Author's Profile Photo

Nicolette

19/03/2024

Coraline စာအုပ်နဲ့ ရုပ်ရှင် ကွာခြားချက်များ

1 min read
Personal Development
Book Review
18 Again
Coraline စာအုပ်နဲ့ ရုပ်ရှင် ကွာခြားချက်များ's photo

Coraline ကို အင်္ဂလိပ်လူမျိုး စာရေးဆရာ Neil Gaiman က ရေးသားခဲ့ပြီး stop-motion animated ရုပ်ရှင်အနေနဲ့တော့ အမေရိကန်လူမျိုး ဒါရိုက်တာ Henry Selick က ရိုက်ကူးခဲ့ပါတယ်။



ရုပ်ရှင်နဲ့ စာအုပ်ကြားမှ ကွာခြားမှုလေးတွေ အနည်းငယ်ရှိပါတယ်။



စာအုပ်ထဲမှာတော့ ဒီကိုရာလိုင်း ဇာတ်လမ်း ဖြစ်ပျက်ခဲ့တဲ့နေရာက England မှာပါ။



ရုပ်ရှင်ကတော့ အမေရိကန်နိုင်ငံ အော်ရီဂန် ပြည်နယ် အတ်ရှ်လန်း မြို့ မှာ အခြေပြုထားပါတယ်။



စာအုပ်ထဲက ကိုရာလိုင်းက အေးဆေးပြီး တိတ်တိတ်ဆိတ်ဆိတ်နေတတ်သူပါ။



စာအုပ်နဲ့ အတူ ထွက်ရှိလာတဲ့ ရုပ်ပြကာတွန်းထဲမှာတော့ ကိုရာလိုင်းကို ဆံပင်အညိုရောင် မျက်လုံးအညိုရောင် ကောင်မလေးအဖြစ် ပုံဖော်ထားပါတယ်။



ရုပ်ရှင်ထဲက ကိုရာလိုင်းကတော့ ဆံပင်အပြာရောင် ဖြစ်ပြီး စာအုပ်ထက် ပိုတက်ကြွ စကားလဲများများပိုပြောကာ မိတ်ဆွေလဲ ဖွဲ့တတ်ပါတယ်။



တခြားအမေ (The other mother) ရဲ့ ကမ္ဘာကို စာအုပ်ထဲက ကိုရာလိုင်းက အစကတည်းက သဘောမကျပါဘူး။



ရုပ်ရှင်ထဲမှာတော့ ကိုရာလိုင်းက တခြားအမေရဲ့ ကမ္ဘာကို အစပိုင်းမှာ နှစ်သက်ခဲ့ပါတယ်။



စာအုပ်ထဲကမှာတော့ တခြားအမေ က ရုပ်ရှင်ထဲကလို ပုံတူအရုပ်တွေမသုံးဘဲ ကလေးတွေကို ကိုယ်တိုင် ချောင်းမြောင်းပါတယ်။



နှင်းဖန်လုံးနဲ့ ဝိညာဉ်ကလေးတွေရဲ့ မျက်လုံးကလဲ စာအုပ်ထဲမှာမပါပါဘူး။



အကြီးမားဆုံး ကွာခြားချက်ကတော့ ကိုရာလိုင်း သူငယ်ချင်း ဝိုင်ဘီ (Wybie) စာအုပ်ထဲမှာ လုံးဝမပါပါဘူး။




ကိုရာလိုင်း ဝတ္ထုစာအုပ်နဲ့ ရုပ်ပြကာတွန်းစာအုပ်ဟာ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ရုပ်ရှင်ကတော့ ၂၀၀၉ မှာ ထွက်ရှိခဲ့ပါတယ်။




ဘယ်လိုပဲ စာအုပ်နဲ့ ရုပ်ရှင်ကွာခြားနေပါစေ ကိုရာလိုင်းက အကောင်းဆုံး Dark Fantasy ဖန်တီးမှု တစ်ခု ဆိုတာကိုရော ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။




ကိုရာလိုင်း ဝတ္ထုစာအုပ်နဲ့ ရုပ်ပြကာတွန်းစာအုပ်ကို အောက်ပါ Telegram link မှာ အခမဲ့ download လုပ်နိုင်ပါတယ်။


https://t.me/+fDx3Hhe9OWoyZmY1


English စာ A1 Level တွေပါ အလွယ်တကူဖတ်ရှုနိုင်မယ့် စာအုပ်မျိုးဖြစ်ပါတယ်။



စာတွေ အများကြီး ဖတ်ရတာမျိုး မကြိုက်ရင် ရုပ်ပြကို စမ်းဖတ်ကြည့်ပါနော် ?




ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေနဲ့ စာအုပ် review လေးတွေကိုလဲ ရေးပေးသွားဦးမှာမို့လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ☺️

Keep Reading

မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းတစ်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ရှည်ပါ။မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်အဆန့်အဖျက်အဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ