Author's Profile Photo

ပြာလဲ့ရီဝေ

11/09/2024

လွမ်းပါတယ်

1 min read
Personal Development
Health
Poetry
လွမ်းပါတယ်'s photo

မိုးရွာမယ်ပြင်လာတဲ့အခါ ကောင်းကင်ပြင်နဲ့ လေထုကြီး ‌မှိုင်းအုံ့လာတယ်။ အေးစိမ့်လာတယ်။ ချမ်းတုန်စေခြင်း မဟုတ်တဲ့ ချမ်းစိမ့်စိမ့်အအေး။ လတ်လတ်ဆတ်ဆတ်လေး။ ရင်ထဲအေးပြီး လူလည်း လန်းသွားသလိုပဲ။ တချို့က မိုးတွေမှိုင်းရင် လွမ်းစိတ်ပေါ်တယ်တဲ့။ လွမ်းစိတ်။ ဒီအတွေး‌ဝင်လိုက်မှ သူ့မျက်နှာ ဖျက်ခနဲ မြင်ယောင်မိလိုက်တယ်။ ဪ... သူ့ကို လွမ်းတာလား။ လွမ်းတယ်လို့ ပြောရတဲ့ အဆင့်မှ မဟုတ်တာ။ လွမ်းတယ်ဆိုတာ သတိရခြင်းတစ်မျိုးပဲလေ။ ဘယ်ကန့်သတ်ချက်မှ မရှိ‌လောက်ပါဘူး။ သတိရရင် လွမ်းတာပါလေ။ အင်း... ဒါဆို သူ့ကို လွမ်းပါတယ်။ သူ့ကို သတိရပါတယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)Personal Finance Levelsငွေကြပ်တည်းမှုစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဖြစ်နိုင်ပါ့မလား?စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်သင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား-အပိုင်း(၂)အခြေအနေအရ ဖြစ်တည်မှု