HAN
အချစ်ဆိုတာကို အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ကြမယ်လို့ထင်ပါတယ်။ ကိုယ်ကအချစ်ခံ၊ ဂရုစိုက်ခံနေရတာကိုမှ ကြိုက်တဲ့လူအတွက်ကတော့ အချစ်ဆိုတာ အချစ်ခံရဖို့လို့ အဓိပ္ပါယ်သတ်မှတ်နိုင်သလို၊ ကိုယ်က ငေးကြည့်နေရတာကြိုက်တဲ့လူအတွက် အချစ်ဆိုတာ ငေးကြည့်ရင်း ပျော်ရွှင်မှုလို့ အဓိပ္ပါယ်ဖွင့်ချင်လည်းဖွင့်နိုင်တာပါပဲ။ ဒါပေမယ့် သေချာတာတစ်ခုကတော့ အချစ်ဆိုတာလုပ်ယူလို့မရပါဘူးဆိုတာပါပဲ။ ကိုယ်လုံးဝချစ်လို့မရတဲ့လူမျိုးကို မျက်စိစုံမှိတ်ချစ်ကြည့်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့အရာပါပဲ။ လူအတော်များများဟာ အချစ်ကြောင့် ပျော်ရွှင်ဖူးမယ်၊ အချစ်ကြောင့်ကြေကွဲဖူးမယ်၊ အချစ်ကြောင့် နာကျင်ဖူးကြမှာပါ။ အဲဒီ့ထဲမှာမှ အဆိုးဝါးဆိုးကတော့ ကိုယ့်ကိုလုံးဝပြန်မချစ်နိုင်တဲ့သူကိုမှ ချစ်မိနေခြင်းပါပဲ။ အဲဒီ့အချစ်ဟာ မျှော်လင့်ခြင်းတွေနဲ့ အသားကျပြီး ဘယ်တော့ရလာမယ်မှန်းမသိတဲ့အရာကို စောင့်မျှော်နေတာမို့ အချိန်ကုန်၊ လူစိတ်ပင်ပန်းရတာများပါတယ်။
အဲဒီ့အခါ ကိုယ့်ရဲ့ စားသောက်နေထိုင်၊ လှုပ်ရှားသွားလာမှု စိတ်အားလုံးဟာ အဲဒီ့လူအပေါ်မှာသာ မှီတွယ်နေပြီး ကိုယ့်စိတ်ဟာလေလွှင့်နေပါတော့တယ်။ အဲဒီစိတ်ကို မထိန်းချုပ်နိုင်ခဲ့ရင် အချိန်တွေကုန်မှန်းမသိကုန်ဆုံးပြီး လက်ရှိလုပ်သင့်လုပ်ထိုက်တာတွေအားလုံးကိုလုပ်ဖို့ မေ့လျော့နေတတ်ပါတယ်။
တခါတရံ ဘဝမှာ ချစ်ရဲဖို့လိုသလို၊ လွှတ်ချရဲဖို့လည်း လိုပါတယ်။ ချစ်တတ်ဖို့လိုသလို၊ နေတတ်ဖို့လည်းလိုပါတယ်။ အဲဒါမှသာ ဘဝခပ်တိုတိုမှာ ပျော်စရာအချိန်များမှာပေါ့။ မဟုတ်ရင်တော့ နာကျင်စရာတွေချည်းစိတ်ထဲခံစားရလွန်းလို့ ဘဝရဲ့နေ့ရက်တော်တော်များများဟာ ဝမ်းနည်းစရာချည်းဖြစ်နေပါလိမ့်မယ်။
ကိုယ်က ချစ်မိသွားတဲ့လူတစ်ယော်က ကိုယ့်ကိုမချစ်နိုင်ဘူးဆိုတာ သေချာပြီဆိုတဲ့နောက်တော့ ကိုယ့်အတွက်မဟုတ်လို့ပါပဲ။ အတင်းလုပ်ယူဖန်တီးခြင်းဟာ ပျက်စီးလွယ်စေပါတယ်။ ကိုယ့်ရဲ့ပညာ၊ ငွေ၊ ဂုဏ်ပုဒ်တွေကြောင့် ကိုယ့်ကိုပြန်ပြီးချစ်ခင်လာခြင်းဟာ အဲဒီ့အရာတွေတစ်ခုမှမရှိတော့တဲ့အချိ
Unlock to read this premium article with 10 points.