ယဥ်သီရိလှိုင်(ဆောင်း)

အပိုင်း.၂ပါရှင့်
ကျွန်တော်နိုးလာတော့မနက်မိုးလင်းနေပြီ တကိုယ်လုံးချွေးတွေနဲ့ခြင်ထောင်ကပြုတ်ကျနေတယ်ကျွန်တော့ကိုယ်ပေါ်မှာ ဒါဆိုညကအဖြစ်ပျက်ကအိပ်မက်မဟုတ်ဘူးပေါ့တကယ်ဖြစ်ခဲ့တာတွေပေါ့ဒါဆို ကျွန်တော်အတင်းကျုံးထပြီးဝက်သားအုပ်ထားတဲ့ပန်းကန်ကိုသွားကြည့်လိုက်တယ် အိပ်မက်မဟုတ်တာသေချာသွားတာပေါ့ဆီတွေဘဲရှိတော့တယ် ဝက်သားတုံးတွေမရှိတော့ဘူးစလုံရောရေသန့်ဘူးရော၂ခုလုံးတုံးလုံးလဲနေတယ် ကျွန်တော်လဲညကအဖြစ်ပျက်ကိုပြန်စဥ်းစားနေတုန်း
"အကို အကို တံခါးဖွင့်ပါဦး"
ဟိုကလေးမအသံ ကျွန်တော်တံခါးဖွင့်လိုက်တော့ကျွန်တော့်ကိုသေချာကြည့်တယ်ပြီးတော့အခန်းထဲကိုလည်းလိုက်ကြည့်တယ်
"ညကအဆင်ပြေတယ်မလားအကိုအိပ်ရတာ တခုခုများ"
"ဒီမှာ ဘာကိုမေးချင်နေတာလဲ မေးလိုက် "
"အော် မဟုတ်ပါဘူး ပြေတယ်ဆိုရပါပြီဒါဆို "
ကျွန်တော်အော်လိုက်တာများသွားလားမသိ မျက်နှာငယ်နဲ့တံခါးကိုစေ့ပြီးပြန်ထွက်သွားတယ် များများမများများပါလောလောဆယ်ကျွန်တော်စိတ်ညစ်တာဘဲသိတယ် ဘာတွေများလဲ ဟိုလူနဲ့ကလေးကရောဘာတွေလဲ
......
ကျွန်တော်အဝတ်စားလဲပြီးတံခါးကိုသော့ခတ်ခဲ့တယ်ပြီးတော့ဆိုင်ကိုထွက်လာလိုက်တယ်
"မဂ်လာပါဗျ ကျွန်တော့နာမည်မျိုးမဟာပါ ဒီမှာဒီနေ့ကစပြီးလုံခြုံရေးဆင်းမယ့်လူအသစ်ပါခင်ဗျ"
ထိုင်နေတဲ့လုံခြုံရေးဦးကြီးကိုမိတ်ဆက်လိုက်တယ် သူကပြန်မပြောဘဲ ကျွန်တော့ကိုသေချာကြည့်တယ်ပြီးတော့ခေါင်းငြိမ့်ပြတယ်
မနက်ခင်းမှာတော့ဆိုင်ကိုလာတဲ့ဧည့်သည်တွေရဲ့ကားကိုနေရာချပေးရတယ်အကျီဆိုင်ဆိုတော့ မိန်းမကြီးတွေအလာများကြတယ် ဒရိုင်ဘာတွေနဲ့ပေါ့ နေ့ခင်းကြတော့ကောင်မဘေးတယောက်အကျီဆိုင်ကဝန်ထမ်းထင်တယ်ယူနီဖောင်းကိုကြည့်ရတာ ကျွန်တော့ကိုထမင်းဘူးနဲ့ဟင်းဘူးဖော့ဘူးလာပေးတယ်
"အကို ဒီမှာနေ့လည်စာပါ စားပြီးမှဆက်လုပ်ပါနော်"
"ဟုတ်ကဲ့ကျေးဇူးပါဗျာ"
ဗိုက်ကလဲဆာလာတော့ တီးပလိုက်တာအကုန်ကုန်သွားတယ်ညနေစာရောကျွေးပါ့မလားမသိဘူး မကျွေးရင်တော့ကို့ဘာသာဝယ်စားရတော့မှာဘဲ
...
"ဒီမှာ မင်းမနေ့ကမှရောက်တာလား"
"ဟုတ်တယ်ဦး မနေ့ကမှမဆောင်ရောက်တာ"
"အော်အေး မနေ့ကအဆောင်မှာဘာမှထူးထူးခြားခြားမရှိဘူးမလား "
"ဗျာ ဘာကိုပြောတာလဲဗျ ဟို"
"ဘာမှမဟုတ်တော့ဘူး သွားသွား ကို့နေရာကိုနေ ခနနေသူဌေးအိမ်ကကားလာတော့မယ်"
သူဘဲမေးပြီးတော့ နေပါဦးသူကဟိုအကြောင်းကိုသိနေတာလား သူတခုခုသိနေတာများလား ခနနေတော့ကားမဲတစီးဝင်လာတယ်
တီတီ........
ဟွန်းကိုတီးတာအကြာကြီးဘဲ ကျွန်တော်လည်းကားထားရမယ့်နေရာကိုပြောဖို့လျောက်သွားတော့ ကားမှန်ကိုချပြီးကျွန်တော့ကိုပြောတယ်
"ဟေ့ကောင် မင်းနားပင်းနေလား ငါ့ကားလာနေတယ်လေ ဘာလဲအသစ်လား မလောက်လေးမလောက်စားအလကားကောင်တွေ"
ကျွန်တော့စိတ်ကိုမနဲထိန်းထားလိုက်ရတယ် လာနေတာဘဲသူ့ဘာသူမမြင်ဘဲနေကာမျက်မှန်အမဲနဲ့ မျက်ကန်းကျနေတာ ဆင်းလာပါပြီကားပေါ်က ကားသော့ကိုလှည့်ပြီးကျွန်တော့ဘက်ကိုကြည့်တယ်
"မင်း ဒီနားလာစမ်း "
အောင်မာ လူကိုများသူ့ခိုင်းဖက်မှတ်နေလား မသွားဘူးကွာဘာဖြစ်မလဲ
"ဟေ့ကောင် ခေါ်နေတာမကြားဘူးလား ီးဘဲ လာလို့ပြောနေတယ်လေ"
ကျွန်တော်မသွားဘူး ပေတေပြီးသူ့ကိုစိုက်ကြည့်နေလိုက်တယ်
"အောင်မာ ?သား ငါ့ကိုစိုက်ကြည့်တယ်ဟုတ်လား"
ကျွန်တော့ဆီကိုဒေါသတကြီးလျောက်လာတယ်ပြီးတော့ကျွန်တော့ကိုထိုးမလို့ရွယ်တယ်
"သား သားလေးသူကအသစ်ပါသားလေး ဦးပြောထားလိုက်ပါမယ် သူ့မသိသေးလို့ပါ ဟေ့ဒီကိုကြည့်ကောင်လေးသူကသူဌေးရဲ့သားမှတ်ထားကြားလား နောက်တခါအဲ့လိုမကြည့်နဲ့ ငါပြောတာကြားလား"
ကျွန်တော်ခေါင်းငြိမ့်ပြလိုက်တယ် အဲ့တော့မှ
"မင်း သတိထား"
လက်ညှိုးထိုးပြီးထွက်သွားတယ် ကျွန်တော်ကရောသူ့ကိုကြည့်ရနေတာမဟုတ်ဘူး ကျောင်းမှာတုန်းက တိုက်ကွမ်ဒိုအဖြူဆင့် ထိုးချင်နေတာသူ့ကို မနဲထိန်းထားရတယ်
"ဟေ့ကောင်လေး ဘာမင်းနာမည်က"
"မျိုးမဟာပါ ဦး သူငယ်ချင်းတွေကမဟာလို့ခေါ်ကြပါတယ်"
"အေး ငါလည်းမဟာလို့ဘဲခေါ်မယ်ကွာ ငါပြောမယ်မဟာသူကသူဌေးရဲ့တစ်ဦးတည်းသောသား အရမ်းဆိုးတယ်အခုချိန်ထိဘာအလုပ်မှမလုပ်ဘဲဆိုးတေနေတာကိုကြည့်
သူ့ကြောင့်ပျက်စီးတဲ့"
"ဘာလဲဦး သူ့ကြောင့်ဘာပျက်စီးတာလဲ"
"ငါပြောပြမယ်ခုတော့နေဦး ဟိုမှာမင်းနောက်မှာcctvရှိတယ်"
"ဟုတ်ကဲ့ပါဦး"
ကျွန်တော်တို့၂ယောက်ဘဲလုံခြုံရေးကရှိတာဗျ တခြားလုံခြုံရေးတွေဘယ်ရောက်နေလဲမသိ ထူးတော့ထူးဆန်းတယ် ဒီလိုဆိုင်ကြီးမှာလုံခြုံရေးက၂ယောက်ဘဲထားရတယ်လို့ ထားပါလေ
......
အလုပ်ပြီးတော့လူတကိုယ်လုံးညောင်းကိုက်နေတာဘဲ လမ်းတွေလျောက်ရတာကို အိမ်ရောက်မှဆေးလိမ်းလိုက်ပါမယ် ကျွန်တော်ဦးကိုနှုတ်ဆက်ပြီးအိမ်ပြန်လာလိုက်တယ် ဦးကသူ့မိသားစုနဲ့အတူနေတာအဆောင်မှာမနေဘူး ကျွန်တော်မပြန်ခင်နေ့ခင်းကကောင်မလေးကထမင်းထုပ်လာပေးသွားတယ်တော်သေးတာပေါ့ မဝယ်စားရတော့ဘူး နေ့တိုင်းပေးမှာလားလို့သူ့ကိုမေးလိုက်တော့ပေးပါတယ်တဲ့ ဒါဆိုဘယ်ဆိုးမလဲကျွန်တော့လစာစုလို့ရပြီပေါ့ ..အဆောင်ရောက်တော့ကောင်မလေးကပြုံးပြတယ်
"ပြန်လာပြီလားအကို အလုပ်အဆင်ပြေလား"
"ပြေပါတယ် ညီမမပြန်သေးဘူးလား "
"ခနနေပြန်မှာအကို "
"အော် ဂရုစိုက်ပြန်ဦး ဒါနဲ့ညီမ ဒီမှာကြောင်ရှိလား "
"ကြောင်လား ရှိတယ်အကိုဟိုဘက် တအိမ်ကျော်ကမွေးထားတာ ကြောင်ဝါလေး"
"ကြောင်မဲရော"
ကျွန်တော်မေးလိုက်တော့ သူ့မျက်နှာပျက်သွားတယ်ပြီးတော့
"အော် ရှိတယ်ထင်တယ် အကို ညီမပြန်တော့မယ်နော် အကိုလည်းဂရုစိုက်ပါ အော်မေ့တော့မလို့ ဒါလေးလက်ဆောင်ပါ "
ပရိတ်ကြိုးနဲ့ရေဘူးတဘူး ပရိတ်ရေထင်တယ်
"ပရိတ်ကြိုးလားညီမ ဟားညီမကတော့အကိုကိုသရဲကြောက်တယ်ထင်လို့လား"
"အကို အဲ့လိုမပြောပါနဲ့ လိုရမယ်ရပေးတာမို့ယူထားလိုက်ပါ ညီမပြန်ပြီ"
ဟော စိတ်ဆိုးသွားတာလား သူကတကယ်ကျွန်တော့ကိုထင်နေတာဘဲကိုတခြားဘာလို့ပေးမှာလဲ ပရိတ်ရေဘူးကပါသေး....အခုတော့တံခါးကကျွန်တော်ထားခဲ့တဲ့အတိုင်းဘဲ လူကလဲနုံးနေတော့ယူနီဖောင်းလဲပြီးရေချိုးဖို့ပြင်လိုက်တယ် အဲ့ချိန်
ဂျုန်း....ဂျက်ဂျက်
ဘာသံလဲအပြင်ကလာတဲ့အသံထင်တယ် ကျွန်တော်ရေလဲပုဆိုးယူပြီးရေချိုးခန်းကိုသွားကြည့်လိုက်တယ်ဒီဘက်ကတော့မဟုတ်ဘူး ထားပါဗိုက်ကဆာနေပြီမြန်မြန်ချိုးပြီးစားရမယ် ရေချိုးခန်းထဲဝင်လိုက်တော့
ဂျီဂျီ...
ဟာ မီးစုတ် တော်သေးတာပေါ့ဖုန်းကိုဘယ်နေရာသွားသွားယူတတ်တဲ့အကျင့်ကရှိတော့ ကျွန်တော်မီးဖွင့်လိုက်ပြီမှန်ဘောင်ပေါ်တင်လိုက်တော့ ဟာသေးပါထွက်ကျချင်တယ်မှန်ထဲမှာမနေ့လူရုပ်ပေါ်လာတာကျွန်တော်လန့်ပြီးအနောက်ကိုလှည့်ကြည့်တော့ဘသူမှမရှိဘူး မှန်ထဲပြန်ကြည့်တော့လဲဘာမှမရှိတော့ဘူး တခုခုတော့ပုံမှန်မဟုတ်ဘူးဗျာ ကျွန်တော်ရေကိုဝုန်းဝုန်းနဲ့ချိုးပြီးဆပ်ပြာတောင်မတိုက်တော့ဘဲအခန်းဆီပြန်လာလိုက်တယ် ချမ်းလိုက်တာဒီနေ့မှ လေကအခန်းပြတင်းပေါက်ကနေဝင်လာတာ ကျွန်တော်ပြတင်းပေါက်ကိုသွားပိတ်တော့ပြတင်းပေါက်အဝမှာဟိုကြောင်မဲ ဘယ်ချိန်ကရောက်နေလဲမသိဘူး
ဂီးဂီး....ညောင်းး.....
"ကြောင်မသား မင်းကများလန့်ရတယ်လို့ ရှူးရှူး"
ကျွန်တော်မောင်းထုတ်လိုက်တော့ ခုန်ပြီးခြုံပုတ်ထဲဝင်သွားတယ် ဒီနေ့တနေ့လုံးအဆင်ကိုပြေမနေဘူးပထမရက်ဘဲရှိသေးတယ်မဟာရေ သည်းခံကွ
..ကျွန်တော်ထမင်းထုပ်ဖြေလိုက်တော့ထမင်းကနဲနဲတောင်အေးနေပြီ ဟင်းကပဲသီးနဲ့ကြက်ဥကိုရောကြော်ထားတာ ဗိုက်ဆာနေလို့လားမသိဘူးမွှေးနေတာဘဲ လာခဲ့စားပြီကွာ ထမင်းကိုဇွန်းနဲ့ဘဲစားလိုက်တယ်ပုံမှန်ဆိုကျွန်တော်ကလက်နဲ့စားမှအားရတာ ဒီနေ့တော့နဲနဲပျင်းတာရောအပြင်မထွက်ချင်တော့လို့ ကျွန်တော်စားနေတုန်း အိမ်သာတံခါးက ပွင့်လာတယ် ဟဘာလဲဟ သူ့မေကြီးတော်ဘဲဘယ်ကလေကဝင်လာပြန်ပြီလည်း ကျွန်တော်တံခါးသွားပိတ်တော့ ကို့မျက်လုံးကိုတောင်မယုံနိုင်ဘူး နေရာမှာတင်ကျက်သေသေသွားတယ် ညက ကလေးလေးအနီးကပ်မြင်လိုက်ရတော့ကြက်သီးတွေတောင်ထသွားတယ်နံရံကိုခြစ်နေတာ ပြီးတော့ကျွန်တော့ကိုလှည့်ကြည့်တယ်ပါးစပ်ကဘာတွေပြောနေလဲမသိဘူး ပြီးတော်ထိုင်ရာကနေထလာပြီး
"ကယ် ..ကယ်..ကယ်..ကယ်..."
ကျွန်တော်အော်လိုက်မိတယ်
"ဘာလဲဘာတွေလဲမင်းဘသူလဲ သွားစမ်းငါ့နားမလာနဲ့..ဘုရားကယ်ပါဘုရား"
ကလေးလေးကကျွနိတော်အော်တာနဲ့ငိုပြီးကျွန်တော့ဆီပြေးလာတယ်ပြီးတော့ပါးစပ်ကိုပိတ်တယ် ကျွန်တော်ဖင်ထိုင်ရက်ပြုတ်ကျသွားတယ် ကလေးကမျက်ရည်တွေကျပြီးကျွန်တော့ကိုပြောနေတယ်
"ကယ်..ဟီး....ကယ်"
"ဖယ်စမ်းကိုယ်ပေါ်က အာ့"
ကျွန်တော့ခြေထောက်ကိုတယောက်ယောက်ကတက်နင်းလိုက်သလိုခံစားလိုက်ရတယ် အလေးတုံးကြီးတခုပြုတ်ကျသွားသလိုဘဲ မြင်လိုက်ရတဲ့အရာကြောင့်ကျွန်တော်သတိလစ်မလိုဖြစ်သွားတယ် မိန်းမတယောက်ဆံပင်ကရင်ဘက်တဝက်လောက်ထိကျနေပြီးဖွာလောင်ကျဲနေတယ်အရပ်ကကျွန်တော့၂ဆနီးပါးလောက်ရှိတယ်တကိုယ်လုံးအမွေးတွေနဲ့အဝတ်ဗလာဖြစ်နေတယ်ကျွန်တော့ကိုအံကျိတ်ပြီးကလေးလေးကိုလက်ကနေဆွဲခေါ်သွားတယ် ဒါဆိုမနေ့ကကျွန်တော့ကိုတက်နင်းတဲ့လူကမိန်းမပေါ့ ကလေးလေးကအော်ငိုရင်းကျွန်တော့ကိုမျက်နှာငယ်နဲ့လှမ်းကြည့်ပြီး အဲ့မိန်းမဆွဲခေါ်ရာနောက်တရွတ်တိုက်ပါသွားတယ် ကျွန်တော်မျက်လုံးတွေလေးလာတယ်ပြီးတော့မမြင်ရတော့ဘူးဘာမှ......
မနက်နိုးတော့ကျွန်တော်အိမ်သာရှေ့မှာဘဲ တကိုယ်လုံးကိုက်ခဲနေပြီးခြေထောက်ကထမရဘူး တခုခုကဆွဲထားသလိုမျိုး ကျွန်တော်အတင်းထကြည့်လိုက်တော့
"အား..?ဘဲ အား.."
ကျွန်တော့ခြေထောက်တွေမှာအညိုမဲစွဲနေပြီး ခြေထောက်ကပြားသလိုလိုတောင်ဖြစ်နေတယ် ကျိုးပြီလားမသိဘူး ကျွန်တော်အတင်းကျုံးထကြည့်တော့နာပေမယ့်မကျိုးသွားဘူးထင်တယ် ဒါဆိုမနေ့ကအဖြစ်ကတကယ်ဘဲပေါ့ သူတို့ကဘသူတွေလဲနာနာဘဝတွေလား ဘာလို့ကျွန်တော့ကိုဒီလိုတွေဘာလုပ်နေရတာလဲ ကလေးကရောဘာလို့ကျွန်တော့ကို ငိုပြီးအကူညီတောင်းရတာလဲ...
...
အပိုင်း ၃လေးနောက်ရက်တင်ပေးပါ့မယ်နော်
ချစ်သော readersလေးတွေ?
Keep Reading