို "
"အော် ဂရုစိုက်ပြန်ဦး​ ဒါနဲ့ညီမ ဒီမှာ​ကြောင်ရှိလား "
"ကြောင်လား ရှိတယ်အကိုဟိုဘက် တအိမ်​ကျော်က​မွေးထားတာ ကြောင်ဝါ​လေး"
"ကြောင်မဲ​ရော"
ကျွန်​တော်​မေးလိုက်​တော့ သူ့မျက်နှာပျက်သွားတယ်ပြီး​တော့
"အော် ရှိတယ်ထင်တယ် အကို ညီမပြန်​တော့မယ်​နော် အကိုလည်းဂရုစိုက်ပါ အော်​မေ့​တော့မလို့ ဒါ​လေးလက်​ဆောင်ပါ "
ပရိတ်ကြိုးနဲ့​ရေဘူးတဘူး ပရိတ်​ရေထင်တယ်
"ပရိတ်ကြိုးလားညီမ ဟားညီမက​တော့အကိုကိုသရဲ​ကြောက်တယ်ထင်လို့လား"
"အကို အဲ့လိုမ​ပြောပါနဲ့ လိုရမယ်ရ​ပေးတာမို့ယူထားလိုက်ပါ ညီမပြန်ပြီ"
ဟော စိတ်ဆိုးသွားတာလား သူကတကယ်ကျွန်​တော့ကိုထင်​နေတာဘဲကိုတခြားဘာလို့​ပေးမှာလဲ ပရိတ်ရေဘူးကပါ​သေး....အခု​တော့တံခါးကကျွန်​တော်ထားခဲ့တဲ့အတိုင်းဘဲ လူကလဲနုံး​နေ​တော့ယူနီ​​ဖောင်းလဲပြီး​ရေချိုးဖို့ပြင်လိုက်တယ် အဲ့ချိန်
ဂျုန်း....ဂျက်ဂျက်
ဘာသံလဲအပြင်ကလာတဲ့အသံထင်တယ် ကျွန်​တော်​ရေလဲပုဆိုးယူပြီး​ရေချိုးခန်းကိုသွားကြည့်လိုက်တယ်ဒီဘက်က​တော့မဟုတ်ဘူး ထားပါဗိုက်ကဆာ​နေပြီမြန်မြန်ချိုးပြီးစားရမယ် ရေချိုးခန်းထဲဝင်လိုက်​တော့
ဂျီဂျီ...
ဟာ မီးစုတ် တော်​သေးတာ​ပေါ့ဖုန်းကိုဘယ်​နေရာသွားသွားယူတတ်တဲ့အကျင့်ကရှိ​တော့ ကျွန်​တော်မီးဖွင့်လိုက်ပြီမှန်​ဘောင်​ပေါ်တင်လိုက်​တော့ ဟာ​သေးပါထွက်ကျချင်တယ်မှန်ထဲမှာမ​နေ့လူရုပ်ပေါ်လာတာကျွန်​တော်လန့်ပြီးအ​နောက်ကိုလှည့်ကြည့်​တော့ဘသူမှမရှိဘူး မှန်ထဲပြန်ကြည့်​တော့လဲဘာမှမရှိ​တော့ဘူး တခုခု​တော့ပုံမှန်မဟုတ်ဘူးဗျာ ကျွန်​တော်​ရေကိုဝုန်းဝုန်းနဲ့ချိုးပြီးဆပ်ပြာ​တောင်မတိုက်​တော့ဘဲအခန်းဆီပြန်လာလိုက်တယ် ချမ်းလိုက်တာဒီ​နေ့မှ လေကအခန်းပြတင်း​ပေါက်က​နေဝင်လာတာ ကျွန်​တော်ပြတင်းပေါက်ကိုသွားပိတ်​တော့ပြတင်းပေါက်အဝမှာဟိုကြောင်မဲ ဘယ်ချိန်က​​ရောက်​နေလဲမသိဘူး
ဂီးဂီး....ညောင်းး.....
"ကြောင်မသား မင်းကများလန့်ရတယ်လို့ ရှူးရှူး"
ကျွန်​တော်​မောင်းထုတ်လိုက်​တော့ ခုန်ပြီးခြုံပုတ်ထဲဝင်သွားတယ် ဒီ​နေ့တ​နေ့လုံးအဆင်ကို​ပြေမ​နေဘူးပထမရက်ဘဲရှိ​သေးတယ်မဟာ​ရေ သည်းခံကွ
..ကျွန်​တော်ထမင်းထုပ်​ဖြေလိုက်​တော့ထမင်းကနဲနဲ​တောင်​အေး​နေပြီ ဟင်းကပဲသီးနဲ့ကြက်ဥကို​ရော​ကြော်ထားတာ​ ဗိုက်ဆာ​နေလို့လားမသိဘူး​မွှေး​နေတာဘဲ လာခဲ့စားပြီကွာ ထမင်းကိုဇွန်းနဲ့ဘဲစားလိုက်တယ်ပုံမှန်ဆိုကျွန်​တော်ကလက်နဲ့စားမှအားရတာ ဒီ​နေ့​တော့နဲနဲပျင်းတာ​ရောအပြင်မထွက်ချင်​တော့လို့ ကျွန်​တော်စား​နေတုန်း အိမ်သာတံခါးက ပွင့်လာတယ် ဟဘာလဲဟ သူ့​​မေကြီး​တော်ဘဲဘယ်က​လေကဝင်လာပြန်ပြီလည်း ကျွန်​တော်တံခါးသွားပိတ်​တော့ ကို့မျက်လုံးကို​တောင်မယုံနိုင်ဘူး နေရာမှာတင်ကျက်​သေ​သေသွားတယ် ညက က​လေး​လေးအနီးကပ်မြင်လိုက်ရ​တော့ကြက်သီး​တွေ​တောင်ထသွားတယ်နံရံကိုခြစ်​နေတာ ပြီး​တော့ကျွန်​တော့ကိုလှည့်ကြည့်တယ်ပါးစပ်ကဘာ​တွေ​ပြော​နေလဲမသိဘူး ပြီး​တော်ထိုင်ရာက​နေထလာပြီး
"ကယ် ..ကယ်..ကယ်..ကယ်..."
ကျွန်​တော်​အော်လိုက်မိတယ်
"ဘာလဲဘာ​တွေလဲမင်းဘသူလဲ သွားစမ်းငါ့နားမလာနဲ့..ဘုရားကယ်ပါဘုရား"
က​လေး​လေးကကျွနိ​တော်​အော်တာနဲ့ငိုပြီးကျွန်​တော့ဆီ​ပြေးလာတယ်ပြီး​တော့ပါးစပ်ကိုပိတ်တယ် ကျွန်​တော်ဖင်ထိုင်ရက်ပြုတ်ကျသွားတယ် က​လေးကမျက်ရည်​တွေကျပြီးကျွန်​တော့ကို​ပြော​နေတယ်
"ကယ်..ဟီး....ကယ်"
"ဖယ်စမ်းကိုယ်​ပေါ်က အာ့"
ကျွန်​တော့​ခြေ​ထောက်ကိုတ​ယောက်​ယောက်ကတက်နင်းလိုက်သလိုခံစားလိုက်ရတယ် အ​လေးတုံးကြီးတခုပြုတ်ကျသွားသလိုဘဲ မြင်လိုက်ရတဲ့အရာ​ကြောင့်ကျွန်​တော်သတိလစ်မလိုဖြစ်သွားတယ် မိန်းမတ​ယောက်ဆံပင်ကရင်ဘက်တဝက်​လောက်ထိကျ​နေပြီးဖွာ​လောင်ကျဲ​နေတယ်အရပ်ကကျွန်​တော့၂ဆနီးပါး​လောက်ရှိတယ်တကိုယ်လုံးအ​မွေး​တွေနဲ့အဝတ်ဗလာဖြစ်​နေတယ်ကျွန်​တော့ကိုအံကျိတ်ပြီးက​လေး​လေးကိုလက်က​နေဆွဲ​ခေါ်သွားတယ် ဒါဆိုမ​နေ့ကကျွန်​တော့ကိုတက်နင်းတဲ့လူကမိန်းမ​ပေါ့ က​လေး​လေးက​အော်ငိုရင်းကျွန်​တော့ကိုမျက်နှာငယ်နဲ့လှမ်းကြည့်ပြီး အဲ့မိန်းမဆွဲ​ခေါ်ရာ​နောက်တရွတ်တိုက်ပါသွားတယ် ကျွန်​တော်မျက်လုံး​တွေ​လေးလာတယ်ပြီး​တော့မမြင်ရ​တော့ဘူးဘာမှ......
မနက်နိုး​တော့ကျွန်​တော်အိမ်သာ​ရှေ့မှာဘဲ တကိုယ်လုံးကိုက်ခဲ​နေပြီး​ခြေ​ထောက်ကထမရဘူး တခုခုကဆွဲထားသလိုမျိုး ကျွန်​တော်အတင်းထကြည့်လိုက်​တော့
"အား..?ဘဲ အား.."
ကျွန်​တော့​ခြေ​ထောက်​တွေမှာအညိုမဲစွဲ​နေပြီး ခြေ​ထောက်ကပြားသလိုလို​တောင်ဖြစ်​နေတယ် ကျိုးပြီလားမသိဘူး ကျွန်​တော်အတင်းကျုံးထကြည့်​တော့နာ​​ပေမယ့်မကျိုးသွားဘူးထင်တယ် ဒါဆိုမ​နေ့ကအဖြစ်ကတကယ်ဘဲ​ပေါ့ သူတို့ကဘသူ​တွေလဲနာနာဘဝ​တွေလား ဘာလို့ကျွန်​တော့ကိုဒီလို​တွေဘာလုပ်​နေရတာလဲ က​လေးက​ရောဘာလို့ကျွန်​တော့ကို ငိုပြီးအကူညီ​တောင်းရတာလဲ...
...
အပိုင်း ၃လေး​နောက်ရက်တင်​ပေးပါ့မယ်​နော်
ချစ်​သော readersလေး​တွေ?

Keep Reading