Author's Profile Photo

Swe Zin

10/09/2024

ပင်လယ်ပြင် မရှိဘူး
တောင်တန်းတွေ မရှိဘူး
အေးချမ်းတဲ့ ထန်းတောတွေပေါတဲ့ အညာ။
မြစ်ကမ်းခြေ မရှိဘူး
ထင်းရူးတောမရှိဘူး
ထနောင်းရိပ်နဲ့ အေးမြတဲ့ အညာ။
သဇင် တွေ မပေါဘူး
ချယ်ရီတွေ မပေါဘူး
တမာရနံ့ သင်းသင်းနဲ့ နွေပူပူ အံတုတဲ့ အညာ ။

Keep Reading