Shwe Yee Yee Htut
ဒီစာအုပ်လေးက
တောအုပ်ကလေးမောင်ကိုကိုနဲ့ ၁၅ နှစ် အရွယ် စပါးရွက်တဲ့ အလုပ်သမလေး မခင်ဝေ တို့ရဲ့အိမ်ထောင်ရေး ဇာတ်လမ်းအကြောင်းရေးထားတဲ့စာအုပ်လေးပါ။
ကိုကို က ပညာမတတ်ရှာတဲ့သူဆင်းရဲမလေး ဝေ့ကို သိပ်ချစ်ခဲ့ပါတယ်။ ဒါပေမယ့် ကိုကိုဟာ မပွင့်လင်းဘူး ။
( ကိုကို့ကို အားမလိုအားမရဖြစ်ခဲ့ရတယ်၊ဝေ့ကို ကိုယ်ထိလက်ရောက်ရိုက်နှက်တဲ့ အခန်းဆို ကိုကို့ ကို သ်ိပ်စိတ်ပျက်မိတယ်။ )
ဝေ ကရော အိမ်ထောင်ဆက်များတဲ့မိခင်ကို အတုယူပြီး
ကိုကိုထင်သလို ဖောက်ပြန်ခဲ့သလား ဆိုတာ သိချင်မိတယ်။တဖက်မှာလည်း ဝေဟာ ကိုကို့ကိုတော့ တကယ်ချစ်ခဲ့တယ်လို့ ထင်မိပြန်တယ်။
ဇာတ်လမ်းအစမှာ ဇတ်ကောင်နှစ်ဦးကို ပေါင်းစည်းပေးထားခြင်းကပဲ နောက်ထပ်ဘာဆက်ဖြစ်လာမလဲဆိုတာသိချင်စိတ်ဖြစ်စေခဲ့တာပါ....
ပတ်ဝန်းကျင် လူနေမူစရိုက်၊ပညာအဆင့်တန်း၊အလုပ်အကိုင်၊ငွေရေးကြေးရေးစတဲ့ စရိုက်မတူတဲ့လူနှစ်ယောက်ဟာ လက်တွေ့မှာအတူတကွနေထိုင်ထို့ဒီလောက် ခက်ပါလားလို့ တွေးမိစေခဲ့တယ်။
အသက်ရွယ်ငယ်လွန်းတဲ့ အချိန်မှာအိမ်ထောင်တစ်ခုကိုထူထောင်မိတဲ့၊ပတ်ဝန်းကျင်နဲ့ မိခင်ရဲ့အရိပ်တွေ လွှမ်းမိုးခံနေရတဲ့ ခင်ဝေဟာ ချစ်စရာလည်းကောင်း၊သနားစရာလည်းကောင်း၊ဒေါသထွက်စရာလည်းကောင်းပါတယ်။
ဖတ်နေရင်းဇာတ်သိမ်းပိုင်းရောက်တဲ့ အခါ ရထားပေါ်မှာပဲကိုကိုနဲ့ခင်ဝေကို ပေးတွေ့လိုက်ချင်တော့တယ်။စကားတစ်ခွန်းနဲ့များ သူတိူ့သံယောဇဥ်တွေကို ပြန်ချည်နှောင်မလားဆိုပြီးတော့မျော်လင့်ချက်တွေနဲ့ပေါ့လေ...
နှစ်ယောက်ကြား နားလည်မူရှိပြီးပွင့်လင်းမြင်သာမူသာရှိခဲ့မယ်ဆိုရင် အခုလိုပူပြင်းလောင်မြိုက်တဲ့ နွေတညဖြစ်ချင်မှ ဖြစ်ပါ့တော့မလားပေါ့နော်....
``Move the story forward and keep the reader turning pages´´ဆိုတဲ့ အတိုင်း စာဖတ်သူတွေကို တစ်မျက်နှာပြီးတစ်မျက်နှာဆက်ဖတ်ချင်လောက်အောင် ဆရာနိုင်ဝင်းဆွေက စွဲဆောင်ရေးသားသွားနိုင်ခဲ့တဲ့ စာအုပ်ကောင်းတစ်အုပ်ပါပဲ။
@Bookreview
Keep Reading