Luminous Pai
ဒီ skills တွေနဲ့ ? ငွေရှာနိုင်မယ်ဆို ဘယ်လိုလဲ ?
Freelance လုပ်ပြီး ပိုက်ဆံ ? ရှာနိုင်မယ်ဆိုရင်ရော ?
Digital ခေတ်ရောက်လာတာနဲ့အမျှ Work From Home နဲ့ Freelance Job Opportunityတွေ နယ်ပယ်အသီးသီးမှာ ပေါများလာတာ အားလုံးပဲသိပြီးဖြစ်မှာပါ။
လူငယ်တချို့ Onlineက သင်တန်းတွေတက်၊အလုပ်တွေလုပ်၊ skillsတွေ ဖြည့်နေတဲ့အချိန် သင်ရော ဘာတွေလုပ်နေလဲ ?
Digital ခေတ်ကြီးမှာ Online ကနေ ငွေရှာဖို့ဆိုတာ ထင်သလောက်မခက်သလို အရမ်းလဲ လွယ်ကူမနေပါဘူး။
လူငယ်တယောက်အနေနဲ့ အသက် ၁၈ -၂၅ ဝန်းကျင်မှာ ဘာskillsတွေ ရှိဖို့ လိုအပ်လဲ?
ဘာskillsတွေ ဖြည့်ထားရမလဲ ?
ပြောရရင် ဖြည့်ရမယ့် Skills တွေက သိပ်များတယ်။
ကျနော်ကိုယ်တိုင်လဲ ဘာskills ဖြည့်ရမှန်းမသိဘဲ ယောင်ဝါးဝါးနဲ့ ဖြုန်းခဲ့တဲ့ အချိန်တွေမှ အများကြီး။
မေးခွန်းပေါင်းများစွာနဲ့ အကြပ်ရိုက်ပြီး တခါတလေ လမ်းပျောက်နေတတ်သေးတယ်။
ကျနော့်ကိုယ် ကျနော် ပြန်ရှာဖွေခဲ့တယ်။
အချိန်ယူရတယ်။ အတွေ့အကြုံတွေယူရတယ်။ စိတ်ရှည်ရတယ်။ အလုပ်ကြိုးစားရတယ်။ အမြဲလေ့လာနေရတယ်။
သင်က အနာဂတ်မှာ ငွေဝင်ကြမ်းချင်တဲ့ လူငယ်တယောက်ဆိုရင် အခုပြောပြမယ့် Digital Skill တွေထဲက တခုမဟုတ်တခုကို အခုကတည်းက စနစ်တကျ လေ့လာသင့်ပါတယ်။
1. Web Development
Laptopတစ်လုံးရှိပြီး Website တည်ဆောက်ခြင်းနဲ့ ထိန်းသိမ်းခြင်းကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ လေ့လာသင့်တဲ့ လစာကောင်းတဲ့ အလုပ်တခုဖြစ်ပါတယ်။
?Full-time or Part-time jobs နှစ်မျိုးလုံး လုပ်နိုင်ပါတယ်။
?HTML, CSS, JavaScript စသဖြင့် လေ့လာပါ။
(Free course များစွာရှိတာမို့ အခမဲ့ လေ့လာနိုင်ပါတယ်။)
2. Graphic Design
Adobe Photoshop, Illustrator စသဖြင့် Professional tools တွေ သုံးနိုင်တဲ့အထိ လေ့လာပါ။
အခုမှ စလေ့လာတဲ့ သူတယောက်ဆိုရင်တော့ Canva ကို ကျွမ်းကျင်အောင် လေ့လာပါ။ အသုံးပြုပါ။
? Social Media graphis နဲ့ Logo designတွေ ဆွဲနိုင်တာမို့ Beginnerတွေ သုံးကိုသုံးသင့်တဲ့ Graphic Design toolတခုဖြစ်ပါတယ်။
? Figma, VistaCreat တို့ကိုလဲ Canva လိုပဲ Free အသုံးပြုနိုင်ပါသေးတယ်။
3. Content Writing
သင်က စာရေးရတာ ဝါသနာပါတယ်ဆိုရင် ဒီskill ကို အခုပဲလေ့လာသင့်ပါတယ်။
? Writing skill တိုးတက်အော
Unlock to read this premium article with 10 points.