Author's Profile Photo

Nway Oo Maung

25/09/2024

အချစ်ဦး

1 min read
Personal Development
Art
18 Again


လူတိုင်းမှာအချစ်ဦးရှိခဲ့ကြဖူးသည်၊ အချစ်ဦးဆိုတာ သမီးရည်းစားအဖြစ်တွဲခဲ့မှအချစ်ဦးလို့ခေါ်တာမဟုတ်ပါဘူး၊ နုနယ်သောနှလုံးသား အသည်းမြေမဟီမှာ စတင်ပေါက်ဖွါးခဲ့သော ကြည်နူးခြင်း သိမ်မွေ့ခြင်း လွမ်းတသသဖြစ်ခြင်းတို့ စုဝေးရာ တစ်စုံတစ်ယောက်သူကိုသာရည်ညွန်းပါသည်။ ပျိုမျစ်သောနှလုံးသားမှ စတင်ပေါက်ဖွါးစအချစ်ဦးကို ချစ်မိသောအချစ်တို့သည် သန့်ရှင်းစင်ကြယ်​၏၊ ရာဂနည်းနည်းရောသော မေတ္တာသာများ​၏၊ ဂုဏ်တွေဒြပ်တွေမရှိသေး၊ ပြန်စဉ်းစားမိတိုင်းကြည်နူးရ​၏၊ အချစ်ဦးမြေးဦးရတောင်မမေ့ဘူးလို့မြန်မာစကားရှိ​၏ ၊ မှန်ပါသည် လောက​၏ မာယာတွေ ကျင့်ဝတ်တွေ စည်းကမ်းတွေ ၊ဘဝလောကဓံတွေ အရိုက်ခက်မခံရခင် အဖြူထည်နှလုံးသားမှာ ဦးနှောက်​၏ စေ့ဆော်မှုမပါပဲ စတင်ပေါက်ဖွားခဲ့သော အချစ်တို့စတင်ရာဖြစ်ခဲ့သောကြောင့်ဖြစ်ပါသည်။ အသက်ရွယ်လေးရလာလို့ ချစ်သော အချစ်တို့သည် ဂုဏ်ဒြပ်တွေပါ​၏၊ ရုပ်ချောခြင်း ပစ္စည်းဥစ္စာချမ်းသားခြင်း ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဖို့ အရည်ချင်းတွေစမ်းစစ်ခြင်း စသော ဦးနှောက်စေ့ဆော်မှု့တို့ပါလာ​၏။ ရာဂများပြီးမေတ္တာနည်း​၏။ အချစ်ဦးကိုပြန်တမ်းတမိတဲ့အခါ ကြည်နူးခြင်းဖြစ်တာများ​၏ ၊ ပိုင်ဆိုင်လိုစိတ်မရှိတော့၊မေတ္တာစစ်ဖြစ်သောကြောင့်ဖြစ်​၏။ ငယ်ဘဝပုံရိပ်တို့သည် တစ်ခါတစ်ရံ မစဉ်းစားပဲ အလိုလိုပေါ်လာသလို ၊ အချစ်တို့စတင်ပေါက်ဖွါးရာ တစ်စုံတယောက်သူသည် ရေထဲမှာအရိပ်ထင်သလို တစ်ခါတရံပေါ်လာ​၏။ ငယ်ဘဝပုံရိပ်တို့နှင့် အချစ်ဦးတို့သည် နောက်ကျန်ရစ်နေသော လူ့ဘဝခဏရပ်နားဖူးသော ရထားဘူတာများသာတည်း။သို့ပေသိ တစ်ခါတစ်ရံ ပြန်ရောက်ချင်သောဘူတာများလည်းဖြစ်​၏။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်