Author's Profile Photo

Shwe Yee Yee Htut

11/09/2024

ကံကော်နီ

1 min read
Book Review
18 Again

ကံ့ကော်ပင်ကြီးရယ် ရေတွင်းပျက်ကြီးရယ် ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ အချစ်ဇာတ်လမ်း တစ်ပုဒ်။

ရည်ရွယ်ထားတဲ့သူမဟုတ်ပဲ မတော်တဆ ချစ်သူတွေ ဖြစ်သွားရင်းကနေ တကယ်ချစ်တဲ့သူဖြစ်နေမှန်း ဝေးသွားမှ နားလည်ခဲ့တဲ့ စိုးချစ်။

ကိုယ်ချစ်တဲ့သူဆီက ရခဲ့တဲ့ ကံ့ကော်ဦး နဲ့ ရည်းစား စာကြောင့် ကံကောင်းဆုံး မိန်ကလေး အဖြစ်ကနေ လူမှားပြီး အချစ်ခံ ခဲ့ရမှန်း သိခဲ့လို့ အကုန်လုံးကို စိတ်နာပြီး အားလုံးနဲ့ဝေးရာမှာ နေခဲ့တဲ့ ခင်မေတင့်။

လှလှပပ ကျော့ကျော့ရှင်းရှင်းနေတတ်ပြီး ချစ်သူရည်းစားထားရတာကို မကြိုက်သော်လည်း စိုးချစ်အပါအဝင် ယောက်ျားလေးတိုင်းရဲ့ ကြိုက်နှစ်သက်မှု ကိုခံရပြီး မိမိကြောင့် ဖြစ်ခဲ့ရတဲ့ စိုးချစ်နဲ့ ခင်မေတင့်တို့ရဲ့ ဇာတ်လမ်းကို မသိခဲ့ရတဲ့ မေရီအောင်

သူတို့ ၃ ယောက်နှင့်အတူ ကျော်ဇင်ဦး မင်းသီဟ နန်းမွှေး ဝိုင်းဝိုင်း တို့ စတဲ့ သူငယ်ချင်းတွေ ရဲ့ ငယ်ဘဝကနေ အသက်ကြီးလာတဲ့အထိ ခင်မင်မှု ဇာတ်လမ်းတို့ကို ဆရာ မင်းလူရဲ့ အရေးအသားကြောင့် ကံ့ကော်နီရဲ့ စာအုပ်က ငယ်ဘဝကိုပေါ့ပေါ့ပါးပါးနဲ့အမှတ်ရသွားစေနိုင်တဲ့ စာအုပ်တစ်အုပ််ဖြစ်ပြီးကံ့ကော်နီ စာအုပ်ထဲမှ ဆရာမင်းလူရဲ့ အကြိုက်ဆုံး အရေးအသား တစ်ခု ” သူ အရက်သောက်ရတာ ခင်မေတင့်ကို မေ့သွားအောင်လို့လည်း မဟုတ်၊ အရက်သောက်ပြီးလျှင် ခင်မေတင့်ကို လွမ်းလို့ ပိုကောင်းသောကြောင့်သာ ဖြစ်၏။ အသည်းကို ကဗျာထဲမှာပဲ စိမ်ထားပြီး၊ အလွမ်းကို အရက်ထဲမှာ စိမ်ထားခြင်းဖြစ်သည်ဟု ဆိုလျှင် ပိုမှန်လိမ်မည်ဟုထင်သည်။” ဆိုတာပဲ။

ဆရာမင်းလူရဲ့ ကံ့ကော်နီ က ဖတ်လို့ကောင်းပါတယ်။ဒါပေမယ့် စာအုပ်က အရမ်းရိုးရှင်းတယ်။သိပ်ပြီးဆွဲဆောင်မူတွေမပါပဲ အရမ်းစိတ်တွေအီနေလို့ စာပြန်ဖတ်ဖိူ့ အားယူနေတယ်ဆိုရင်တော့ ဒီစာအုပ်လေးဖတ်ဖို့အကြံပေးပါရစေ....
#Bookreview

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ