Hnin
ငယ်ငယ်ကျောင်းတုန်းက ကျောင်းသား၊ကျောင်းသူတွေကြားမှာ အမြဲ ပြောနေကြစကားလေးတစ်ခွန်းပါလဲ။''ဆရာမှားတော့ ဆောရီး..တပည့်မှားတော့ဗြောတီး''...
အဲဒိအဓိပ္ပါယ်လေးက ဘာရယ်လို့မဟုတ်ပေမဲ့ ဒိတိုင်းလေး ပါးစပ်ဖျားမှာ စွဲနေခဲ့တာ။အဲလိုဆရာမျိုးနှင့်တွေ့ဖူးလားဆိုရင် အဲလိုလဲ မတွေ့ဖူးပြန်ဘူး။ဒါပေမဲ့ ငယ်ငယ်ကတော့ အမြဲပြောပြောနေခဲ့မိတယ်။
ဒါပေမဲ့ အခုအသက်အရွယ်တစ်ခုရောက်လာတော့ အဲဒိစကားလေးကို ပြန်ပြီး သတိရလာတယ်။ဘယ်အချိန်မှာ သတိပြန်ရလာလဲဆိုတော့.တစ်ချို့လူ့ကြီးတွေက သူတို့ပြောရင်.. သူတို့လုပ်ရင် ဘာမှမပြောကြဘဲ..လူငယ်တွေများ လုပ်လိုက်ရင် ပြောလိုက်တာ များ ပြောမနေနှင့်။အဲဒါကြောင့် အရင်က ကျောင်းမှာဘဲ ရှိမယ်ထင်ခဲ့ပေမဲ့ အဲလိုလူမျိုးတွေ လောကမှာ အများကြီး ရှိနေနိုင်ပါသေးလားဆိုတာ တွေးမိတယ်။
တစ်ချို့လူ့ကြီးတွေက သူတို့ပြော သူတို့လုပ်ရင် ပြန်ပြောရင်လည်း မကြိုက်သလို၊သူတို့မှားတာ ထောက်ပြရင်လည်း မကြိုက်ကြဘူး။ဒါပေမဲ့ လူငယ်တစ်ချို့ကများ နည်းနည်းလေးမှားသွားရင် ပြောလိုက်တာများ အားတောင်မနာတတ်ကြဘူး။
ကျွန်မတို့လူငယ်တွေက ချိုချိုသာသာပြောရင် နားဝင်လွယ်ကြပါတယ်။
လူငယ်တွေကို စိတ်ရှည်ပေးပါ။
လူငယ်တွေကို အထင်မသေးပါနှင့်။
လူငယ်တွေကို သင်ပြပေးပါ။
လူငယ်တွေက ခေတ်ရေစီးကြောင်းနှင့်အညီ ကြိုးစားနေကြပေမဲ့ တစ်ချို့မသိတဲ့ အရာတွေရှိတတ်ပါသေးတယ်။သင်ပြပေးပါ.... အမွေတွေ ချန်ထားခဲ့ပေးပါ။
ဒါပေမဲ့ အထင်တော့မသေးလိုက်ပါနှင့်။
Hnin(23.9.24)9:55Pm
Keep Reading