Author's Profile Photo

Zinmon

24/09/2024

Book review ?

1 min read
Book Review
General Knowledge
18 Again
Book review ?'s photo

လူငယ်များထံသို့…….
စာအုပ်နာမည်အတိုင်းပဲဆရာမကလူငယ်တွေအတွက်ရည်ညွှန်းပြီးရေးသားထားသောစာအုပ်ကောင်းတစ်အုပ်ပါ။ဆရာမဖြတ်သန်းလာတဲ့အလုပ်အတွေ့အကြုံတွေ၊ဆရာမအကြံပြုချက်နှင့်အတူပုံပြင်လေးတွေနဲ့တွဲပြီးဥပမာပေးထားတော့ဖတ်ရှု့တဲ့အခါမှာနားလည်လွယ်စေပါတယ်။

ကျွန်မတို့လူငယ်တွေအများစုကြုံတွေနေရတဲ့
ကြိုးစားသလောက်အရာမထင်ခြင်း၊လမ်းပျောက်သလိုခံစားရခြင်း၊စိတ်ဓာတ်ကျခြင်း၊စိတ်ကူးအိပ်မက်တွေမဖြစ်မြောက်သေးခြင်းအစရှိသောအရာတွေနဲ့ကြုံနေရပြီးဆို ဒီစာအုပ်ကအသင့်တော်ဆုံးပါ။

ပထမဆုံးစာမျက်နှာကစာစုလေးဖတ်ပြီးကျွန်မတော်တော်အားတက်ခဲ့ရတဲ့စာကြောင်းလေးတစ်ကြောင်းကတော့”ဘဝဆိုတာ မုန်တိုင်းပြီးအောင်စောင့်ဆိုင်းနေရခြင်း မဟုတ်ပါ…. မိုးရွာထဲမှာကခုန်ဖို့သင်ယူရခြင်း ဖြစ်တယ်”

ကျွန်မတို့ဘဝမှာအမြဲတမ်းကောင်းမွန်တာတွေပဲကြုံတွေ့နေရမှာမဟုတ်ပါဘူး၊အဆိုးတွေနဲ့ကြုံလာခဲ့ရင်းလည်းတောင့်ခံနိုင်တဲ့စိတ်လေးလည်းမွေးထားရမယ်ဆိုတာပဲ……

“စစ်မှန်သောမိမိနှင့်တွေ့ဆုံခြင်း”စာအုပ်ထဲက
ချစ်ရသူရေ….အပြင်မှာမိမိကလွဲပြီးဘယ်သူမှမရှိပါဘူး….အဘိုးကလောလင်းကိုပြောထားတာသတိရသွားလို့…ဟဲဟဲ?

ဆရာမလည်းကျွန်မတို့လူငယ်တွေကိုယ် အကြံပြုထားပါတယ်နော်။ချစ်ရသူရေ…..မင်းမှာလည်း အကောင်အထည်ဖော်ချင်တဲ့ အိပ်မက်တွေရှိရင်
အခွင့်ကောင်းတွေ၊တစ်ခြားသူတွေရဲ့အကူအညီတွေကိုစောင့်ဆိုင်းနေတာထက်စာရင် ကိုယ့်အားကိုယ်ကိုးပြီး အခုပဲစတင်အကောင်အထည်ဖော်လိုက်ပါတော့နော်။

စာဖတ်သူလေးတွေလည်းဒီစာအုပ်ဖတ်ပြီးသွားပြီးဆိုရင်တစ်ကယ့်လက်တွေ့မှာအသုံးချမှအကျိုးရှိစေမှာပါနော်။

စာအုပ်ရဲ့နောက်ပိုင်းစာမျက်နှာမှာဆိုဆရာမက
စာဖတ်သူတွေအတွက်ဒီစာအုပ်ဖတ်ပြီးကိုယ့်ရဲ့ဘဝမှာဘာတွေပြောင်းလဲပြီး၊တိုးတက်မှုတွေရရှိသွားလဲဆိုတာစာပြန်ရေးပေးဖို့ချန်ထားပေးပါတယ်။
တကယ့်ပြောင်းလဲရင်စာရေးပြီးဆရာမဆီပြန်မျှဝေပေးလို့ရပါတယ်ရှင့်…..

စာreviewဖတ်ရှု့ပေးသောတစ်ဦးတစ်ယောက်ချင်းဆီတိုင်းကျေးဇူးတင်ရှိပြီး၊ဘဝမှာတိုးတက်အောင်မြင်မှုတွေရရှိပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်?

#Zinmon
#ဆရာမသက်တန့်မေရီ
#booklife

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ