Author's Profile Photo

Reviews by Benevolent

18/09/2024

ဗင်းဆင့်ဗန်ဂိုးဘဝက ပေးတဲ့သင်ခန်းစာ

1 min read
Personal Development
General Knowledge
History
ဗင်းဆင့်ဗန်ဂိုးဘဝက ပေးတဲ့သင်ခန်းစာ's photo

လူဆိုတာဟာ ပေါင်းသင်းဆက်ဆံရေးသတ္တဝါ (Social Animal) တွေသာဖြစ်တယ်။ Social force လို့ခေါ်တဲ့ ကိုယ့်နဲ့သက်ဆိုင်တဲ့လူအုပ်နဲ့နေရင် စွမ်းအင် ရတယ်လို့ ခံစားမိလာတယ်၊ စိတ်သက်သာရရတယ် ပျော်တယ် ဆိုတဲ့သဘောရှိတယ်။ဗင်းဆင့်ဗန်ဂိုး ဟာ တရားဟောဆရာဘဝကနေ ညီဖြစ်သူ အကူအညီနဲ့ ပန်းချီပညာကိုလေ့လာဖြစ်တဲ့အချိန်။ဗင်းဆင့်ဗန်ဂိုးက သူ့အားကျရတဲ့ ပေါလ်ဂေါ်ဂင်၊ ဂျော့ဆူးရက်၊ တူလော့်ဆီ အတိုင်းလိုက်ဆွဲတယ်၊ သူ့ကိုယ်သူ များစွာတိုးတတ်လာနေပြီ ဟု ထင်ယောင်ထင်မှား ယူဆမိခဲ့တယ်။သူ့ရဲ့ပင်ကိုယ်စတိုင် ဆွဲနည်း၊ ဆွဲဟန်များ ပျောက်လာတယ်။

အတုယူမှု နဲ့ အတုခိုးမှုအကြောင်းကို ညီဖြစ်သူသီအိုဆုံးမတဲ့အခန်းလည်း မှတ်သားစရာလေးပြောပါစေ။



"သူတို့ကိုအတုခိုးဖို့ ကြိုးစားနေတာ ခင်ဗျားရဲ့မိုက်မဲမှုပဲ ၊ ခင်ဗျားဟာ အတော်ကြီးကို ဆုတ်ယုတ်နေတယ်၊ ကျဆင်းနေတယ်၊ဗင်းဆင့်ဗန်ဂိုး အနေနဲ့ ဆွဲထားတာ တစ်ကားမှ မရှိတော့ဘူး။" 



သီအိုပြောတဲ့စကားက အမှန်ပါပဲ၊ လူ့သဘာဝအရ တခါတစ်လေ ဖြစ်တတ်ကြပေမယ့် ကိုယ့်ရဲ့ အားထုတ်မှုတွေက ပျင်းရိလေးလံသွားတာကို ကျွန်တော်တို့ သတိထားရမယ်။ဉာဏ်စွမ်းတွေက သံချေးတတ်သွားမှာကို စိုးရိမ်ဖို့ လိုပါတယ်။လူတစ်ယောက်ဟာ လူအုပ်စုထဲ ၊အများကြားရောက်သွားရင် ပင်ကိုယ်စရိုက်ပျောက်ကွယ်သွားပြီး လူအုပ်ကြီးရဲ့ စရိုက်အတိုင်း လိုက်လုပ်မိတတ်ကြတယ်။ တခြားသူတွေ ပြောတာ လုပ်တာကို မသိစိတ် ထဲကနေ အတုခိုး စိတ်ထဲ စီးဝင်နေမိတတ်တယ်။ အခြားသူတွေလက်ခံ ယုံကြည်ထားတဲ့အတိုင်း လိုက်ယုံကြည်ပြီး သက်ဆိုင်ရာ လူအုပ်စုရဲ့ စိတ်ခံစားချက်တွေလည်း ကိုယ့်ဆီကူးစက်လာတော့တယ်။ကိုယ့်မြင်နေကြလူတွေက စီးပွားရေးအရမ်းဆန်တဲ့လူ‌တွေဆို ပိုက်ဆံကလွဲပြီး ကျန်တာ မမြင်တော့ဘူး။ ပျော်ပျော်နေတတ်တယ်၊ ဟာသတွေ လုပ်တယ်ဆို ကိုယ့်လည်း အဲ့အရသာကို ကြိုက်လာတယ်။မိုက်ရူးရဲဆန်ဆန် အရာရာကို လုပ်ချင်တာမျိုးဆို ကိုယ့်လည်း လိုက်လုပ်မိတတ်တယ်။ဒါကြောင့် ကိုယ့်ဝင်လိုက်တဲ့လူအုပ်ရဲ့ စရိုက်လက္ခဏာက ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်လက္ခဏာကို လွှမ်းမိုးနိုင်စွမ်းရှိတယ်။




နောက်သတိထားမိတဲ့ဗန်ဂိုးဘဝထဲက အချက်တစ်ချက်က ပြောပြပါရစေ။ဗင်းဆင့် ဗန်ဂိုးရဲ့ ပန်းချီဖန်တီးမှုကာလ ဆယ်နှစ်မျှအကြာ သူ့အသက် ၃၇ နှစ်အရွယ် ဇူလိုင်လ၊ ၁၈၉၀ သူ့ကိုယ်သူ သေနတ်ဖြင့် အဆုံးစီရင်သွားပါတယ်။သူ့ဘဝနောက်ဆုံးရက်သတ္တပတ်အနည်းငယ်အတွင် Wheatfield with Crows ဆိုတဲ့ ပန်းချီကားက သူနောက်ဆုံးဆွဲခဲ့တယ်။ဘာကြောင့် ကိုယ်ကို အဆုံးစီရင်သွားသလဲ၊ ဘာကြောင့် ရူးသွပ်ခြင်းခံသွားသလဲဆိုတာ စာဖတ်သူအနေနဲ့ သေချာ လေ့လာစေချင်ပါတယ်။အပေါ်ယံကြည့်ပြီး စိတ်ရောဂါခံစားနေရတဲ့ အရူးတစ်ယောက်၊ အနုပညာကပဲ သူကိုသတ်သွားတာ စသဖြင့် ဝေဖန်ရတာ လွယ်ပါတယ်။ 



တကယ်တော့ (impasto technique) ဆေးသားထူထူဆွဲရတဲ့ ပန်းချီနည်းစနစ် တစ်ခုကို ပန်းချီဆိုးဆေးထဲ ထည့်သုံးခဲ့တယ်။အဲ့အရာက သူကို (Anemia)ဖျော့တော့တော့မျက်နှာအသွင်အပြင် သွေးအားနည်းလာတယ် ၊ ဗိုက်နာတာတွေဖြစ်ကာ သူ့ဘဝတစ်လျှောက်လုံး စိတ်ရောဂါဝေဒနာခံစားလာရတယ်။လမ်း‌လျှောက်ရင် သံ ၊အဆူး စူးမိတာကို မဖယ်ရှားဘဲ ခရီးဆက်ခဲ့မိလို့ သံအဆိပ်တတ်သွားတာလို့ပဲ ကျွန်တော်မြင်ပါတယ်။ကိုယ့်ရူးသွပ်စွာလုပ်ခဲ့တဲ့အနုပညာကြောင့်ထမင်းငတ်ခံသူတွေ၊ နေစရာမရှိတဲ့သူတွေ ၊ လူ့လောကကိုစိတ်ကုန်သွားတဲ့အနုပညာရှင်တွေ ကမ္ဘာပေါ်မှာအများကြီးရှိပါတယ်။ဆိုလိုတာက သူ့တို့က self-care အားနည်းပေမယ့် passion အားကောင်းသူတွေပါ။ပန်းချီကားမျက်နှာပြင်ကြားတွင် တုန်လှုပ်ဖွယ်တင်းမာမှုကို ဖန်တီးပေးခဲ့သူတစ်‌ ယောက်။သူ့ဖန်တီးခဲ့တဲ့အရာပန်းချီကား‌ ပေါင်း ၂၀၀၀ကျော်က ယနေ့အထိ ကမ္ဘာပေါ်မှာ အကျိုးပြုရှင်သန်နေတုန်းပါပဲ။



Vincent Van Gogh is one of the most famous artists of all time.




Please YouTube ? 

https://youtube.com/@reviewsbybenevolent?si=-k5L_kb5C9VZLk21



Please Telegram ? 

https://t.me/reviewsbybenevolent




စာဖတ်ခြင်းက အတွေးကို ပြောင်းလဲစေတယ်။?




Benevolent Guy



Sep-24

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း